Spots news

ယူနိုက်တက်ဂန္ဓဝင်တိုက်စစ်မှူးရဲ့ စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့တဲ့ ဂရင်းဝုဒ်

Unicode Version

မန်ချက်စတာ ယူနိုက်တက် အသင်းနည်းပြဆိုးလ်ရှားဟာ လိဒ်စ်အသင်းကို ၅-၁ ဂိုးနဲ့အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲမှာ ဒုတိယ ဂိုးသွင်းယူခဲ့တဲ့ လူငယ်တိုက်စစ်မှူး ဂရင်းဝုဒ်ရဲ့ခြေစွမ်းတိုးတက်လာမှု အပေါ် ချီးကျူးစကား ဆိုခဲ့ပါတယ်။

အသက် ၁၉ နှစ်သာ ရှိသေးတဲ့ ဂရင်းဝုဒ်ဟာ ပြီးခဲ့တဲ့ရာသီ အစပိုင်းက ပုံမှန်ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ ရပေမယ့် ရာသီဝက် နောက်ပိုင်းမှာတော့အကောင်းဆုံး ကစားနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်သွင်းဂိုး ၇ ဂိုးအပါအဝင် ပြိုင်ပွဲစုံမှာ ၁၂ ဂိုးသွင်းယူခဲ့ပါတယ်။

ဒါ့အပြင် ယူနိုက်တက် ဂန္ထဝင်တိုက်စစ်မှူး ရွန်နီရဲ့ အသင်းရဲ့ဆယ်ကျော်သက် ကစားသမားတွေထဲမှာ ပရီးမီးယားလိဂ် သွင်းဂိုး အများဆုံးစံချိန်ကို ကျော်ဖြတ် နိုင်ခဲ့ပြီး အခုဆိုရင် ဂရင်းဝုဒ်ရဲ့ပရီးမီးယားလိဂ် သွင်းဂိုးအရေအတွက်က ၁၈ ဂိုးအထိ ရှိလာပါပြီ။

ဆိုးလ်ရှားက “လိဒ်စ်နဲ့ပွဲမှာ ဘရူနိုက ဟက်ထရစ်သွင်း၊ ပေ့ါဘာကဂိုးဖန်တီးမှု ၄ ကြိမ်ပြုလုပ်ခဲ့လို့ မီဒီယာ စာမျက်နှာတွေပေါ်မှာ သူတို့နှစ်ယောက်အကြောင်းကို အဓိကဖော်ပြမှာ ဖြစ်ပေမယ့် ကျွန်တော့်အတွက်တော့ တစ်သင်းလုံးကြိုးစားအားထုတ်မှု ကောင်းခဲ့ပါတယ်။

ဂရင်းဝုဒ်ရဲ့ တိုးတက်လာမှုက အားရကျေနပ်စရာဖြစ်ပြီး လွန်ခဲ့တဲ့ ၂ နှစ်လောက်က ပုံစံနဲ့နှိုင်းယှဉ်ကြည့်ရင် သူဟာ ချာတိတ်လေး မဟုတ်တော့ဘဲ လူကြီး တစ်ယောက်လို တည်ငြိမ်မှု အပြည့်နဲ့ကစားနိုင် နေပြီ ဖြစ်ပါတယ်”လို့ ချီးကျူး ခဲ့ပါတယ်။

Zawgyi Version

မန္ခ်က္စတာ ယူနိုက္တက္ အသင္းနည္းျပဆိုးလ္ရွားဟာ လိဒ္စ္အသင္းကို ၅-၁ ဂိုးနဲ႕အနိုင္ရခဲ့တဲ့ ပရီးမီးယားလိဂ္ အဖြင့္ပြဲမွာ ဒုတိယ ဂိုးသြင္းယူခဲ့တဲ့ လူငယ္တိုက္စစ္မႉး ဂရင္းဝုဒ္ရဲ႕ေျခစြမ္းတိုးတက္လာမႈ အေပၚ ခ်ီးက်ဴးစကား ဆိုခဲ့ပါတယ္။

အသက္ ၁၉ ႏွစ္သာ ရွိေသးတဲ့ ဂရင္းဝုဒ္ဟာ ၿပီးခဲ့တဲ့ရာသီ အစပိုင္းက ပုံမွန္ေျခစြမ္းျပဖို႔ ႐ုန္းကန္ခဲ့ ရေပမယ့္ ရာသီဝက္ ေနာက္ပိုင္းမွာေတာ့အေကာင္းဆုံး ကစားနိုင္ခဲ့ၿပီး ပရီးမီးယားလိဂ္သြင္းဂိုး ၇ ဂိုးအပါအဝင္ ၿပိဳင္ပြဲစုံမွာ ၁၂ ဂိုးသြင္းယူခဲ့ပါတယ္။

ဒါ့အျပင္ ယူနိုက္တက္ ဂႏၳဝင္တိုက္စစ္မႉး ႐ြန္နီရဲ႕ အသင္းရဲ႕ဆယ္ေက်ာ္သက္ ကစားသမားေတြထဲမွာ ပရီးမီးယားလိဂ္ သြင္းဂိုး အမ်ားဆုံးစံခ်ိန္ကို ေက်ာ္ျဖတ္ နိုင္ခဲ့ၿပီး အခုဆိုရင္ ဂရင္းဝုဒ္ရဲ႕ပရီးမီးယားလိဂ္ သြင္းဂိုးအေရအတြက္က ၁၈ ဂိုးအထိ ရွိလာပါၿပီ။

ဆိုးလ္ရွားက “လိဒ္စ္နဲ႕ပြဲမွာ ဘ႐ူနိုက ဟက္ထရစ္သြင္း၊ ေပ့ါဘာကဂိုးဖန္တီးမႈ ၄ ႀကိမ္ျပဳလုပ္ခဲ့လို႔ မီဒီယာ စာမ်က္ႏွာေတြေပၚမွာ သူတို႔ႏွစ္ေယာက္အေၾကာင္းကို အဓိကေဖာ္ျပမွာ ျဖစ္ေပမယ့္ ကြၽန္ေတာ့္အတြက္ေတာ့ တစ္သင္းလုံးႀကိဳးစားအားထုတ္မႈ ေကာင္းခဲ့ပါတယ္။

ဂရင္းဝုဒ္ရဲ႕ တိုးတက္လာမႈက အားရေက်နပ္စရာျဖစ္ၿပီး လြန္ခဲ့တဲ့ ၂ ႏွစ္ေလာက္က ပုံစံနဲ႕ႏွိုင္းယွဥ္ၾကည့္ရင္ သူဟာ ခ်ာတိတ္ေလး မဟုတ္ေတာ့ဘဲ လူႀကီး တစ္ေယာက္လို တည္ၿငိမ္မႈ အျပည့္နဲ႕ကစားနိုင္ ေနၿပီ ျဖစ္ပါတယ္”လို႔ ခ်ီးက်ဴး ခဲ့ပါတယ္။