Spots news

တက်လမ်းတွေ ရှိပေမယ့် ဟယ်ရီကိန်းထက် အသင်းကို ပိုချစ်ပြခဲ့တဲ့ ဆွန်ဟောင်မင်

Unicode Version

စပါးအသင်းမှာပဲ ကစားသမားဘဝမှ အနားယူသည့်အချိန်အထိ ကစားသွားချင်ပါတယ်ဟု မန်စီးတီးအသင်းနှင့်ပွဲမှာ အနိုင်ဂိုးသွင်းပေးခဲ့တဲ့ စပါးတိုက်စစ်မှူး ဆွန်ဟောင်မင်က ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်

Sky Sports ရုပ်သံက ပွဲအပြီးမှာ စပါးအသင်းမှာ ဆယ်စုနှစ်တစ်ခုကြာ ကစားသွားရန်ရှိသလားဟု မေးမြန်းရာမှာ ဆွန်ဟောင်မင်က ”ဟုတ်ပါတယ်။ နောက်ထပ်(၄)နှစ် နေနိုင်ပါတယ်။ ဒါပေမဲ့ ဘောလုံးမှာ ဘာကတိမှ ပေးလို့မရပါဘူး။ စောင့်ကြည့်ကြပါ။

ဘာကြောင့် ကျွန်တော် စာချုပ်သစ် ရေးထိုးထားသလဲဆိုတော့ ဒီအသင်းကနေ အခြားတစ်နေရာဆီ မပြောင်းရွှေ့ချင်တော့ပါဘူး။ ဒီအသင်းမှာ ကျွန်တော် ၁၀ နှစ် သို့မဟုတ် ၁၀ နှစ်ထက်လည်း ပိုကြာနိုင်ပါတယ်။ အနာဂတ်မှာ ဘာတွေဖြစ်လာမလဲဆိုတာ ဘယ်သူမှမသိပါဘူး”ဟု ပြောကြားခဲ့ပါတယ်။

အသက်၂၉ နှစ် အရွယ်ရှိပြီဖြစ်တဲ့ တောင်ကိုရီးယား ကစားသမား ဆွန်ဟောင်မင်ဟာ မကြာသေးမီကမှ စပါးအသင်းနှင့် ၂၀၂၅ ခုနှစ်အထိ သက်တမ်တိုး စာချုပ် ချုပ်ဆို ထားခဲ့သူဖြစ်ပါတယ်။

ဆွန်ဟောင်မင်ဟာ မန်ချက်စတာ စီးတီးအသင်းနှင့်တွေ့ဆုံမှုများမှာ ပြိုင်ပွဲစုံ ၇ ဂိုးအထိ သွင်းယူထားနိုင်ပြီး မန်စီးတီးထက် ၎င်းဂိုးပိုသွင်းနိုင်သည့်အသင်းမှာ ဆောက်သမ်တန်(၁၁ ဂိုး)အသင်း ဖြစ်ပါတယ်။

နည်းပြ ဂွါဒီယိုလာရဲ့ မန်စီးတီး အသင်းဘက်သို့ ဆွန်ဟောင်မင်ထက် ပြိုင်ပွဲစုံ ဂိုးပိုသွင်းနိုင်သူမှာ လက်စတာတိုက်စစ်မှူး ဗာဒီ တစ်ဦးတည်းသာရှိပြီး ၉ ဂိုးအထိ သွင်းယူထားနိုင်ပါတယ်။

Zawgyi Version

စပါးအသင္းမွာပဲ ကစားသမားဘဝမွ အနားယူသည့္အခ်ိန္အထိ ကစားသြားခ်င္ပါတယ္ဟု မန္စီးတီးအသင္းႏွင့္ပြဲမွာ အနိုင္ဂိုးသြင္းေပးခဲ့တဲ့ စပါးတိုက္စစ္မႉး ဆြန္ေဟာင္မင္က ပြဲအၿပီးမွာ ေျပာၾကားခဲ့ပါတယ္

Sky Sports ႐ုပ္သံက ပြဲအၿပီးမွာ စပါးအသင္းမွာ ဆယ္စုႏွစ္တစ္ခုၾကာ ကစားသြားရန္ရွိသလားဟု ေမးျမန္းရာမွာ ဆြန္ေဟာင္မင္က ”ဟုတ္ပါတယ္။ ေနာက္ထပ္(၄)ႏွစ္ ေနနိုင္ပါတယ္။ ဒါေပမဲ့ ေဘာလုံးမွာ ဘာကတိမွ ေပးလို႔မရပါဘူး။ ေစာင့္ၾကည့္ၾကပါ။

ဘာေၾကာင့္ ကြၽန္ေတာ္ စာခ်ဳပ္သစ္ ေရးထိုးထားသလဲဆိုေတာ့ ဒီအသင္းကေန အျခားတစ္ေနရာဆီ မေျပာင္းေ႐ႊ႕ခ်င္ေတာ့ပါဘူး။ ဒီအသင္းမွာ ကြၽန္ေတာ္ ၁၀ ႏွစ္ သို႔မဟုတ္ ၁၀ ႏွစ္ထက္လည္း ပိုၾကာနိုင္ပါတယ္။ အနာဂတ္မွာ ဘာေတြျဖစ္လာမလဲဆိုတာ ဘယ္သူမွမသိပါဘူး”ဟု ေျပာၾကားခဲ့ပါတယ္။

အသက္၂၉ ႏွစ္ အ႐ြယ္ရွိၿပီျဖစ္တဲ့ ေတာင္ကိုရီးယား ကစားသမား ဆြန္ေဟာင္မင္ဟာ မၾကာေသးမီကမွ စပါးအသင္းႏွင့္ ၂၀၂၅ ခုႏွစ္အထိ သက္တမ္တိုး စာခ်ဳပ္ ခ်ဳပ္ဆို ထားခဲ့သူျဖစ္ပါတယ္။

ဆြန္ေဟာင္မင္ဟာ မန္ခ်က္စတာ စီးတီးအသင္းႏွင့္ေတြ႕ဆုံမႈမ်ားမွာ ၿပိဳင္ပြဲစုံ ၇ ဂိုးအထိ သြင္းယူထားနိုင္ၿပီး မန္စီးတီးထက္ ၎ဂိုးပိုသြင္းနိုင္သည့္အသင္းမွာ ေဆာက္သမ္တန္(၁၁ ဂိုး)အသင္း ျဖစ္ပါတယ္။

နည္းျပ ဂြါဒီယိုလာရဲ႕ မန္စီးတီး အသင္းဘက္သို႔ ဆြန္ေဟာင္မင္ထက္ ၿပိဳင္ပြဲစုံ ဂိုးပိုသြင္းနိုင္သူမွာ လက္စတာတိုက္စစ္မႉး ဗာဒီ တစ္ဦးတည္းသာရွိၿပီး ၉ ဂိုးအထိ သြင္းယူထားနိုင္ပါတယ္။