Spots news

ကစားသမား အလဲအထပ်လုပ်ဖို့ ပြင်ဆင်နေပြီဖြစ်တဲ့ ဘာစီလိုနာနဲ့ အာဆင်နယ်

Unicode Version

ဘာစီလိုနာအသင်းဟာ အသင်းရဲ့ ကွင်းလယ်တိုက်စစ် ကစားသမား ကော်တင်ဟိုကို ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်အသင်းရဲ့ တိုက်စစ်မှူးတွေ ဖြစ်တဲ့ အူဘာမီယန်း ၊ လာကာဇက် တို့နဲ့ အလဲအထပ် လုပ်ချင်နေကြောင်း နာမည်ကြီး စပိန်အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

ဘာစီလိုနာအသင်းဟာ အသင်းခေါင်းဆောင် မက်ဆီကို ဆုံးရှုံးပြီးနောက် အသင်းရဲ့ တိုက်စစ်ပိုင်းမှာ နံပါတ်၉နေရာမှာ ကစားနိုင်တဲ့ တိုက်စစ်မှူး တဦးကို ခေါ်ယူဖို့ စီစဉ်နေပြီး လတ်တလောမှာ ငွေကြေး သုံးစွဲနိုင်တဲ့ အခြေအနေမှာ မရှိတာကြောင့် ကစားသမား အလဲအထပ်နဲ့သာ ကမ်းလှမ်းဖို့ စီစဉ်နေတာပါ

ဒါ့အပြင် အာဆင်နယ်အသင်းဟာလဲ အသင်းရဲ့ ကွင်းလယ်တိုက်စစ် နေရာ အတွက် ကွင်းလယ်လူ တဦးကို ရှာဖွေနေပြီး ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ အိုဒီဂတ် ၊ လက်စတာ ကွင်းလယ်လူ မက်ဒီဆင်တို့ကို ခေါ်ယူဖို့ ကြိုးပမ်းနေပေမယ့် သဘောတူညီမှု မရရှိသေးပါဘူး။

ဒါကြောင့်ပဲ ဘာစီလိုနာအသင်းဟာ အာဆင်နယ်အသင်းက ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ဖူးတဲ့ အသင်းရဲ့ ဘရာဇီးလ် ကွင်းလယ်တိုက်စစ် ကစားသမား ကော်တင်ဟိုနဲ့ အာဆင်နယ်အသင်းရဲ့ ဝါရင့် တိုက်စစ်မှူး နှစ်ဦး ဖြစ်တဲ့ အူဘာမီယန်းနဲ့ လာကာဇက်တို့ နှစ်ဦးထဲက တဦးနဲ့ အလဲအထပ် ပြုလုပ်ဖို့ ကမ်းလှမ်းထားတာပဲ ဖြစ်ပါတယ်။

ဘာစီလိုနာနဲ့ အာဆင်နယ်တို့ဟာ ကစားသမား အလဲအထပ် အတွက် ဆွေးနွေးမှုတွေ စတင်နေပြီး အာဆင်နယ်အသင်းရဲ့ အားကစား ဒါရိုက်တာ အီဒူးနဲ့ အာတီတာတို့ဟာ ကော်တင်ဟိုကို လာကာဇက်နဲ့ အလဲအထပ် လုပ်ချင်နေပေမယ့် ဘာစီလိုနာအသင်း ကတော့ အူဘာမီယန်းကို အလိုရှိနေကြောင်း သိရပါတယ်။

အာဆင်နယ်အသင်းဟာ ထိပ်တန်း ကွင်းလယ်တိုက်စစ် ကစားသမား တဦးကို ခေါ်ယူဖို့ အသည်းအသန် ကြိုးစားနေသလို ဘာစီလိုနာအသင်းကလည်း တိုက်စစ်မှူး တဦးကို မဖြစ်မနေ ခေါ်ယူဖို့ စီစဉ်ထားတာကြောင့် ကော်တင်ဟိုနဲ့ အူဘာမီယန်းတို့ရဲ့ အလဲအထပ်ကို မြင်ရဖို့ ပိုမို အခွင့်အလမ်း များနေပါတယ်။

Zawgyi Version

ဘာစီလိုနာအသင္းဟာ အသင္းရဲ႕ ကြင္းလယ္တိုက္စစ္ ကစားသမား ေကာ္တင္ဟိုကို ပရီးမီးယားလိဂ္ကလပ္ အာဆင္နယ္အသင္းရဲ႕ တိုက္စစ္မႉးေတြ ျဖစ္တဲ့ အူဘာမီယန္း ၊ လာကာဇက္ တို႔နဲ႕ အလဲအထပ္ လုပ္ခ်င္ေနေၾကာင္း နာမည္ႀကီး စပိန္အေျခစိုက္ သတင္းဌာနေတြက ေဖာ္ျပသြားၾကပါတယ္။

ဘာစီလိုနာအသင္းဟာ အသင္းေခါင္းေဆာင္ မက္ဆီကို ဆုံးရႈံးၿပီးေနာက္ အသင္းရဲ႕ တိုက္စစ္ပိုင္းမွာ နံပါတ္၉ေနရာမွာ ကစားနိုင္တဲ့ တိုက္စစ္မႉး တဦးကို ေခၚယူဖို႔ စီစဥ္ေနၿပီး လတ္တေလာမွာ ေငြေၾကး သုံးစြဲနိုင္တဲ့ အေျခအေနမွာ မရွိတာေၾကာင့္ ကစားသမား အလဲအထပ္နဲ႕သာ ကမ္းလွမ္းဖို႔ စီစဥ္ေနတာပါ

ဒါ့အျပင္ အာဆင္နယ္အသင္းဟာလဲ အသင္းရဲ႕ ကြင္းလယ္တိုက္စစ္ ေနရာ အတြက္ ကြင္းလယ္လူ တဦးကို ရွာေဖြေနၿပီး ရီးရဲလ္မက္ဒရစ္ ကြင္းလယ္လူ အိုဒီဂတ္ ၊ လက္စတာ ကြင္းလယ္လူ မက္ဒီဆင္တို႔ကို ေခၚယူဖို႔ ႀကိဳးပမ္းေနေပမယ့္ သေဘာတူညီမႈ မရရွိေသးပါဘူး။

ဒါေၾကာင့္ပဲ ဘာစီလိုနာအသင္းဟာ အာဆင္နယ္အသင္းက ေခၚယူဖို႔ စိတ္ဝင္စားခဲ့ဖူးတဲ့ အသင္းရဲ႕ ဘရာဇီးလ္ ကြင္းလယ္တိုက္စစ္ ကစားသမား ေကာ္တင္ဟိုနဲ႕ အာဆင္နယ္အသင္းရဲ႕ ဝါရင့္ တိုက္စစ္မႉး ႏွစ္ဦး ျဖစ္တဲ့ အူဘာမီယန္းနဲ႕ လာကာဇက္တို႔ ႏွစ္ဦးထဲက တဦးနဲ႕ အလဲအထပ္ ျပဳလုပ္ဖို႔ ကမ္းလွမ္းထားတာပဲ ျဖစ္ပါတယ္။

ဘာစီလိုနာနဲ႕ အာဆင္နယ္တို႔ဟာ ကစားသမား အလဲအထပ္ အတြက္ ေဆြးေႏြးမႈေတြ စတင္ေနၿပီး အာဆင္နယ္အသင္းရဲ႕ အားကစား ဒါရိုက္တာ အီဒူးနဲ႕ အာတီတာတို႔ဟာ ေကာ္တင္ဟိုကို လာကာဇက္နဲ႕ အလဲအထပ္ လုပ္ခ်င္ေနေပမယ့္ ဘာစီလိုနာအသင္း ကေတာ့ အူဘာမီယန္းကို အလိုရွိေနေၾကာင္း သိရပါတယ္။

အာဆင္နယ္အသင္းဟာ ထိပ္တန္း ကြင္းလယ္တိုက္စစ္ ကစားသမား တဦးကို ေခၚယူဖို႔ အသည္းအသန္ ႀကိဳးစားေနသလို ဘာစီလိုနာအသင္းကလည္း တိုက္စစ္မႉး တဦးကို မျဖစ္မေန ေခၚယူဖို႔ စီစဥ္ထားတာေၾကာင့္ ေကာ္တင္ဟိုနဲ႕ အူဘာမီယန္းတို႔ရဲ႕ အလဲအထပ္ကို ျမင္ရဖို႔ ပိုမို အခြင့္အလမ္း မ်ားေနပါတယ္။