Spots news

ယူနိုက်တက်နဲ့ စာချုပ်သစ်ချုပ်ဖို့ ပေါ့ဘာကို တိုက်တွန်းလိုက်တဲ့ ဗာရန်း

Unicode Version

ယူနိုက်တက်အသင်းရဲ့ နောက်ခံလူသစ် ရာဖေးလ်ဗာရန်းက ပြင်သစ်လက်‌ရွေးစင် အသင်းဖော်ပေါ့ဘာနဲ့ ယူနိုတက်မှာ အတူကစားရမည့်အပေါ် ပျော်ရွှင်မိတယ်လို့ ပြောဆိုလိုက်ပါတယ်။

ယူနိုက်တက်ဟာ ဗာရန်းကို လိဒ်နဲ့ပွဲမှာ စတင်မိတ်ဆက်ခဲ့သလို မနေ့ကပဲ တရားဝင် ကြေညာပြီး ဗာရန်းဟာ အသင်းသစ်နဲ့အတူ တွဲဖက်လေ့ကျင့်မှုတွေကို ပြုလုပ်နေပါပြီ

ယူနိုက်တက် ကစားသမားဘဝ ပထမဆုံးအင်တာဗျူးမှာ ဗာရန်းက ပြင်သစ်လက်ရွေးစင်အသင်းမှာ ကွင်းလယ်လူ ပေါ့ဘာနဲ့ တွဲဖက်ကစားပြီး အောင်မြင်မှုတွေ

ရယူနိုင်ခဲ့သလို ပထမဆုံးအကြိမ် အဖြစ် ကလပ်အသင်း ယူနိုက်တက်မှာ လက်တွဲပြီး ချန်ပီယံ ဆုဖလားတွေ ရယူနိုင်မယ့် ယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။

“အရမ်းပျော်ရွှင်ရပါတယ်၊ ပေါ့ဘာနဲ့ ကျွန်တော်ဟာ ရင်းနှီးတဲ့ မိတ်ဆွေတွေဖြစ်ပြီး ပြင်သစ်လက်ရွေးစင်အသင်းမှာ နှစ်ပေါင်းများစွာ အတူတူ အောင်မြင်မှုတွေ ရယူနိုင်ခဲ့ပါတယ်။

သူက ကစားသမားကောင်းပါ။ သူလဲ ကျွန်တော်နဲ့အတူ ယူနိုက်တက်မှာ ဆုဖလားတွေ ရယူဖို့ အလိုရှိမယ် ထင်ပါတယ်။ ကျွန်တော်တို့ အစွမ်းကုန် ပြင်းပြင်းထန်ထန် အားထုတ်သွားဖို့ အသင့် ဖြစ်နေပါပြီ”

“ပေါ့ဘာက အခြေအနေတွေကို အကောင်းမြင်တတ် သူဖြစ်ပြီး အဝတ်လဲခန်းထဲမှာ၊ ကွင်းထဲမှာ အသင်းဖော်တွေ တက်ကြွအောင်လှုံ့ဆော်ပေးနိုင်သူပါ၊ ကျွန်တော်တို့က ကစားတဲ့ နေရာမတူပေမယ့် အနိုင်ရဖို့အတွက်ပဲ အာရုံစိုက်ကြပါတယ်။

မတူညီတဲ့ ခေါင်းဆောင်မှု တွေ၊ အောင်မြင်မှု ဆာလောင်တဲ့ လက္ခဏာတွေရှိနေတာက အသင်းအတွက် အရမ်းအရေးကြီးပါတယ်” လို့ အင်တာဗျူးမှာ ဗာရန်းက ပြောကြားခဲ့ပါတယ်။

အသက် ၂၈နှစ် အရွယ် ပြင်သစ် လက်ရွေးစင် နောက်ခံလူ ဗာရန်းဟာ ရီးရဲလ်မက်ဒရစ်အသင်း ကနေ မန်ချက်စတာ ယူနိုက်တက်အသင်းထံ ပြောင်းရွှေ့လာသူ ဖြစ်ပြီး အသင်းနဲ့ ၂၀၂၅ခုနှစ် + နောက်ထပ် ၁နှစ် ဆိုတဲ့ စာချုပ်တရပ် ချုပ်ဆိုခဲ့သူပါ။

Zawgyi Version

ယူနိုက္တက္အသင္းရဲ႕ ေနာက္ခံလူသစ္ ရာေဖးလ္ဗာရန္းက ျပင္သစ္လက္‌ေ႐ြးစင္ အသင္းေဖာ္ေပါ့ဘာနဲ႕ ယူနိုတက္မွာ အတူကစားရမည့္အေပၚ ေပ်ာ္႐ႊင္မိတယ္လို႔ ေျပာဆိုလိုက္ပါတယ္။

ယူနိုက္တက္ဟာ ဗာရန္းကို လိဒ္နဲ႕ပြဲမွာ စတင္မိတ္ဆက္ခဲ့သလို မေန႕ကပဲ တရားဝင္ ေၾကညာၿပီး ဗာရန္းဟာ အသင္းသစ္နဲ႕အတူ တြဲဖက္ေလ့က်င့္မႈေတြကို ျပဳလုပ္ေနပါၿပီ

ယူနိုက္တက္ ကစားသမားဘဝ ပထမဆုံးအင္တာဗ်ဴးမွာ ဗာရန္းက ျပင္သစ္လက္ေ႐ြးစင္အသင္းမွာ ကြင္းလယ္လူ ေပါ့ဘာနဲ႕ တြဲဖက္ကစားၿပီး ေအာင္ျမင္မႈေတြ

ရယူနိုင္ခဲ့သလို ပထမဆုံးအႀကိမ္ အျဖစ္ ကလပ္အသင္း ယူနိုက္တက္မွာ လက္တြဲၿပီး ခ်န္ပီယံ ဆုဖလားေတြ ရယူနိုင္မယ့္ ယုံၾကည္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။

“အရမ္းေပ်ာ္႐ႊင္ရပါတယ္၊ ေပါ့ဘာနဲ႕ ကြၽန္ေတာ္ဟာ ရင္းႏွီးတဲ့ မိတ္ေဆြေတြျဖစ္ၿပီး ျပင္သစ္လက္ေ႐ြးစင္အသင္းမွာ ႏွစ္ေပါင္းမ်ားစြာ အတူတူ ေအာင္ျမင္မႈေတြ ရယူနိုင္ခဲ့ပါတယ္။

သူက ကစားသမားေကာင္းပါ။ သူလဲ ကြၽန္ေတာ္နဲ႕အတူ ယူနိုက္တက္မွာ ဆုဖလားေတြ ရယူဖို႔ အလိုရွိမယ္ ထင္ပါတယ္။ ကြၽန္ေတာ္တို႔ အစြမ္းကုန္ ျပင္းျပင္းထန္ထန္ အားထုတ္သြားဖို႔ အသင့္ ျဖစ္ေနပါၿပီ”

“ေပါ့ဘာက အေျခအေနေတြကို အေကာင္းျမင္တတ္ သူျဖစ္ၿပီး အဝတ္လဲခန္းထဲမွာ၊ ကြင္းထဲမွာ အသင္းေဖာ္ေတြ တက္ႂကြေအာင္လႈံ႕ေဆာ္ေပးနိုင္သူပါ၊ ကြၽန္ေတာ္တို႔က ကစားတဲ့ ေနရာမတူေပမယ့္ အနိုင္ရဖို႔အတြက္ပဲ အာ႐ုံစိုက္ၾကပါတယ္။

မတူညီတဲ့ ေခါင္းေဆာင္မႈ ေတြ၊ ေအာင္ျမင္မႈ ဆာေလာင္တဲ့ လကၡဏာေတြရွိေနတာက အသင္းအတြက္ အရမ္းအေရးႀကီးပါတယ္” လို႔ အင္တာဗ်ဴးမွာ ဗာရန္းက ေျပာၾကားခဲ့ပါတယ္။

အသက္ ၂၈ႏွစ္ အ႐ြယ္ ျပင္သစ္ လက္ေ႐ြးစင္ ေနာက္ခံလူ ဗာရန္းဟာ ရီးရဲလ္မက္ဒရစ္အသင္း ကေန မန္ခ်က္စတာ ယူနိုက္တက္အသင္းထံ ေျပာင္းေ႐ႊ႕လာသူ ျဖစ္ၿပီး အသင္းနဲ႕ ၂၀၂၅ခုႏွစ္ + ေနာက္ထပ္ ၁ႏွစ္ ဆိုတဲ့ စာခ်ဳပ္တရပ္ ခ်ဳပ္ဆိုခဲ့သူပါ။