Spots news

အချက်အလက်တွေကဖော်ပြနေတဲ့ ပရီးမီးယားလိဂ်ရဲ့ လူဝယ်ဆရာကြီး ဆိုးရှား

Unicode Version

မနေ့ကပဲ ယူနိုက်တက်တို့ဟာ ကစားသမားသစ် ဗာရန်း ကို တရားဝင်ခေါ်ယူပြီးကြောင်း အိုးထရက်ဖို့ဒ်ကွင်းကြီးထဲမှာ မိတ်ဆက်ပြသပေးသွားခဲ့ပါတယ်။ ဒါဟာ နည်းပြ အိုလီဂန်နာဆိုးရှားရဲ့ ယူနိုက်တက်နည်းပြဘဝ ၁၃ယောက်မြောက် ခေါ်ယူပေးလိုက်တဲ့ ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့ပါတယ်။

၂၀၁၈ ဒီဇင်ဘာမှာ မော်ရင်ဟိုရဲ့နေရာကို အစားထိုးစေရင်း ၂၀၁၉ ခုနှစ်မှာတော့ အမြဲတမ်းနည်းပြအဖြစ် ကြေညာခြင်းခံခဲ့ရတဲ့ ဆိုးလ်ရှားဟာ လက်ရှိအချိန်ထိဆို အသင်းအတွက် ခေါ်ယူခဲ့တဲ့ ကစားသမား ၁၃ဦးရှိခဲ့ပြီဖြစ်ပါတယ်။

အစဥ်အတိုင်းဖော်ပြရမယ်ဆိုရင် မက်ဂွိုင်းယား ၊ ဖာနန်ဒက်စ် ၊ဘစ်ဆာကာ ၊ ကာဗာနီ ၊ ပယ်လီစထိရိ၊ အီဂါလို ၊ ဒန်နီရယ်ဂျိမ်း ၊ တဲလက်စ်၊ ဒီယာလို ၊ ဗန်ဒီဘိခ် ၊ တွမ်ဟီတန် ၊ဆန်ချို နဲ့ ယခုနောက်ဆုံးကစားသမား ဗာရန်း တို့ ဖြစ်ကြပါတယ်။

ဒီ ၁၃ယောက်ထဲမှာ မက်ဂွိုင်းယား , ဘရူနို ဖာနန်ဒက်စ်၊ ဘစ်ဆာကာနဲ့ တိုက်စစ်မှူး ကာဗာနီ တို့ဟာ အသင်းကို သိသိသာသာ လက်တွေ့အကျိုးပြုနေပြီး ‌ပြည့်စုံကောင်းမွန်တဲ့ ခေါ်ယူမှုအဖြစ် ဘောလုံး ဝေဖန်သုံးသပ်သူများက သတ်မှတ်ထား ပါတယ်။

 

ကွင်းလယ်လူ ဗန်ဒီဘိခ် ၊ လူငယ်ကစားသမား အာမက်ဒီယာလိုတို့ဟာ တိုးတက်လာမယ့် အရိပ်အယောင်ရှိနေပြီး တဲလက်စ်, ပယ်လီစထရီ၊အီဂါလို တို့ကတော့ အကျိုးပြုမှု နည်းပါးနေ‌ခဲ့ပါ‌သေးတယ်။ ဟီတန်က အရံဂိုးအတွက်ဖြစ်ပြီး ဆန်ချို ၊ဗာရန်း တို့က ပွဲမစားရသေးပါဘူး။

၃ရာသီအတွင်း ဆိုးလ်ရှားရဲ့ ကစားသမားတွေဟာ အဝယ်မှားတာ ရှားပြီး ပေးရတဲ့စျေးနဲ့ဆို ပယ်လီစထရီ (အသင်းမှာ နေရာရဖို့ မသေချာ)၊ ဂျိမ်းစ် (အကျိုးပြုမှုနည်း)၊ အီဂါလို(ပွဲမကစားခဲ့ရ)တို့ဟာ ကျရှုံးခဲ့ပြီး တဲလက်စ်ကတော့ ရှောရဲ့ ခြေစွမ်းတိုးတက်လာတာနဲ့တင် ဒါဟာ တန်တယ်လို့ မှတ်ယူနိုင်ပါတယ်။

လက်ရှိ နောက်ဆုံးခေါ်ယူထားတဲ့ ထိပ်တန်းကြယ်ပွင့် ကစားသမားတွေဖြစ်တဲ့ တောင်ပံ ကစားသမား ဆန်ချိုနဲ့ နောက်ခံလူ ဗာရန်းတို့သာ အမြန်အထိုင်ကျပြီး ပုံမှန်ခြေ ရရှိမယ်ဆို ဆိုးလ်ရှားဟာ စျေးကွက်မှာ ဆရာကျသူလို့ မှတ်ယူနိုင်ပါတယ်။

Zawgyi Version

မေန႕ကပဲ ယူနိုက္တက္တို႔ဟာ ကစားသမားသစ္ ဗာရန္း ကို တရားဝင္ေခၚယူၿပီးေၾကာင္း အိုးထရက္ဖို႔ဒ္ကြင္းႀကီးထဲမွာ မိတ္ဆက္ျပသေပးသြားခဲ့ပါတယ္။ ဒါဟာ နည္းျပ အိုလီဂန္နာဆိုးရွားရဲ႕ ယူနိုက္တက္နည္းျပဘဝ ၁၃ေယာက္ေျမာက္ ေခၚယူေပးလိုက္တဲ့ ကစားသမားအျဖစ္လည္း မွတ္တမ္းဝင္သြားခဲ့ပါတယ္။

၂၀၁၈ ဒီဇင္ဘာမွာ ေမာ္ရင္ဟိုရဲ႕ေနရာကို အစားထိုးေစရင္း ၂၀၁၉ ခုႏွစ္မွာေတာ့ အၿမဲတမ္းနည္းျပအျဖစ္ ေၾကညာျခင္းခံခဲ့ရတဲ့ ဆိုးလ္ရွားဟာ လက္ရွိအခ်ိန္ထိဆို အသင္းအတြက္ ေခၚယူခဲ့တဲ့ ကစားသမား ၁၃ဦးရွိခဲ့ၿပီျဖစ္ပါတယ္။

အစဥ္အတိုင္းေဖာ္ျပရမယ္ဆိုရင္ မက္ဂြိုင္းယား ၊ ဖာနန္ဒက္စ္ ၊ဘစ္ဆာကာ ၊ ကာဗာနီ ၊ ပယ္လီစထိရိ၊ အီဂါလို ၊ ဒန္နီရယ္ဂ်ိမ္း ၊ တဲလက္စ္၊ ဒီယာလို ၊ ဗန္ဒီဘိခ္ ၊ တြမ္ဟီတန္ ၊ဆန္ခ်ိဳ နဲ႕ ယခုေနာက္ဆုံးကစားသမား ဗာရန္း တို႔ ျဖစ္ၾကပါတယ္။

ဒီ ၁၃ေယာက္ထဲမွာ မက္ဂြိုင္းယား , ဘ႐ူနို ဖာနန္ဒက္စ္၊ ဘစ္ဆာကာနဲ႕ တိုက္စစ္မႉး ကာဗာနီ တို႔ဟာ အသင္းကို သိသိသာသာ လက္ေတြ႕အက်ိဳးျပဳေနၿပီး ‌ျပည့္စုံေကာင္းမြန္တဲ့ ေခၚယူမႈအျဖစ္ ေဘာလုံး ေဝဖန္သုံးသပ္သူမ်ားက သတ္မွတ္ထား ပါတယ္။

ကြင္းလယ္လူ ဗန္ဒီဘိခ္ ၊ လူငယ္ကစားသမား အာမက္ဒီယာလိုတို႔ဟာ တိုးတက္လာမယ့္ အရိပ္အေယာင္ရွိေနၿပီး တဲလက္စ္, ပယ္လီစထရီ၊အီဂါလို တို႔ကေတာ့ အက်ိဳးျပဳမႈ နည္းပါးေန‌ခဲ့ပါ‌ေသးတယ္။ ဟီတန္က အရံဂိုးအတြက္ျဖစ္ၿပီး ဆန္ခ်ိဳ ၊ဗာရန္း တို႔က ပြဲမစားရေသးပါဘူး။

၃ရာသီအတြင္း ဆိုးလ္ရွားရဲ႕ ကစားသမားေတြဟာ အဝယ္မွားတာ ရွားၿပီး ေပးရတဲ့ေစ်းနဲ႕ဆို ပယ္လီစထရီ (အသင္းမွာ ေနရာရဖို႔ မေသခ်ာ)၊ ဂ်ိမ္းစ္ (အက်ိဳးျပဳမႈနည္း)၊ အီဂါလို(ပြဲမကစားခဲ့ရ)တို႔ဟာ က်ရႈံးခဲ့ၿပီး တဲလက္စ္ကေတာ့ ေရွာရဲ႕ ေျခစြမ္းတိုးတက္လာတာနဲ႕တင္ ဒါဟာ တန္တယ္လို႔ မွတ္ယူနိုင္ပါတယ္။

လက္ရွိ ေနာက္ဆုံးေခၚယူထားတဲ့ ထိပ္တန္းၾကယ္ပြင့္ ကစားသမားေတြျဖစ္တဲ့ ေတာင္ပံ ကစားသမား ဆန္ခ်ိဳနဲ႕ ေနာက္ခံလူ ဗာရန္းတို႔သာ အျမန္အထိုင္က်ၿပီး ပုံမွန္ေျခ ရရွိမယ္ဆို ဆိုးလ္ရွားဟာ ေစ်းကြက္မွာ ဆရာက်သဴလို႔ မွတ္ယူနိုင္ပါတယ္။