Spots news

မန်ယူဖန်တွေကို ပျော်စေခဲ့တဲ့လီဗာပူး နဲ့ မနက်ခင်း သတင်းတိုများ

Unicode Version

မနေ့ညက ယှဉ်ပိုင်တဲ့ ဆောက်သမ်တန် Vs လီဗာပူး ပွဲစဉ်မှာ လီဗာပူးအသင်းရဲ့ အသင်းသားဟောင်း ဒန်နီအင့်စ်ရဲ့ ပွဲအစပိုင်းကတည်းက သွင်းယူခဲ့တဲ့ တစ်လုံးတည်းသော သွင်းဂိုး နဲ့ လီဗာပူး အသင်းဟာ ဒီရာသီ ရဲ့ပရီးမီးယားလိဂ်  ဒုတိယမြောက် ရှုံးပွဲကို ကြုံတွေ့လိုက်ရပြီ ဖြစ်ပါတယ်။

ယနေ့ လီဗာပူးလ်အသင်း၏ ရှုံးပွဲကြောင့် အကယ်၍ မန်ချက်စတာ ယူနိုက်တက်အသင်းသာ လာမည့် ၁၂ ရက်နေ့တွင် ယှဉ်ပြိုင်ကစားမည့် ဘန်လေအသင်း နှင့် ပွဲစဉ်တွင် အနိုင် (သို့) သရေ ရလဒ်ရရှိခဲ့ပါက ဇယားထိပ်ဆုံး နေရာကို တက်လှမ်း နိုင်မည်ဖြစ်သည်။

မန်ချက်စတာ ယူနိုက်တက် နောက်ခံလူ ရိုဂျိုသည် ဘိုကာဂျူနီယာ အသင်းသို့ ၃ နှစ်စာချုပ်ဖြင့် ပြောင်းရွှေ့ရန် သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။

အာဆင်နယ်အသင်းဟာ နော်ဝှစ်ခ်ျ ကစားသမား ဘူအန်ဒီယာကို ခေါ်ယူရန် အသင်းမှ ဝီလော့ သို့မဟုတ် နယ်လ်ဆင် တစ်ဦးဦး ဖြင့် အလိုက်ပေး ကမ်းလှမ်းရန် စုံစမ်းမှုများ ပြုလုပ်နေကြောင်း သိရပါတယ်။

မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး မားကပ်စ်ရက်ရှ်ဖို့ဒ် ဟာ Guardian ဂျာနယ်မှပေးအပ်သည့် Guardian Footballer of The Year အဖြစ်ချီးမြှင့် ခံရကြောင်း သိရပါတယ်။ ထိုဆုဟာ ကလေးငယ်များ အခွင့်အရေးအတွက် မားကပ်စ်ရက်ရှ်ဖို့ဒ်၏ ထူးထူးချွန်ချွန် လုပ်ဆောင်ပေးမှုများအတွက် ဂုဏ်ပြုသောအားဖြင့် ပေးအပ်ခံရခြင်း ဖြစ်ပါတယ်။