Unicode Version
မန်ချက်စတာ စီးတီးအသင်းဟာ အသင်းရဲ့သိသာစွာ လိုအပ်နေတဲ့ တိုက်စစ်အတွက် စပါးအသင်းရဲ့ အဓိက တိုက်စစ်မှူး ဟယ်ရီကိန်း အတွက် ကမ်းလှမ်းမှု အဖြစ် ပြောင်းရွှေ့ကြေး ပေါင် ၁၇၀ သန်း တန်ကြေးရှိတဲ့ ကမ်းလှမ်းဖို့ အဆင်သင့် ဖြစ်နေကြောင်း သိရပါတယ်။
မန်စီးတီးအသင်းဟာ ဂျက်ဂရီးလစ်ရှ်ကို စံချိန်တင် ပြောင်းရွှေ့ကြေး ဖြစ်တဲ့ ပေါင် ၁၀၀သန်းနဲ့ ခေါ်ယူခဲ့ပြီး စပါးတိုက်စစ်မှူး ဟယ်ရီကိန်းကို ခေါ်ယူရာမှာလဲ ပေါင် ၁၇၀သန်းတန်ကြေးရှိ စံချိန်တင် ကမ်းလှမ်းမှုကို ပြုလုပ်မှာ ဖြစ်ကြောင်း ESPN အားကစား သတင်းဌာနက အခိုင်အမာ တင်ပြထားပါတယ်။
စပါးအသင်းဟာ ဟယ်ရီကိန်းအတွက် ပြောင်းရွှေ့ကြေး အသားတင် ပေါင်၁၅၀သန်း ပေးချေရမယ်လို့ တရားဝင် ကြေငြာထားတဲ့အတွက် မန်စီတီးဟာ ဟယ်ရီကိန်းအတွက် ပေါင် ၁၂၀သန်း + ပေါင် ၅၀သန်းတန် ကစားသမား တဦးကို အလိုက်ပေး ကမ်းလှမ်းမှာ ဖြစ်ပါတယ်။
စပါးအသင်း အတွက် စီးတီးထံမှ ရွေးချယ်စရာ ကစားသမား ၅ဦး ရှိနေပြီး အဆိုပါ ကစားသမားတွေ ကတော့ ပ ကွင်းလယ်လူ ဘာနာဒို ဆေးလ်ဗား ၊ နောက်ခံလူ လာပေါ့တ် ၊ နောက်ခံလူ မန်ဒီ ၊ ဘရာဇီး တိုက်စစ်မှူး ဂျီးဆပ်နဲ့ အင်္ဂလန် တောင်ပံ ကစားသမား စတာလင်းတို့လဲ ပါဝင်နေတာပဲ ဖြစ်ပါတယ်။
စပါးအသင်းက အဆိုပါ ကစားသမား ၅ဦးထဲက တဦးကို ဟယ်ရီကိန်းရဲ့ အပြောင်းအရွေ့မှာ ခေါ်ယူဖို့ နှစ်သက်တဲ့ ကစားသမားကို ရွေးချယ်နိုင်ပြီး စတာလင်း ၊ ဘာနာဒို ဆေးလ်ဗားနဲ့ လာပေါ့တ်တို့ကို စပါးအသင်းက ရွေးချယ်နိုင်ကြောင်း ဗြိတိန်အခြေစိုက် သတင်းဌာနတွေက သုံးသပ်ထားပါတယ် ။
စတာလင်း ၊ ဘာနာဒို ဆေးလ်ဗားနဲ့ လာပေါ့တ်တို့ဟာ ကာလတန်ကြေး ပေါင်၅၀သန်း ဝန်းကျင် ရှိတာကြောင့် ပေါင် ၁၂၀သန်း + ကစားသမား တဦး ဆိုတဲ့ ပမာဏဟာ စပါးအသင်းဘက်က လက်ခံနိုင်တဲ့ အနေအထား ဖြစ်လို့ မန်စီးတီးအသင်းက ယုံကြည်ထားပြီး အပြောင်းအရွှေ့ဟာ ရက်ပိုင်း အတွင်း အပြီးသတ်ဖို့ မျှော်လင့်နေပါတယ်။
Zawgyi Version
မန္ခ်က္စတာ စီးတီးအသင္းဟာ အသင္းရဲ႕သိသာစြာ လိုအပ္ေနတဲ့ တိုက္စစ္အတြက္ စပါးအသင္းရဲ႕ အဓိက တိုက္စစ္မႉး ဟယ္ရီကိန္း အတြက္ ကမ္းလွမ္းမႈ အျဖစ္ ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၁၇၀ သန္း တန္ေၾကးရွိတဲ့ ကမ္းလွမ္းဖို႔ အဆင္သင့္ ျဖစ္ေနေၾကာင္း သိရပါတယ္။
မန္စီးတီးအသင္းဟာ ဂ်က္ဂရီးလစ္ရွ္ကို စံခ်ိန္တင္ ေျပာင္းေ႐ႊ႕ေၾကး ျဖစ္တဲ့ ေပါင္ ၁၀၀သန္းနဲ႕ ေခၚယူခဲ့ၿပီး စပါးတိုက္စစ္မႉး ဟယ္ရီကိန္းကို ေခၚယူရာမွာလဲ ေပါင္ ၁၇၀သန္းတန္ေၾကးရွိ စံခ်ိန္တင္ ကမ္းလွမ္းမႈကို ျပဳလုပ္မွာ ျဖစ္ေၾကာင္း ESPN အားကစား သတင္းဌာနက အခိုင္အမာ တင္ျပထားပါတယ္။
စပါးအသင္းဟာ ဟယ္ရီကိန္းအတြက္ ေျပာင္းေ႐ႊ႕ေၾကး အသားတင္ ေပါင္၁၅၀သန္း ေပးေခ်ရမယ္လို႔ တရားဝင္ ေၾကျငာထားတဲ့အတြက္ မန္စီတီးဟာ ဟယ္ရီကိန္းအတြက္ ေပါင္ ၁၂၀သန္း + ေပါင္ ၅၀သန္းတန္ ကစားသမား တဦးကို အလိုက္ေပး ကမ္းလွမ္းမွာ ျဖစ္ပါတယ္။
စပါးအသင္း အတြက္ စီးတီးထံမွ ေ႐ြးခ်ယ္စရာ ကစားသမား ၅ဦး ရွိေနၿပီး အဆိုပါ ကစားသမားေတြ ကေတာ့ ပ ကြင္းလယ္လူ ဘာနာဒို ေဆးလ္ဗား ၊ ေနာက္ခံလူ လာေပါ့တ္ ၊ ေနာက္ခံလူ မန္ဒီ ၊ ဘရာဇီး တိုက္စစ္မႉး ဂ်ီးဆပ္နဲ႕ အဂၤလန္ ေတာင္ပံ ကစားသမား စတာလင္းတို႔လဲ ပါဝင္ေနတာပဲ ျဖစ္ပါတယ္။
စပါးအသင္းက အဆိုပါ ကစားသမား ၅ဦးထဲက တဦးကို ဟယ္ရီကိန္းရဲ႕ အေျပာင္းအေ႐ြ႕မွာ ေခၚယူဖို႔ ႏွစ္သက္တဲ့ ကစားသမားကို ေ႐ြးခ်ယ္နိုင္ၿပီး စတာလင္း ၊ ဘာနာဒို ေဆးလ္ဗားနဲ႕ လာေပါ့တ္တို႔ကို စပါးအသင္းက ေ႐ြးခ်ယ္နိုင္ေၾကာင္း ၿဗိတိန္အေျခစိုက္ သတင္းဌာနေတြက သုံးသပ္ထားပါတယ္ ။
စတာလင္း ၊ ဘာနာဒို ေဆးလ္ဗားနဲ႕ လာေပါ့တ္တို႔ဟာ ကာလတန္ေၾကး ေပါင္၅၀သန္း ဝန္းက်င္ ရွိတာေၾကာင့္ ေပါင္ ၁၂၀သန္း + ကစားသမား တဦး ဆိုတဲ့ ပမာဏဟာ စပါးအသင္းဘက္က လက္ခံနိုင္တဲ့ အေနအထား ျဖစ္လို႔ မန္စီးတီးအသင္းက ယုံၾကည္ထားၿပီး အေျပာင္းအေ႐ႊ႕ဟာ ရက္ပိုင္း အတြင္း အၿပီးသတ္ဖို႔ ေမွ်ာ္လင့္ေနပါတယ္။