Spots news

ကန်တီဟာ ဘော်လွန်းဒီအော်ဆု ရသင့်တယ်ဟု ချဲလ်ဆီးဂန္တဝင် ဂျွန်တယ်ရီထောက်ခံ

Unicode Version

ချဲလ်ဆီးအသင်းရဲ့ဂန္တဝင် ကစားသမား ဂျွန်တယ်ရီက ကန်တီအနေနဲ့ ယခုနှစ် ဘော်လွန်းဒီအော်ဆုကို ရသင့်တဲ့ ကစားသမား ဖြစ်ကြောင်း ပြောဆိုလိုက်ပါတယ်။

ကန်တီဟာ ယမန်နစ်ရာသီက အထူးခြေစွမ်းပြခဲ့တဲ့ ချဲလ်ဆီးအသင်းကို ချန်ပီယံလိဂ်ဖလား ရအောင် ကူညီပေးနိုင် ခဲ့ပါတယ်။

တယ်ရီက “ကန်တီက ၁၁ယောက်စာကို ၁ယောက်တည်းနဲ့ ကန်နေသလိုပါပဲ။ သူက တကယ့်ကို အဆင့်အတန်းမြင့် ကစားသမားပါပဲ။ သူ့ကို ဘော်လွန်းဒီအော်နဲ့ ထိုက်တန်တယ်လို့ ထင်ပါတယ်။

သူကနှိမ့်ချတတ်တဲ့ ကစားသမားဖြစ်ပြီး ပြဿနာရှာခြင်းလည်း မရှိပါဘူး။ သူက ဘောလုံးလောကရဲ့ အတုယူစရာဖြစ်ပါတယ် “လို့ ပြောခဲ့ပါတယ်။

ကန်တီဟာ အသက် ၃၀ အရွယ်ရှိပြီ ဖြစ်ပြီး ချဲလ်ဆီးအသင်းမှာ ၂၁၉ပွဲအထိ အသင်းရဲ့ အဓိကွင်းလယ်လူအဖြစ် နှစ်ပေါင်းများစွာ ကစားခဲ့ပါတယ်။ ကန်တီဟာ ချဲလ်ဆီးနဲ့အတူ ပရီးမီးယားလိဂ်၊ ယူရိုပါလိဂ်၊ အက်ဖ်အေဖလားနဲ့ စူပါလိဂ်ဖလားတွေကို ဆွတ်ခူးထားပါသေးတယ်။

ဒါ့အပြင် ပြင်သစ်လက်ရွေးစင် ကစားသမားဟာ PFA တစ်နှစ်တာ အကောင်းဆုံးဆု၊ FWA တစ်နှစ်တာ အကောင်းဆုံးဆုနဲ့ ပရီးမီးယားလိဂ် တစ်နှစ်တာ အကောင်းဆုံးဆုတွေကိုလဲ ရယူနိုင်ခဲ့သူ ဖြစ်ပါတယ်။

တယ်ရီက “သူဟာ လာမယ့်နှစ်တွေမှာလည်း ဆက်ကစားနိုင်ဖို့ အင်အားတွေ ကျန်နေပါသေးတယ်။ သူက ကျွန်တော် ကြုံခဲ့ရတဲ့အထဲ ကြံ့ခိုင်မှု အကောင်းဆုံး

ကစားသမားလည်း ဖြစ်ပါတယ်။ ချဲလ်ဆီးအနေနဲ့ အသင်းအတွက် ဆက်ထိန်းထားနိုင်ခဲ့ရင်တော့ အရမ်းကောင်းမှာပေါ့ဗျာ”လို့ဆိုခဲ့ပါတယ်။

Zawgyi Version

ခ်ဲလ္ဆီးအသင္းရဲ႕ဂႏၲဝင္ ကစားသမား ဂြၽန္တယ္ရီက ကန္တီအေနနဲ႕ ယခုႏွစ္ ေဘာ္လြန္းဒီေအာ္ဆုကို ရသင့္တဲ့ ကစားသမား ျဖစ္ေၾကာင္း ေျပာဆိုလိုက္ပါတယ္။

ကန္တီဟာ ယမန္နစ္ရာသီက အထူးေျခစြမ္းျပခဲ့တဲ့ ခ်ဲလ္ဆီးအသင္းကို ခ်န္ပီယံလိဂ္ဖလား ရေအာင္ ကူညီေပးနိုင္ ခဲ့ပါတယ္။

တယ္ရီက “ကန္တီက ၁၁ေယာက္စာကို ၁ေယာက္တည္းနဲ႕ ကန္ေနသလိုပါပဲ။ သူက တကယ့္ကို အဆင့္အတန္းျမင့္ ကစားသမားပါပဲ။ သူ႕ကို ေဘာ္လြန္းဒီေအာ္နဲ႕ ထိုက္တန္တယ္လို႔ ထင္ပါတယ္။

သူကႏွိမ့္ခ်တတ္တဲ့ ကစားသမားျဖစ္ၿပီး ျပႆနာရွာျခင္းလည္း မရွိပါဘူး။ သူက ေဘာလုံးေလာကရဲ႕ အတုယူစရာျဖစ္ပါတယ္ “လို႔ ေျပာခဲ့ပါတယ္။

ကန္တီဟာ အသက္ ၃၀ အ႐ြယ္ရွိၿပီ ျဖစ္ၿပီး ခ်ဲလ္ဆီးအသင္းမွာ ၂၁၉ပြဲအထိ အသင္းရဲ႕ အဓိကြင္းလယ္လူအျဖစ္ ႏွစ္ေပါင္းမ်ားစြာ ကစားခဲ့ပါတယ္။ ကန္တီဟာ ခ်ဲလ္ဆီးနဲ႕အတူ ပရီးမီးယားလိဂ္၊ ယူရိုပါလိဂ္၊ အက္ဖ္ေအဖလားနဲ႕ စူပါလိဂ္ဖလားေတြကို ဆြတ္ခူးထားပါေသးတယ္။

ဒါ့အျပင္ ျပင္သစ္လက္ေ႐ြးစင္ ကစားသမားဟာ PFA တစ္ႏွစ္တာ အေကာင္းဆုံးဆု၊ FWA တစ္ႏွစ္တာ အေကာင္းဆုံးဆုနဲ႕ ပရီးမီးယားလိဂ္ တစ္ႏွစ္တာ အေကာင္းဆုံးဆုေတြကိုလဲ ရယူနိုင္ခဲ့သူ ျဖစ္ပါတယ္။

တယ္ရီက “သူဟာ လာမယ့္ႏွစ္ေတြမွာလည္း ဆက္ကစားနိုင္ဖို႔ အင္အားေတြ က်န္ေနပါေသးတယ္။ သူက ကြၽန္ေတာ္ ႀကဳံခဲ့ရတဲ့အထဲ ႀကံ့ခိုင္မႈ

အေကာင္းဆုံး ကစားသမားလည္း ျဖစ္ပါတယ္။ ခ်ဲလ္ဆီးအေနနဲ႕ အသင္းအတြက္ ဆက္ထိန္းထားနိုင္ခဲ့ရင္ေတာ့ အရမ္းေကာင္းမွာေပါ့ဗ်ာ”လို႔ဆိုခဲ့ပါတယ္။