Spots news

ခံစစ်မှုးသစ်ဗာရန်းကို ခြေစွမ်းပြနိုင်အောင်ကူညီမယ်ဆိုတဲ့ တိုက်စစ်မှူး မာရှယ်

Unicode Version

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ပြင်သစ် တိုက်စစ်မှူး အန်သိုနီ မာရှယ်ကတော့ ယူနိုက်တက်ရဲ့ အသစ်စက်စက် ခံစစ်မှူး ဖြစ်သူ ဗာရန်းကို အင်္ဂလန်မြေမှာ အသားကျအောင်နဲ့ ခြေစွမ်းပြနိုင်အောင် ကူညီပေးမယ်လို့ ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

မာရှယ်နဲ့ ဗာရန်းတို့ဟာ ပြင်သစ်နိုင်ငံသားတွေ ဖြစ်ကြပြီး ပြင်သစ် လက်ရွေးစင်အသင်းမှာလည်း အတူတကွ တွဲဖက် ကစားခဲ့ဖူးသူတွေပါ။ မန်ချက်စတာ ယူနိုက်တက်အသင်းမှာ ဗာရန်း အပါအဝင် ပြင်သစ်ကစားသမား ၄ဦး အထိ ရှိပြီး အဆိုပါ ကစားသမားတွေကတော့ ဗာရန်း ၊ ပေါ့ဘာ ၊ မာရှယ်နဲ့ မက်ဂျ်ဘရီတို့ပဲ ဖြစ်ပါတယ်။

အသက် ၂၈နှစ် အရွယ် ပြင်သစ်လက်ရွေးစင် နောက်ခံလူ ဗာရန်းဟာ သူ့ရဲ့ အသင်းဟောင်း ရီးရဲလ်မက်ဒရစ် အသင်းနဲ့အတူ ချန်ပီယံလိဂ်ဆုဖလား အပါအဝင် ဆုဖလားပေါင်း များစွာကို ရယူနိုင်ခဲ့တဲ့ အတွေ့အကြုံရင့် ကစားသမား တဦး ဖြစ်ပြီး လာလီဂါပြိုင်ပွဲရဲ့ အကောင်းဆုံး ခံစစ်မှူးတွေထဲက တဦးပါ။

ဒါကြောင့်လည်း မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်တော့တဲ့ ဗာရန်းကို ပြောင်းရွှေ့ကြေး ယူရို ၄၅သန်း + အပိုဆုတွေ ပေးချေကာ ခေါ်ယူခဲ့ပြီး ၅နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုခဲ့တာပဲ ဖြစ်ပါတယ်။

အသက် ၂၅နှစ် အရွယ် အန်သိုနီ မာရှယ်ဟာ မန်ချက်စတာ ယူနိုက်တက်အသင်းဆီ ရောက်ရှိနေတာ ၆နှစ် ရှိနေပြီ ဖြစ်တာကြောင့် အသင်းထံ ယခုမှ ရောက်ရှိလာတဲ့ နိုင်ငံအသင်းဖော် ဗာရန်းကို အင်္ဂလန်မြေမှာ အသားကျသွားအောင် ကူညီပေးမယ်လို့ ဆိုသွားပါတယ်။

မာရှယ်က “ဗာရန်းက ပွဲကြီးပွဲကောင်းတွေ အတွက် မွေးဖွားလာတဲ့ ကစားသမား တဦးပါ။ သူ (ဗာရန်း) အသင်းမှာ အထိုင်ကျဖို့ အချိန်အကြာကြီး လိုမယ် မထင်ပါဘူး။ ဒါပေမယ့် ကျွန်တော်က သူ့ကို အသေးအဖွဲ ကိစ္စတွေက အစ ကူညီဖို့ အဆင်သင့် ရှိနေပါတယ်။

သူက အတွေ့အကြုံရင့် ကစားသမား တဦးပါ။ ပြီးတော့ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ပြင်သစ်အသင်းတို့မှာ ကစားခဲ့တုန်းက ဆုဖလားပေါင်း များစွာကို အရယူနိုင်ခဲ့တဲ့ ကစားသမားလည်း ဖြစ်ပါတယ်။

ဒါကြောင့် သူ့အနေနဲ့ အသင်းဆီကို သူ့ရဲ့ အရည်အချင်းတွေ ယူဆောင်လာမယ် ဆိုတာ ကျွန်တော် ရဲရဲကြီး အာမခံရဲပါတယ်။ သူက ထိပ်တန်း ကစားသမား ဖြစ်တာကြောင့် ယူနိုက်တက်မှာ ကောင်းကောင်းကြီး ကစားနိုင်မှာပါ” လို့ ပြောကြားခဲ့တာပါ။

Zawgyi Version

မန္ခ်က္စတာ ယူနိုက္တက္အသင္းရဲ႕ ျပင္သစ္ တိုက္စစ္မႉး အန္သိုနီ မာရွယ္ကေတာ့ ယူနိုက္တက္ရဲ႕ အသစ္စက္စက္ ခံစစ္မႉး ျဖစ္သူ ဗာရန္းကို အဂၤလန္ေျမမွာ အသားက်ေအာင္နဲ႕ ေျခစြမ္းျပနိုင္ေအာင္ ကူညီေပးမယ္လို႔ ထုတ္ေဖာ္ ေျပာၾကားလိုက္ပါတယ္။

မာရွယ္နဲ႕ ဗာရန္းတို႔ဟာ ျပင္သစ္နိုင္ငံသားေတြ ျဖစ္ၾကၿပီး ျပင္သစ္ လက္ေ႐ြးစင္အသင္းမွာလည္း အတူတကြ တြဲဖက္ ကစားခဲ့ဖူးသူေတြပါ။ မန္ခ်က္စတာ ယူနိုက္တက္အသင္းမွာ ဗာရန္း အပါအဝင္ ျပင္သစ္ကစားသမား ၄ဦး အထိ ရွိၿပီး အဆိုပါ ကစားသမားေတြကေတာ့ ဗာရန္း ၊ ေပါ့ဘာ ၊ မာရွယ္နဲ႕ မက္ဂ်္ဘရီတို႔ပဲ ျဖစ္ပါတယ္။

အသက္ ၂၈ႏွစ္ အ႐ြယ္ ျပင္သစ္လက္ေ႐ြးစင္ ေနာက္ခံလူ ဗာရန္းဟာ သူ႕ရဲ႕ အသင္းေဟာင္း ရီးရဲလ္မက္ဒရစ္ အသင္းနဲ႕အတူ ခ်န္ပီယံလိဂ္ဆုဖလား အပါအဝင္ ဆုဖလားေပါင္း မ်ားစြာကို ရယူနိုင္ခဲ့တဲ့ အေတြ႕အႀကဳံရင့္ ကစားသမား တဦး ျဖစ္ၿပီး လာလီဂါၿပိဳင္ပြဲရဲ႕ အေကာင္းဆုံး ခံစစ္မႉးေတြထဲက တဦးပါ။

ဒါေၾကာင့္လည္း မန္ခ်က္စတာ ယူနိုက္တက္အသင္းဟာ ရီးရဲလ္မက္ဒရစ္အသင္းနဲ႕ စာခ်ဳပ္သက္တမ္း ၁ႏွစ္သာ က်န္ေတာ့တဲ့ ဗာရန္းကို ေျပာင္းေ႐ႊ႕ေၾကး ယူရို ၄၅သန္း + အပိုဆုေတြ ေပးေခ်ကာ ေခၚယူခဲ့ၿပီး ၅ႏွစ္ သက္တမ္း ရွိတဲ့ စာခ်ဳပ္တရပ္ ခ်ဳပ္ဆိုခဲ့တာပဲ ျဖစ္ပါတယ္။

အသက္ ၂၅ႏွစ္ အ႐ြယ္ အန္သိုနီ မာရွယ္ဟာ မန္ခ်က္စတာ ယူနိုက္တက္အသင္းဆီ ေရာက္ရွိေနတာ ၆ႏွစ္ ရွိေနၿပီ ျဖစ္တာေၾကာင့္ အသင္းထံ ယခုမွ ေရာက္ရွိလာတဲ့ နိုင္ငံအသင္းေဖာ္ ဗာရန္းကို အဂၤလန္ေျမမွာ အသားက်သြားေအာင္ ကူညီေပးမယ္လို႔ ဆိုသြားပါတယ္။

မာရွယ္က “ဗာရန္းက ပြဲႀကီးပြဲေကာင္းေတြ အတြက္ ေမြးဖြားလာတဲ့ ကစားသမား တဦးပါ။ သူ (ဗာရန္း) အသင္းမွာ အထိုင္က်ဖိဳ႕ အခ်ိန္အၾကာႀကီး လိုမယ္ မထင္ပါဘူး။ ဒါေပမယ့္ ကြၽန္ေတာ္က သူ႕ကို အေသးအဖြဲ ကိစၥေတြက အစ ကူညီဖို႔ အဆင္သင့္ ရွိေနပါတယ္။

သူက အေတြ႕အႀကဳံရင့္ ကစားသမား တဦးပါ။ ၿပီးေတာ့ ရီးရဲလ္မက္ဒရစ္အသင္းနဲ႕ ျပင္သစ္အသင္းတို႔မွာ ကစားခဲ့တုန္းက ဆုဖလားေပါင္း မ်ားစြာကို အရယူနိုင္ခဲ့တဲ့ ကစားသမားလည္း ျဖစ္ပါတယ္။

ဒါေၾကာင့္ သူ႕အေနနဲ႕ အသင္းဆီကို သူ႕ရဲ႕ အရည္အခ်င္းေတြ ယူေဆာင္လာမယ္ ဆိုတာ ကြၽန္ေတာ္ ရဲရဲႀကီး အာမခံရဲပါတယ္။ သူက ထိပ္တန္း ကစားသမား ျဖစ္တာေၾကာင့္ ယူနိုက္တက္မွာ ေကာင္းေကာင္းႀကီး ကစားနိုင္မွာပါ” လို႔ ေျပာၾကားခဲ့တာပါ။