Spots news

အာဆင်နယ်နဲ့ပွဲမှာ ဝင်ရောက်ဂိုးသွင်းလေ့ကျင့်ဖွယ်ရှိတဲ့ ချယ်လ်ဆီးတိုက်စစ်မှူး လူကာကူ

Unicode Version

ချယ်လ်ဆီးအသင်းရဲ့ တိုက်စစ်မှူးသစ် လူကာကူဟာ တနင်္ဂနွေ့နေ့မှာကစားမယ့် အာဆင်နယ်နဲ့ပွဲကို ပထမဦးဆုံးအနေနဲ့ ပွဲထွက် ဝင်ရောက်ကစားမယ်လို့ သိရပါတယ်။

လူကာကူဟာ ကွာရန်တင်းစည်းမျဉ်းကြောင့် ပဲ‌‌လေ့စ်နဲ့အဖွင့်ပွဲကို ပါဝင်ကစားပေးခြင်းမရှိခဲ့သလို အသင်းနဲ့အတူ လေ့ကျင့်ခန်းဆင်းတာမျိုးလည်း မရှိသေးတာဖြစ်ပါတယ်။

တိုက်စစ်မှူးသစ် လူကာကူဟာ မနက်ဖြန်မှာ အသင်းနဲ့ လေ့ကျင့်ခန်းဆင်းတော့မယ်လို့ Sky Sport သတင်းဌာနက ဖော်ပြသွားပါတယ်။ အသင်းဟောင်း ချယ်လ်ဆီးကို

ပြန်လည်ရောက်ရှိလာတဲ့ လူကာကူအပေါ် အားလုံးက စောင့်ကြည့်နေပြီး ပထမဆုံးပွဲဟာ အာဆင်နယ်နဲ့ကစားရမယ့် လန်ဒန်ဒါဘီပွဲဖြစ်နေတာကြောင့် အားလုံးက စိတ်ဝင်စားနေတာလဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ လူကာကူဟာအင်တာမီလန်အတွက် သွင်းဂိုး ၂၄ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ကာ စီးရီးအေ ချန်ပီယံဆု ရယူနိုင်ခဲ့သလို ဒုတိယဂိုးသွင်းအများဆုံး အဖြစ် ရော်နယ်ဒိုရဲ့ နောက်မှာရှိခဲ့ပြီး စီးရီးအေတစ်နှစ်တာအကောင်းဆုံးကစားသမားဆုကိုလည်း ရရှိခဲ့ပါတယ်။

စီးရီးအေမှာ ခြေစွမ်းကောင်းတွေ ပြခဲ့တဲ့ တိုက်စစ်မှူး လူကာကူ ပါဝင်လာမယ်ဆိုတဲ့ သတင်းကတော့ ပရီးမီးယားလိဂ် အဖွင့်ပွဲမှာ တန်းတက် ဘရန်ဖို့ဒ်ကို ရှုံးနိမ့်ခဲ့တဲ့ အာဆင်နယ်အတွက် သတင်းဆိုးလဲဖြစ်ပါတယ်။

အာဆင်နယ်အသင်းကတော့ ပထမပွဲမှာ တန်းတက်အသင်း‌လေးကို ရှုံးနိမ့်ခဲ့ပြီး ပြိုင်ဘက်အသင်းက ချယ်လ်ဆီးဖြစ်နေတဲ့အပြင် လူကာကူကပါ ဝင်ရောက်ကစားတော့မှာဖြစ်လို့ ပိုမိုခက်ခဲတဲ့ အသင်းကို ရင်ဆိုင်ရတော့မှာလည်းဖြစ်ပါတယ်။

Zawgyi Version

ခ်ယ္လ္ဆီးအသင္းရဲ႕ တိုက္စစ္မႉးသစ္ လူကာကူဟာ တနဂၤေႏြ႕ေန႕မွာကစားမယ့္ အာဆင္နယ္နဲ႕ပြဲကို ပထမဦးဆုံးအေနနဲ႕ ပြဲထြက္ ဝင္ေရာက္ကစားမယ္လို႔ သိရပါတယ္။

လူကာကူဟာ ကြာရန္တင္းစည္းမ်ဥ္းေၾကာင့္ ပဲ‌‌ေလ့စ္နဲ႕အဖြင့္ပြဲကို ပါဝင္ကစားေပးျခင္းမရွိခဲ့သလို အသင္းနဲ႕အတူ ေလ့က်င့္ခန္းဆင္းတာမ်ိဳးလည္း မရွိေသးတာျဖစ္ပါတယ္။

တိုက္စစ္မႉးသစ္ လူကာကူဟာ မနက္ျဖန္မွာ အသင္းနဲ႕ ေလ့က်င့္ခန္းဆင္းေတာ့မယ္လို႔ Sky Sport သတင္းဌာနက ေဖာ္ျပသြားပါတယ္။ အသင္းေဟာင္း ခ်ယ္လ္ဆီးကို

ျပန္လည္ေရာက္ရွိလာတဲ့ လူကာကူအေပၚ အားလုံးက ေစာင့္ၾကည့္ေနၿပီး ပထမဆုံးပြဲဟာ အာဆင္နယ္နဲ႕ကစားရမယ့္ လန္ဒန္ဒါဘီပြဲျဖစ္ေနတာေၾကာင့္ အားလုံးက စိတ္ဝင္စားေနတာလဲ ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ေဘာလုံးရာသီမွာ လူကာကူဟာအင္တာမီလန္အတြက္ သြင္းဂိုး ၂၄ ဂိုးအထိ သြင္းယူေပးနိုင္ခဲ့ကာ စီးရီးေအ ခ်န္ပီယံဆု ရယူနိုင္ခဲ့သလို ဒုတိယဂိုးသြင္းအမ်ားဆုံး အျဖစ္ ေရာ္နယ္ဒိုရဲ႕ ေနာက္မွာရွိခဲ့ၿပီး စီးရီးေအတစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆုကိုလည္း ရရွိခဲ့ပါတယ္။

စီးရီးေအမွာ ေျခစြမ္းေကာင္းေတြ ျပခဲ့တဲ့ တိုက္စစ္မႉး လူကာကူ ပါဝင္လာမယ္ဆိုတဲ့ သတင္းကေတာ့ ပရီးမီးယားလိဂ္ အဖြင့္ပြဲမွာ တန္းတက္ ဘရန္ဖို႔ဒ္ကို ရႈံးနိမ့္ခဲ့တဲ့ အာဆင္နယ္အတြက္ သတင္းဆိုးလဲျဖစ္ပါတယ္။

အာဆင္နယ္အသင္းကေတာ့ ပထမပြဲမွာ တန္းတက္အသင္း‌ေလးကို ရႈံးနိမ့္ခဲ့ၿပီး ၿပိဳင္ဘက္အသင္းက ခ်ယ္လ္ဆီးျဖစ္ေနတဲ့အျပင္ လူကာကူကပါ ဝင္ေရာက္ကစားေတာ့မွာျဖစ္လို႔ ပိုမိုခက္ခဲတဲ့ အသင္းကို ရင္ဆိုင္ရေတာ့မွာလည္းျဖစ္ပါတယ္။