Spots news

ပေါ့ဘာကို အလွတ်နဲ့ခေါ်ယူနိုင်ပါက လစာတနင့်တပိုးပေးမယ့် PSG နဲ့ သတင်းတိုများ

Unicode Version

ဒီနှစ်ရဲ့ နွေစျေးကွက်အတွင်းကမှ ဘာစီလိုနာကနေ ပီအက်စ်ဂျီအသင်းဆီကို အလွတ်ပြောင်းရွေ့ကြေးနဲ့ ရောက်ရှိလာခဲ့တဲ့ လီယွန်နယ်မက်ဆီဟာ ကြံခိုင်မှု မပြည့်ဝသေးတာကြောင့်

ပီအက်စ်ဂျီအသင်းရဲ့ပွဲစဥ်တွေကို ပါဝင်ဆင်နွဲနိုင်ဦးမှာ မဟုတ်ပဲ လာမယ့် ၂၉ရက်နေ့ Reims အသင်းနဲ့ ရင်ဆိုင်ရမယ့် လီဂူးပွဲစဥ်မှသာ စတင်ပါဝင်ရဖွယ် ရှိနေပါတယ်

ရိုးမားအသင်းဟာ တိုက်စစ်မှူး အေဗရာဟမ်ကို ချယ်လ်ဆီးအသင်း ကနေ ကနဦး ပြောင်းရွှေ့ကြေး ယူရို ၄၀သန်း + အပိုဆုကြေး ယူရို ၅သန်းနဲ့ ခေါ်ယူနိုင်ခဲ့ကြောင်း တရားဝင် ထုတ်ပြန် ကြေညာသွားပါတယ်။

ရိုးမားအသင်းဟာ အေဗရာဟမ်ကို ၅နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုခဲ့ပြီး အေဗရာဟမ်ဟာ ရိုးမားအသင်းမှာ တနှစ်လုပ်ခလစာ ယူရို၄သန်းနဲ့ ယူရို ၅သန်းကြား ရရှိမယ်လို့ သိရပါတယ်။

စပါးအသင်းဟာ အပြောင်းအရွှေ့သတင်းများ မငြိမ်သက်သေးသော်လည်း တိုက်စစ်မှူး ဟာရီကိန်းကို ကွန်းဖရန့် လိဂ်ယှဉ်ပြိုင်မည့် ကစားသမား(၂၅)ဦးစာရင်းတွင် ထည့်သွင်းခဲ့ကြောင်း သိရပါတယ်။

ဟာရီကိန်းဟာ အားလပ်ရက်မှ ပြန်လာပြီးကတည်းက အသင်းနှင့်အတူ ပူးပေါင်းလေ့ကျင့်နိုင်ခြင်းမရှိသေးဘဲ အင်္ဂါနေ့မှ စတင်လေ့ကျင့်ရဖွယ်ရှိပြီး ကြာသပတေးနေ့မှာ ပါကို့စ်ဖရဲရားအသင်းနှင့် ကွန်းဖရန့်လိဂ် ယှဉ်ပြိုင်ရမည်ဖြစ်ပါတယ်။

PSG အသင်းဟာ မန်ယူအသင်းမှ ကွင်းလယ်ကစားသမား ပေါ့ဘာကို လာမည့်နွေရာသီတွင် ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ခေါ်ယူနိုင်ခဲ့မည် ဆိုပါက လစာအဖြစ် တစ်ပတ်ယူရို(၆၀၀၀၀၀)အထိ ပေးချေသွားရန် စီစဉ်ထားကြောင်း သိရပါတယ်။

PSG အသင်းဟာ မူလက ပြင်သစ်လက်ရွေးစင် ပေါ့ဘာကို ယခုနွေရာသီတွင် ပြောင်းရွှေ့ကြေးပေးပြီးခေါ်ယူရန် စီစဉ်ခဲ့သော်လည်း မက်ဆီ ရောက်ရှိလာသည့် အတွက် နောက်ဆုတ်ခဲ့ခြင်းဖြစ်ပါတယ်။

Zawgyi Version

ဒီနှစ်ရဲ့ နွေဈေးကွက်အတွင်းကမှ ဘာစီလိုနာကနေ ပီအက်စ်ဂျီအသင်းဆီကို အလွတ်ပြောင်းရွေ့ကြေးနဲ့ ရောက်ရှိလာခဲ့တဲ့ လီယွန်နယ်မက်ဆီဟာ ကြံခိုင်မှု မပြည့်ဝသေးတာကြောင့်



ရိုးမားအသင်းဟာ အေဗရာဟမ်ကို ၅နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုခဲ့ပြီး အေဗရာဟမ်ဟာ ရိုးမားအသင်းမှာ တနှစ်လုပ်ခလစာ ယူရို၎သန်းနဲ့ ယူရို ၅သန်းကြား ရရှိမယ်လို့ သိရပါတယ်။



