Spots news
အငှားထွက်ဖို့ သေချာသွားပြီဖြစ်တဲ့ လူငယ်ကြယ်ပွင့် ဒီယာလိုနဲ့ မန်ယူသတင်းတိုများ
Unicode Version
ယူနိုက်တက်ဟာ ယနေ့မှာ ဘန်လေအသင်းနဲ့ တံခါးပိတ်ခြေစမ်းပွဲစဥ် ကစားခဲ့ပြီး ၃-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ပွဲထွက်ကစားသမားတွေအဖြစ် ဟီတန်၊ ဒါလော့တ်၊ ဘိုင်လီ၊ မက်ဂွိုင်းယား၊ ဝီလီယံစ်၊ မာတစ်ချ်၊ ဗန်ဒီဘိခ်၊ မာတာ၊ လင်ဂါ့ဒ်၊ ဆန်ချိုနဲ့ မာရှယ်တို့က ကစားခဲ့ကြပါတယ်။
နောက်ခံ ကစားသမားသစ် ဗာရန်း ကတော့ ယနေ့ပြီးစီးခဲ့တဲ့ ခြေစမ်းပွဲမှာ ကြံ့ခိုင်မှုလိုအပ်နေသေးတာကြောင့် ပွဲဝင် မကစားခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ သို့ပေမယ့် ဗာရန်းဟာ မနေ့က အသင်းရဲ့ Training ကို စတင်ပူးပေါင်းထားသူ ဖြစ်ပါတယ်။
ဖလာမင်ဂိုအသင်းဟာ အန်ဒရေးစ်ပါရဲရားကို ၂၀၂၂ ဒီဇင်ဘာလအထိ အငှားခေါ်ယူလိုပါတယ်။ ယူနိုက်တက်တို့အနေနဲ့ကတော့ သူ့ကို အပြီးသတ်ရောင်းချလိုပါတယ်။ ဒါပေမယ့် အပြီးသတ်ဝယ်ယူဖို့ ကမ်းလှမ်းမှုတွေ ရောက်ရှိမလာတာကြောင့် အငှားကမ်းလှမ်းမှုတွေကို လက်ခံစဥ်းစားသွားတော့မှာဖြစ်ပါတယ်။
ဝက်စ်ဟမ်းဟာ ဂျက်ဆီလင်ဂါ့ဒ်ကိုခေါ်ယူဖို့ နောက်ထပ်တစ်ကြိမ် ချိတ်ဆက်မှုပြုလုပ်လာခဲ့ပါတယ်။ ဒါပေမယ့် ယူနိုက်တက်တောင်းဆိုတဲ့ ပေါင် ၂၅ သန်းကို ဝက်စ်ဟမ်းက
ပေးချေဖွယ်မရှိပါဘူး။ လင်ဂါ့ဒ်အနေနဲ့ ဝက်စ်ဟမ်းသို့ ပြန်သွားလိုခြင်း ရှိ၊ မရှိကိုတော့ မသိရသေးပါဘူး။ ရာသီကြိုအစီအစဥ်တွေမှာ ပြသခဲ့တဲ့ သူ့ရဲ့ခြေစွမ်းကို ဆိုးလ်ရှားက ကျေနပ်နေပါတယ်။
အာမက်ဒီယာလိုသည် သေချာပေါက် အငှားထွက်ခွါမည် ဖြစ်ပါတယ် ။ လာမည့်ရက်အနည်းငယ်အတွင်း သု့ရဲ့အနာဂတ်ကို ဆုံးဖြတ်မည်ဖြစ်ပြီး ဒီယာလိုအား
ဆွစ်ဇာလန်ကလပ် ဘေဆယ်လ် ၊ ချန်ပီယံရှစ်ကလပ် ရှဖီးနှင့် ပရီးမီးယားလိဂ်ကလပ် ခရစ္စတယ်ပဲလေ့စ် အပါအဝင် အသင်းအများအပြား ကမ်းလှမ်းထားကြပါတယ်။
Zawgyi Version