Spots news

စိတ်ဝင်စားဖွယ် သတင်းထွက်နေတဲ့ ရော်နယ်ဒိုရဲ့ မန်စီးတီးသို့ အပြောင်းအရွေ့

Unicode Version

စီးရီးအေ ထိပ်သီးကလပ် ဂျူဗင်တပ်အသင်းရဲ့ တိုက်စစ်မှူး ခရစ္စတီယာ နိုရော်နယ်ဒိုရဲ့အေးဂျင့်ဟာ သူ့ကစားသမားကို ခေါ်ယူလိုမှုရှိ/မရှိ မန်စီးတီး အသင်းအား ဆက်သွယ်ကမ်းလှမ်းမှု ပြုလုပ်လာကြောင်းသိရပါတယ်။

ဂျူဗင်တပ်ဟာ အသင်းရဲ့ အသုံးစရိတ် လျှော့ချလိုမှုကြောင့် ခရစ္စတီယာနို ရော်နယ်ဒိုနှင့်လမ်းခွဲလိုလျက် ရှိနေပြီး တစ်နှစ်စာချုပ်သာ ကျန်တော့သော ပေါ်တူဂီလက်ရွေးစင် တိုက်စစ်မှူးကိုပေါင်၂၆သန်းတည်းဖြင့် ရောင်းချရန် အသင့်ရှိနေပါတယ်။

ယခုအခါ စူပါအေးဂျင့် ဂျော့မန်ဒက်စ်ဟာ ယခုနွေရာသီ အပြောင်းအရွေ့ အတွင်း တိုက်စစ်မှူးသစ် ခေါ်ယူရန် ကြိုးပမ်းနေတဲ့ မန်စီးတီးအသင်း အား ခရစ္စတီယာနို ရော်နယ်ဒိုအား ခေါ်ယူလိုခြင်းရှိ/မရှိ ဆက်သွယ်လာခဲ့ခြင်း ဖြစ်ပါတယ်။

မန်စီးတီးအသင်းဟာ စပါးနှင့်အင်္ဂလန် အသင်းခေါင်းဆောင် ဟယ်ရီကိန်းကို ခေါ်ယူလိုနေပေမယ့် စပါးဥက္ကဌ လီဗိုင်းက ပြောင်းရွှေ့ကြေးပေါင်သန်း၁၅၀အထိ တောင်းဆိုနေမှုကြောင့် ခေါ်ယူရန်အခက် တွေ့နေပါတယ်။

တစ်ဖက်တွင်လဲ ရော်နယ်ဒိုရဲ့ လက်ရှိအနေအထားများကြောင့် အသင်းဟောင်းများဖြစ်ကြတဲ့ ရီးရဲလ်မက်ဒရစ် နှင့်မန်ချက်စတာ ယူနိုက်တက် တို့ကလည်း ခေါ်ယူရေး ဆက်သွယ်မှုများ ပြုလုပ်လာနိုင်ပါတယ်။

Zawgyi Version

စီးရီးေအ ထိပ္သီးကလပ္ ဂ်ဴဗင္တပ္အသင္းရဲ႕ တိုက္စစ္မႉး ခရစၥတီယာ နိုေရာ္နယ္ဒိုရဲ႕ေအးဂ်င့္ဟာ သူ႕ကစားသမားကို ေခၚယူလိုမႈရွိ/မရွိ မန္စီးတီး အသင္းအား ဆက္သြယ္ကမ္းလွမ္းမႈ ျပဳလုပ္လာေၾကာင္းသိရပါတယ္။

ဂ်ဴဗင္တပ္ဟာ အသင္းရဲ႕ အသုံးစရိတ္ ေလွ်ာ့ခ်လိဳမႈေၾကာင့္ ခရစၥတီယာနို ေရာ္နယ္ဒိုႏွင့္လမ္းခြဲလိုလ်က္ ရွိေနၿပီး တစ္ႏွစ္စာခ်ဳပ္သာ က်န္ေတာ့ေသာ ေပၚတူဂီလက္ေ႐ြးစင္ တိုက္စစ္မႉးကိုေပါင္၂၆သန္းတည္းျဖင့္ ေရာင္းခ်ရန္ အသင့္ရွိေနပါတယ္။

ယခုအခါ စူပါေအးဂ်င့္ ေဂ်ာ့မန္ဒက္စ္ဟာ ယခုေႏြရာသီ အေျပာင္းအေ႐ြ႕ အတြင္း တိုက္စစ္မႉးသစ္ ေခၚယူရန္ ႀကိဳးပမ္းေနတဲ့ မန္စီးတီးအသင္း အား ခရစၥတီယာနို ေရာ္နယ္ဒိုအား ေခၚယူလိုျခင္းရွိ/မရွိ ဆက္သြယ္လာခဲ့ျခင္း ျဖစ္ပါတယ္။

မန္စီးတီးအသင္းဟာ စပါးႏွင့္အဂၤလန္ အသင္းေခါင္းေဆာင္ ဟယ္ရီကိန္းကို ေခၚယူလိုေနေပမယ့္ စပါးဥကၠဌ လီဗိုင္းက ေျပာင္းေ႐ႊ႕ေၾကးေပါင္သန္း၁၅၀အထိ ေတာင္းဆိုေနမႈေၾကာင့္ ေခၚယူရန္အခက္ ေတြ႕ေနပါတယ္။

တစ္ဖက္တြင္လဲ ေရာ္နယ္ဒိုရဲ႕ လက္ရွိအေနအထားမ်ားေၾကာင့္ အသင္းေဟာင္းမ်ားျဖစ္ၾကတဲ့ ရီးရဲလ္မက္ဒရစ္ ႏွင့္မန္ခ်က္စတာ ယူနိုက္တက္ တို႔ကလည္း ေခၚယူေရး ဆက္သြယ္မႈမ်ား ျပဳလုပ္လာနိုင္ပါတယ္။