Unicode Version
ပီအက်စ်ဂျီအသင်းဟာ ယခုနှစ် နွေဈေးကွက် အတွင်းမှာ ဘောလုံးလောကရဲ့ ထိပ်သီးကစားသမားတွေဖြစ်တဲ့ မက်ဆီ ၊ ရာမို့စ် ၊ ဝစ်နယ်ဒန် ၊ ဂိုးသမား ဒွန်နာရမ်မာတို့ကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ပြီး လာမယ့် နွေရာသီမှာလဲ နာမည်ကြီး ကစားသမားတွေကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထပ်မံ ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။
လက်တလောသတင်းတွေအရ ပီအက်စ်ဂျီအသင်းဟာ လာမယ့် ဘောလုံးရာသီ အကုန်မှာပဲ ကလပ်အသင်းတွေနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ဂျူဗင်တပ် တိုက်စစ်မှူး ရော်နယ်ဒို ၊ မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်လူ ပေါ့ဘာတို့ကို အလွတ်ပြောင်းရွေ့ကြေးနဲ့ ခေါ်ယူပြီး လစာ တနင့်တပိုးပေးဖို့ ပြင်ဆင်နေပါတယ်။
ပီအက်စ်ဂျီအသင်းဟာ ယူနိုက်တက်အသင်းရဲ့ အသက် ၂၈ နှစ်အရွယ် ကွင်းလယ်ကစားသမား ပေါ့ဘာကို လာမယ့် ဘောလုံးရာသီအကုန်မှာ ခေါ်ယူဖို့ အသင်းရဲ့ နံပါတ်တစ် ပစ်မှတ် ကစားသမား အဖြစ် သတ်မှတ်ထားပြီး ပေါ့ဘာကို မြင့်မားတဲ့ လုပ်ခလစာနဲ့ ဆွဲဆောင်ကာ အလွတ်နဲ့ ခေါ်ယူဖို့ ကြံစည်နေပါတယ်။
ပီအက်စ်ဂျီအသင်းဟာ ပေါ့ဘာကို တပတ်ပေါင်၆သိန်း အထိ ပေးချေမှာ ဖြစ်ပြီး ပေါ့ဘာရဲ့ အေးဂျင့်ဖြစ်သူ ရိုင်းအိုလာက အေးဂျင့်ခ မြိုးမြိုးမြက်မြက် ပေးချေမှာဖြစ်လို့ အေးဂျင့်ဖြစ်သူဟာ ပေါ့ဘာကို ယူနိုက်တက်အသင်းနဲ့ စာချုပ်သစ် ထပ်မံမချုပ်ဖို့ သူ့ရဲ့ကစားသမားကို တွန်းအားပေး နေပါတယ်။
လတ်ရှိအချိန်မှာ မန်ချက်စတာ ယူနိုက်တက်အသင်းကတော့ အသင်းရဲ့ အဓိကကွင်းလယ်လူ ငယ်မွေးခြံပေါက် အကယ်ဒမီထွက် ကစားသမားကို အသင်းမှာ ဆက်လက် ထိန်းသိမ်းနိုင်ဖို့ ကမ်းလှမ်းမှုတွေ ပြုလုပ်နေပြီး ပေါ့ဘာကတော့ အချိန်ယူ စဉ်းစားမယ်လို့ အကြောင်းပြန်ထားပါတယ်။
တကယ်လို့ ယူနိုက်တက်အသင်းဟာ ပေါ့ဘာကို ဇန်နဝါရီလ အထိ စာချုပ်သက်တမ်း တိုးနိုင်ခြင်း မရှိသေးပါက ပေါ့ဘာဟာ ရာသီကုန်မှာ အလွတ် ပြောင်းရွှေ့ကြေးနဲ့ အသင်းပြောင်းဖို့ ဇန်နဝါရီလ အပြောင်းအရွှေ့မှာတင် ပီအက်စ်ဂျီနဲ့ တရားဝင် ဆွေးနွေးခွင့် ရရှိမှာလည်း ဖြစ်ပါတယ်။
Zawgyi Version
ပီအက္စ္ဂ်ီအသင္းဟာ ယခုႏွစ္ ေႏြေဈးကြက္ အတြင္းမွာ ေဘာလုံးေလာကရဲ႕ ထိပ္သီးကစားသမားေတြျဖစ္တဲ့ မက္ဆီ ၊ ရာမို႔စ္ ၊ ဝစ္နယ္ဒန္ ၊ ဂိုးသမား ဒြန္နာရမ္မာတို႔ကို အလြတ္ ေျပာင္းေ႐ႊ႕ေၾကးနဲ႕ ေခၚယူနိုင္ၿပီး လာမယ့္ ေႏြရာသီမွာလဲ နာမည္ႀကီး ကစားသမားေတြကို အလြတ္ ေျပာင္းေ႐ႊ႕ေၾကးနဲ႕ ထပ္မံ ေခၚယူဖို႔ ျပင္ဆင္ေနပါတယ္။
လက္တေလာသတင္းေတြအရ ပီအက္စ္ဂ်ီအသင္းဟာ လာမယ့္ ေဘာလုံးရာသီ အကုန္မွာပဲ ကလပ္အသင္းေတြနဲ႕ စာခ်ဳပ္သက္တမ္း ကုန္ဆုံးေတာ့မယ့္ ဂ်ဴဗင္တပ္ တိုက္စစ္မႉး ေရာ္နယ္ဒို ၊ မန္ခ်က္စတာ ယူနိုက္တက္ ကြင္းလယ္လူ ေပါ့ဘာတို႔ကို အလြတ္ေျပာင္းေ႐ြ႕ေၾကးနဲ႕ ေခၚယူၿပီး လစာ တနင့္တပိုးေပးဖို႔ ျပင္ဆင္ေနပါတယ္။
ပီအက္စ္ဂ်ီအသင္းဟာ ယူနိုက္တက္အသင္းရဲ႕ အသက္ ၂၈ ႏွစ္အ႐ြယ္ ကြင္းလယ္ကစားသမား ေပါ့ဘာကို လာမယ့္ ေဘာလုံးရာသီအကုန္မွာ ေခၚယူဖို႔ အသင္းရဲ႕ နံပါတ္တစ္ ပစ္မွတ္ ကစားသမား အျဖစ္ သတ္မွတ္ထားၿပီး ေပါ့ဘာကို ျမင့္မားတဲ့ လုပ္ခလစာနဲ႕ ဆြဲေဆာင္ကာ အလြတ္နဲ႕ ေခၚယူဖို႔ ႀကံစည္ေနပါတယ္။
ပီအက္စ္ဂ်ီအသင္းဟာ ေပါ့ဘာကို တပတ္ေပါင္၆သိန္း အထိ ေပးေခ်မွာ ျဖစ္ၿပီး ေပါ့ဘာရဲ႕ ေအးဂ်င့္ျဖစ္သူ ရိုင္းအိုလာက ေအးဂ်င့္ခ ၿမိဳးၿမိဳးျမက္ျမက္ ေပးေခ်မွာျဖစ္လို႔ ေအးဂ်င့္ျဖစ္သူဟာ ေပါ့ဘာကို ယူနိုက္တက္အသင္းနဲ႕ စာခ်ဳပ္သစ္ ထပ္မံမခ်ဳပ္ဖို႔ သူ႕ရဲ႕ကစားသမားကို တြန္းအားေပး ေနပါတယ္။
လတ္ရွိအခ်ိန္မွာ မန္ခ်က္စတာ ယူနိုက္တက္အသင္းကေတာ့ အသင္းရဲ႕ အဓိကကြင္းလယ္လူ ငယ္ေမြးၿခံေပါက္ အကယ္ဒမီထြက္ ကစားသမားကို အသင္းမွာ ဆက္လက္ ထိန္းသိမ္းနိုင္ဖို႔ ကမ္းလွမ္းမႈေတြ ျပဳလုပ္ေနၿပီး ေပါ့ဘာကေတာ့ အခ်ိန္ယူ စဥ္းစားမယ္လို႔ အေၾကာင္းျပန္ထားပါတယ္။
တကယ္လို႔ ယူနိုက္တက္အသင္းဟာ ေပါ့ဘာကို ဇန္နဝါရီလ အထိ စာခ်ဳပ္သက္တမ္း တိုးနိုင္ျခင္း မရွိေသးပါက ေပါ့ဘာဟာ ရာသီကုန္မွာ အလြတ္ ေျပာင္းေ႐ႊ႕ေၾကးနဲ႕ အသင္းေျပာင္းဖို႔ ဇန္နဝါရီလ အေျပာင္းအေ႐ႊ႕မွာတင္ ပီအက္စ္ဂ်ီနဲ႕ တရားဝင္ ေဆြးေႏြးခြင့္ ရရွိမွာလည္း ျဖစ္ပါတယ္။