Unicode Version
ဘာစီလိုနာအသင်းရဲ့ ဒုတိယအသင်းခေါင်းဆောင်အဖြစ် တာဝန်ပေးခံထားရတဲ့ ၀ါရင့်နောက်ခံလူ ပီကေးက အသင်းမှာ လစာလျှော့ယူမည်မှာ မိမိတစ်ဦးတည်းမဟုတ်ဘဲ အသင်းခေါင်းဆောင် အားလုံးဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
ဘာစီလိုနာအသင်းဟာ အသင်းခေါင်းဆောင် မက်ဆီနှင့် လမ်းခွဲ ခဲ့ပြီးနောက် ဘူးစကွက်စ်ကို အသင်းခေါင်းဆောင်အဖြစ် ပြောင်းလဲခန့်အပ်ခဲ့ပါတယ်။ ဒုတိယ အသင်းခေါင်းဆောင် အဖြစ် ပီကေး၊ တတိယ အသင်းခေါင်းဆောင် အဖြစ် ဆာဂျီရောဘတ်တိုနှင့် စတုတ္ထ အသင်းခေါင်းဆောင်အဖြစ် အယ်လ်ဘာတို့ကို တာဝန်ပေးထားပါတယ်။
မူလအစက လစာလျှော့ယူမည့် အစီအစဉ် ကို အယ်လ်ဘာက သဘောမတူဟု သတင်းထွက်ခဲ့သော်လည်း ပီကေးက ဟုတ်မှန်ခြင်းမရှိကြောင်း ပြောကြားခဲ့ပါတယ်။ ထို့ပြင် ပီကေးက မိမိနှင့်အတူ အခြား အသင်းခေါင်းဆောင် ၃ ဦးစလုံး တူညီတဲ့ သဘောထားရှိကြောင်း ပြောကြားခဲ့ပါတယ်။
ပီကေးက ”ကျွန်တော်တို့က မိသားစုတစ်ခုဖြစ်ပြီး အသင်းခေါင်းဆောင် အားလုံးက ဒီလိုလုပ်ဆောင်သွားဖို့ ဆန္ဒရှိကြပါတယ်။ ဒါကို ဘာကြောင့် မြန်မြန် လုပ်ရတာလဲဆိုတော့ ကစားသမားတွေကို စာရင်းသွင်းဖို့ ကူညီနိုင်အောင်ပါ။
တစ်ခါတလေ ကြားသိရတဲ့ သတင်းတွေက ရာနှုန်းပြည့် မှန်ကန်ခြင်း မရှိတတ်ပါဘူး။ အခုလို စီစဉ်နိုင်ခဲ့လို့ တခြား အသင်းခေါင်းဆောင်တွေအတွက် ကျွန်တော် ဂုဏ်ယူမိပါတယ်။ ကစားသမားတွေနဲ့ ပရိသတ်တွေအားလုံးလည်း အတူရှိကြစေချင်ပါတယ်”ဟု ပြောကြားခဲ့ပါတယ်။
Zawgyi Version
ဘာစီလိုနာအသင္းရဲ႕ ဒုတိယအသင္းေခါင္းေဆာင္အျဖစ္ တာဝန္ေပးခံထားရတဲ့ ၀ါရင့္ေနာက္ခံလူ ပီေကးက အသင္းမွာ လစာေလွ်ာ့ယူမည္မွာ မိမိတစ္ဦးတည္းမဟုတ္ဘဲ အသင္းေခါင္းေဆာင္ အားလုံးျဖစ္ေၾကာင္း ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။
ဘာစီလိုနာအသင္းဟာ အသင္းေခါင္းေဆာင္ မက္ဆီႏွင့္ လမ္းခြဲ ခဲ့ၿပီးေနာက္ ဘူးစကြက္စ္ကို အသင္းေခါင္းေဆာင္အျဖစ္ ေျပာင္းလဲခန႔္အပ္ခဲ့ပါတယ္။ ဒုတိယ အသင္းေခါင္းေဆာင္ အျဖစ္ ပီေကး၊ တတိယ အသင္းေခါင္းေဆာင္ အျဖစ္ ဆာဂ်ီေရာဘတ္တိုႏွင့္ စတုတၳ အသင္းေခါင္းေဆာင္အျဖစ္ အယ္လ္ဘာတို႔ကို တာဝန္ေပးထားပါတယ္။
မူလအစက လစာေလွ်ာ့ယူမည့္ အစီအစဥ္ ကို အယ္လ္ဘာက သေဘာမတူဟု သတင္းထြက္ခဲ့ေသာ္လည္း ပီေကးက ဟုတ္မွန္ျခင္းမရွိေၾကာင္း ေျပာၾကားခဲ့ပါတယ္။ ထို႔ျပင္ ပီေကးက မိမိႏွင့္အတူ အျခား အသင္းေခါင္းေဆာင္ ၃ ဦးစလုံး တူညီတဲ့ သေဘာထားရွိေၾကာင္း ေျပာၾကားခဲ့ပါတယ္။
ပီေကးက ”ကြၽန္ေတာ္တို႔က မိသားစုတစ္ခုျဖစ္ၿပီး အသင္းေခါင္းေဆာင္ အားလုံးက ဒီလိုလုပ္ေဆာင္သြားဖို႔ ဆႏၵရွိၾကပါတယ္။ ဒါကို ဘာေၾကာင့္ ျမန္ျမန္ လုပ္ရတာလဲဆိုေတာ့ ကစားသမားေတြကို စာရင္းသြင္းဖို႔ ကူညီနိုင္ေအာင္ပါ။
တစ္ခါတေလ ၾကားသိရတဲ့ သတင္းေတြက ရာႏႈန္းျပည့္ မွန္ကန္ျခင္း မရွိတတ္ပါဘူး။ အခုလို စီစဥ္နိုင္ခဲ့လို႔ တျခား အသင္းေခါင္းေဆာင္ေတြအတြက္ ကြၽန္ေတာ္ ဂုဏ္ယူမိပါတယ္။ ကစားသမားေတြနဲ႕ ပရိသတ္ေတြအားလုံးလည္း အတူရွိၾကေစခ်င္ပါတယ္”ဟု ေျပာၾကားခဲ့ပါတယ္။