Unicode Version
အာဆင်နယ်အသင်းဟာ လက်စွမ်းကျဆင်းနေတဲ့ ဂိုးသမား လေနိုရဲ့နေရာကို အစားထိုးဖို့ အတွက် ခေါ်ယူဖို့ ကြိုးစားနေတဲ့ ဂိုးသမား ရမ်စဒယ်ဟာ ပေါင်သန်း ၁၀၀ တန်တဲ့ ကစားသမား ဖြစ်ကြောင်း ရှက်ဖီးလ် ယူနိုက်တက်အသင်းရဲ့ နည်းပြသစ် ဂျိုကာနိုဗစ်က သတိပေးသွားခဲ့ပါတယ်။
အသက် ၂၃နှစ် အရွယ်သာ ရှိသေးတဲ့ အင်္ဂလန် လူငယ် ဂိုးသမား ရမ်စဒယ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ရှက်ဖီးလ် အသင်းနဲ့ တန်းဆင်းခဲ့ရပေမယ့် သူ့ရဲ့ ဂိုးပေါက် ကာကွယ်မှု မှတ်တမ်းဟာ အတော်လေးကို ကောင်းမွန်ခဲ့ပြီး ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး တက်သစ်စ ဂိုးသမား တဦး အဖြစ်ပါ သတ်မှတ်ခံခဲ့ ရပါတယ်။
အပြောင်းအရွေ့ကာလ တစ်လျှောက် အာဆင်နယ်အသင်းဟာ လူငယ်ဂိုးသမားကို ခေါ်ယူဖို့ ချိတ်ဆက်မှုတွေ ပြုလုပ်နေတာ ဖြစ်ပြီး ကစားသမားကလဲ ပြောင်းရွှေ့ချင်နေပေမယ့် အာဆင်နယ်နဲ့ ရှက်ဖီးလ် အသင်းတို့ ကြားမှာ ပြောင်းရွှေ့ကြေး သဘောတူညီမှု မရရှိသေးပါဘူး။
ရှက်ဖီးလ်ဟာ ရမ်စဒယ်အတွက် ပြောင်းရွှေ့ကြေး ပေါင် ၃၅သန်း အထိ အလိုရှိနေတာဖြစ်ပြီး အာဆင်နယ်အသင်းကတော့ ဈေးဆစ်တဲ့ ထုံးစံအတိုင်း ပြောင်းရွှေ့ကြေး ပေါင် ၂၀သန်းသာ ပေးချေလိုတာကြောင့် အပြောင်းအရွှေ့ ဖြစ်မြောက်ဖို့ ခက်ခဲနေတာပါ။
ဂျိုကာနိုဗစ်က – “ရမ်စဒယ်အနေနဲ့ ပရီးမီးယားလိဂ်မှာ ဆက်ပြီး ကစားချင်တာဟာ သဘာဝကျပါတယ်။ ကျွန်တော် သူနဲ့ စကားပြောပြီးပါပြီ။ သူက ပရီးမီးယားလိဂ်မှာ ကစားချင်သလို ကျွန်တော်တို့နဲ့ ဆက်နေရရင်လဲ ပြဿနာ မရှိပါဘူး။ သူက ပါရမီရှိတဲ့ ကစားသမား တဦး ဖြစ်သလို အာဆင်နယ်အသင်းက သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။
ဒါပေမယ့် သူဟာ လိဂ်ရဲ့ အကောင်းဆုံး ကစားသမားတွေထဲက တဦး ဖြစ်လို့ တန်ကြေးကတော့ မြင့်မားပါလိမ့်မယ်။ ခင်ဗျားကသာ ကျွန်တော့်ကို ပေါင်၁၀၀သန်း ရရင် သူ့ကို ရောင်းမလား မေးလာရင်တောင် ကျွန်တော်က “နိုး” လို့ ဖြေမိမှာပါ။ ” လို့ ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။
Zawgyi Version
အာဆင္နယ္အသင္းဟာ လက္စြမ္းက်ဆင္းေနတဲ့ ဂိုးသမား ေလနိုရဲ႕ေနရာကို အစားထိုးဖို႔ အတြက္ ေခၚယူဖို႔ ႀကိဳးစားေနတဲ့ ဂိုးသမား ရမ္စဒယ္ဟာ ေပါင္သန္း ၁၀၀ တန္တဲ့ ကစားသမား ျဖစ္ေၾကာင္း ရွက္ဖီးလ္ ယူနိုက္တက္အသင္းရဲ႕ နည္းျပသစ္ ဂ်ိဳကာနိုဗစ္က သတိေပးသြားခဲ့ပါတယ္။
အသက္ ၂၃ႏွစ္ အ႐ြယ္သာ ရွိေသးတဲ့ အဂၤလန္ လူငယ္ ဂိုးသမား ရမ္စဒယ္ဟာ ၿပီးခဲ့တဲ့ ေဘာလုံးရာသီမွာ ရွက္ဖီးလ္ အသင္းနဲ႕ တန္းဆင္းခဲ့ရေပမယ့္ သူ႕ရဲ႕ ဂိုးေပါက္ ကာကြယ္မႈ မွတ္တမ္းဟာ အေတာ္ေလးကို ေကာင္းမြန္ခဲ့ၿပီး ပရီးမီးယားလိဂ္ရဲ႕ အေကာင္းဆုံး တက္သစ္စ ဂိုးသမား တဦး အျဖစ္ပါ သတ္မွတ္ခံခဲ့ ရပါတယ္။
အေျပာင္းအေ႐ြ႕ကာလ တစ္ေလွ်ာက္ အာဆင္နယ္အသင္းဟာ လူငယ္ဂိုးသမားကို ေခၚယူဖို႔ ခ်ိတ္ဆက္မႈေတြ ျပဳလုပ္ေနတာ ျဖစ္ၿပီး ကစားသမားကလဲ ေျပာင္းေ႐ႊ႕ခ်င္ေနေပမယ့္ အာဆင္နယ္နဲ႕ ရွက္ဖီးလ္ အသင္းတို႔ ၾကားမွာ ေျပာင္းေ႐ႊ႕ေၾကး သေဘာတူညီမႈ မရရွိေသးပါဘူး။
ရွက္ဖီးလ္ဟာ ရမ္စဒယ္အတြက္ ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၃၅သန္း အထိ အလိုရွိေနတာျဖစ္ၿပီး အာဆင္နယ္အသင္းကေတာ့ ေဈးဆစ္တဲ့ ထုံးစံအတိုင္း ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၂၀သန္းသာ ေပးေခ်လိဳတာေၾကာင့္ အေျပာင္းအေ႐ႊ႕ ျဖစ္ေျမာက္ဖို႔ ခက္ခဲေနတာပါ။
ဂ်ိဳကာနိုဗစ္က – “ရမ္စဒယ္အေနနဲ႕ ပရီးမီးယားလိဂ္မွာ ဆက္ၿပီး ကစားခ်င္တာဟာ သဘာဝက်ပါတယ္။ ကြၽန္ေတာ္ သူနဲ႕ စကားေျပာၿပီးပါၿပီ။ သူက ပရီးမီးယားလိဂ္မွာ ကစားခ်င္သလို ကြၽန္ေတာ္တို႔နဲ႕ ဆက္ေနရရင္လဲ ျပႆနာ မရွိပါဘူး။ သူက ပါရမီရွိတဲ့ ကစားသမား တဦး ျဖစ္သလို အာဆင္နယ္အသင္းက သူ႕ကို ေခၚယူဖို႔ စိတ္ဝင္စားေနပါတယ္။
ဒါေပမယ့္ သူဟာ လိဂ္ရဲ႕ အေကာင္းဆုံး ကစားသမားေတြထဲက တဦး ျဖစ္လို႔ တန္ေၾကးကေတာ့ ျမင့္မားပါလိမ့္မယ္။ ခင္ဗ်ားကသာ ကြၽန္ေတာ့္ကို ေပါင္၁၀၀သန္း ရရင္ သူ႕ကို ေရာင္းမလား ေမးလာရင္ေတာင္ ကြၽန္ေတာ္က “နိုး” လို႔ ေျဖမိမွာပါ။ ” လို႔ ေျပာၾကားခဲ့တာပဲ ျဖစ္ပါတယ္။