Spots news

ဖာဒီနန် နဲ့ ဗီဒစ်အပါအဝင် အကြိုက်ဆုံး သရဲနီ ၅ ယောက်ကိုပြောပြလိုက်တဲ့ ဗာရန်း

Unicode Version

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နောက်ခံလူသစ် ဗာရန်းကို ယမန်နေ့မှာ ကစားခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ လိဒ်ယူနိုက်တက်တို့ရဲ့ ပွဲစဉ်မတိုင်မီ တရားဝင် ထုတ်ပြန် ကြေညာသွားပါတယ်။

အသက် ၂၈နှစ် အရွယ် ပြင်သစ် လက်ရွေးစင် နောက်ခံလူ ဗာရန်းဟာ ရီးရဲလ်မက်ဒရစ်အသင်း ကနေ မန်ချက်စတာ ယူနိုက်တက်အသင်းထံ ပြောင်းရွှေ့လာသူ ဖြစ်ပြီး အသင်းနဲ့ ၂၀၂၅ခုနှစ် + နောက်ထပ် ၁နှစ် ဆိုတဲ့ စာချုပ်တရပ် ချုပ်ဆိုခဲ့သူပါ။

အခုတော့ ယူနိုက်တက် ကစားသမားသစ် ဖြစ်လာခဲ့တဲ့ ရာဖေးလ် ဗာရန်းက မန်ချက်စတာ ယူနိုက်တက် အသင်းမှာ သူနှစ်ခြိုက်တဲ့ ဂန္တဝင် ကစားသမား ၅ ဦး အထိ ရှိနေကြောင်း ၊ အဆိုပါ ကစားသမားတွေထဲ နောက်ခံလူ ဖာဒီနန် နဲ့ ဗီဒစ်တို့ ပါဝင်ကြကြောင်း ထုတ်ဖော်ပြောကြားသွားခဲ့လိုက် ပါတယ် ။

”  ဗီဒစ် နဲ့ ဖာဒီနန် တို့က တကယ့် ဂန္တဝင် ကစားသမားတွေ ပါပဲ ။ ဒီအသင်းမှာ ခရစ္စတီယာနို ရော်နယ်ဒို ၊ ရိုင်ယန်ဂစ်နဲ့ ဒေးဗစ်ဘက်ခမ်း တို့လို ကစားသမားတွေ ကစားခဲ့ကြတာ ကျွန်တော် မှတ်မိနေပါသေးတယ် ။

သူတို့က ဂန္တဝင်ကစားသမားတွေ ဖြစ်ကြပြီး အခုလိုမျိုး သူတို့ရဲ့ မိသားစုဝင် ဖြစ်ခွင့် ရရှိခဲ့တဲ့ အတွက် ကျွန်တော် အရမ်းပဲ ပျော်ရွှင်ရပါတယ် ” လို့ ဗာရန်း က ပြောကြားခဲ့လိုက် ပါတယ် ။

အဲ့ဒီနောက် သူ့ရဲ့အကြောင်းကို အတိုချုပ် ပြောကြားဖို့ အမေးခံလိုက်ရတဲ့ အချိန်မှာတော့ ရာဖေးလ် ဗာရန်းက ‘ အလုပ်တွေ ကြိုးစားလိုသူ ‘ ၊ ‘ လေးစားသမှု ထားရှိသူ ‘ ၊ ‘ ရည်မှန်းချက် ကြီးမားသူ ‘ လို့ လိုရင်းတိုရှင်း ဖြေကြား သွားခဲ့လိုက် ပါတယ် ။

Zawgyi Version

မန္ခ်က္စတာ ယူနိုက္တက္အသင္းရဲ႕ ေနာက္ခံလူသစ္ ဗာရန္းကို ယမန္ေန႕မွာ ကစားခဲ့တဲ့ မန္ခ်က္စတာ ယူနိုက္တက္နဲ႕ လိဒ္ယူနိုက္တက္တို႔ရဲ႕ ပြဲစဥ္မတိုင္မီ တရားဝင္ ထုတ္ျပန္ ေၾကညာသြားပါတယ္။

အသက္ ၂၈ႏွစ္ အ႐ြယ္ ျပင္သစ္ လက္ေ႐ြးစင္ ေနာက္ခံလူ ဗာရန္းဟာ ရီးရဲလ္မက္ဒရစ္အသင္း ကေန မန္ခ်က္စတာ ယူနိုက္တက္အသင္းထံ ေျပာင္းေ႐ႊ႕လာသူ ျဖစ္ၿပီး အသင္းနဲ႕ ၂၀၂၅ခုႏွစ္ + ေနာက္ထပ္ ၁ႏွစ္ ဆိုတဲ့ စာခ်ဳပ္တရပ္ ခ်ဳပ္ဆိုခဲ့သူပါ။

အခုေတာ့ ယူနိုက္တက္ ကစားသမားသစ္ ျဖစ္လာခဲ့တဲ့ ရာေဖးလ္ ဗာရန္းက မန္ခ်က္စတာ ယူနိုက္တက္ အသင္းမွာ သူႏွစ္ၿခိဳက္တဲ့ ဂႏၲဝင္ ကစားသမား ၅ ဦး အထိ ရွိေနေၾကာင္း ၊ အဆိုပါ ကစားသမားေတြထဲ ေနာက္ခံလူ ဖာဒီနန္ နဲ႕ ဗီဒစ္တို႔ ပါဝင္ၾကေၾကာင္း ထုတ္ေဖာ္ေျပာၾကားသြားခဲ့လိုက္ ပါတယ္ ။

”  ဗီဒစ္ နဲ႕ ဖာဒီနန္ တို႔က တကယ့္ ဂႏၲဝင္ ကစားသမားေတြ ပါပဲ ။ ဒီအသင္းမွာ ခရစၥတီယာနို ေရာ္နယ္ဒို ၊ ရိုင္ယန္ဂစ္နဲ႕ ေဒးဗစ္ဘက္ခမ္း တို႔လို ကစားသမားေတြ ကစားခဲ့ၾကတာ ကြၽန္ေတာ္ မွတ္မိေနပါေသးတယ္ ။

သူတို႔က ဂႏၲဝင္ကစားသမားေတြ ျဖစ္ၾကၿပီး အခုလိုမ်ိဳး သူတို႔ရဲ႕ မိသားစုဝင္ ျဖစ္ခြင့္ ရရွိခဲ့တဲ့ အတြက္ ကြၽန္ေတာ္ အရမ္းပဲ ေပ်ာ္႐ႊင္ရပါတယ္ ” လို႔ ဗာရန္း က ေျပာၾကားခဲ့လိုက္ ပါတယ္ ။

အဲ့ဒီေနာက္ သူ႕ရဲ႕အေၾကာင္းကို အတိုခ်ဳပ္ ေျပာၾကားဖို႔ အေမးခံလိုက္ရတဲ့ အခ်ိန္မွာေတာ့ ရာေဖးလ္ ဗာရန္းက ‘ အလုပ္ေတြ ႀကိဳးစားလိုသူ ‘ ၊ ‘ ေလးစားသမႈ ထားရွိသူ ‘ ၊ ‘ ရည္မွန္းခ်က္ ႀကီးမားသူ ‘ လို႔ လိုရင္းတိုရွင္း ေျဖၾကား သြားခဲ့လိုက္ ပါတယ္ ။