Spots news

ရီးရဲလ်မက်ဒရစ်ကစားသမား မာတင်အိုဒီဂတ်ကို အပြီးသတ်ခေါ်ယူနိုင်ခဲ့တဲ့ အာဆင်နယ်

Unicode Version

အာဆင်နယ်အသင်းဟာ လိုအပ်နေတဲ့ကွင်းလယ်တိုက်စစ်နေရာ အတွက် ရီးရဲလ်မက်ဒရစ်ကွင်းလယ် ကစားသမား မာတင်အိုဒီဂတ်ကို အပြီးသတ် ခေါ်ယူဖို့ နီးစပ်နေပါပြီ။ ‌ယူရို ၃၄ သန်းနဲ့ ခေါ်ယူမယ်လို့ သတင်းထွက်နေပြီး ငါးနှစ်စာချုပ် ချုပ်ဆိုမယ်လို့ သတင်းများက ဆိုပါတယ်။

Buy-back-clause စာချုပ် ပါဝင်လာခြင်း မရှိဘဲ ရီးရဲလ်မက်ဒရစ် အသင်းကလည်း အသင်းမှာကွင်းလယ် ကစားသမားတွေ များပြားနေတာကြောင့် အိုဒီဂတ်ကို ရောင်းထုတ်ဖို့ စီစဉ်ခဲ့တာလည်း ဖြစ်ပါတယ်။

၂၂ အရွယ် နော်ဝေး ကွင်းလယ် ကစားသမားဟာ ပြီးခဲ့တဲ့ ရာသီဝက်ကလည်း အာဆင်နယ်အသင်းမှာ လာရောက် ကစားဖူးသူဖြစ်ပြီး အထိုက်အသင့် ခြေစွမ်းပြ နိုင်ခဲ့ပါတယ်။ လာမယ့် အပတ် စူပါဆန်းဒေး ဖြစ်တဲ့ ချယ်လ်ဆီး အသင်းနဲ့ လန်ဒန်ဒါဘီ ပွဲစဉ်မှာ ပါဝင်နိုင်ဖို့လည်း ပစ်မှတ်ထားနေပါတယ်။

အိုဒီဂတ်ကို ခေါ်ယူနိုင်ခဲ့‌တာကြောင့် လက်စတာကွင်းလယ်လူ မက်ဒီဆန်ကို ခေါ်ယူဖို့ကိုတော့ မြင်တွေ့ရဖို့ မရှိတော့ဘဲ ရှက်ဖီးယူနိုက်တက် ဂိုးသမား ရမ်စဒယ် နဲ့ လိုင်ယွန် ကွင်းလယ်ကစားသမား အော်ဝါတို့ကို ခေါ်ယူဖို့လည်းပစ်မှတ် ထားနေပါတယ်။

Zawgyi Version

အာဆင္နယ္အသင္းဟာ လိုအပ္ေနတဲ့ကြင္းလယ္တိုက္စစ္ေနရာ အတြက္ ရီးရဲလ္မက္ဒရစ္ကြင္းလယ္ ကစားသမား မာတင္အိုဒီဂတ္ကို အၿပီးသတ္ ေခၚယူဖို႔ နီးစပ္ေနပါၿပီ။ ‌ယူရို ၃၄ သန္းနဲ႕ ေခၚယူမယ္လို႔ သတင္းထြက္ေနၿပီး ငါးႏွစ္စာခ်ဳပ္ ခ်ဳပ္ဆိုမယ္လို႔ သတင္းမ်ားက ဆိုပါတယ္။

Buy-back-clause စာခ်ဳပ္ ပါဝင္လာျခင္း မရွိဘဲ ရီးရဲလ္မက္ဒရစ္ အသင္းကလည္း အသင္းမွာကြင္းလယ္ ကစားသမားေတြ မ်ားျပားေနတာေၾကာင့္ အိုဒီဂတ္ကို ေရာင္းထုတ္ဖို႔ စီစဥ္ခဲ့တာလည္း ျဖစ္ပါတယ္။

၂၂ အ႐ြယ္ ေနာ္ေဝး ကြင္းလယ္ ကစားသမားဟာ ၿပီးခဲ့တဲ့ ရာသီဝက္ကလည္း အာဆင္နယ္အသင္းမွာ လာေရာက္ ကစားဖူးသူျဖစ္ၿပီး အထိုက္အသင့္ ေျခစြမ္းျပ နိုင္ခဲ့ပါတယ္။ လာမယ့္ အပတ္ စူပါဆန္းေဒး ျဖစ္တဲ့ ခ်ယ္လ္ဆီး အသင္းနဲ႕ လန္ဒန္ဒါဘီ ပြဲစဥ္မွာ ပါဝင္နိုင္ဖို႔လည္း ပစ္မွတ္ထားေနပါတယ္။

အိုဒီဂတ္ကို ေခၚယူနိုင္ခဲ့‌တာေၾကာင့္ လက္စတာကြင္းလယ္လူ မက္ဒီဆန္ကို ေခၚယူဖို႔ကိုေတာ့ ျမင္ေတြ႕ရဖို႔ မရွိေတာ့ဘဲ ရွက္ဖီးယူနိုက္တက္ ဂိုးသမား ရမ္စဒယ္ နဲ႕ လိုင္ယြန္ ကြင္းလယ္ကစားသမား ေအာ္ဝါတို႔ကို ေခၚယူဖို႔လည္းပစ္မွတ္ ထားေနပါတယ္။