Unicode Version
စပါးအသင်းတိုက်စစ်မှူးဟယ်ရီကိန်းဟာ အသင်းနဲ့အတူ လေ့ကျင့်ခန်းပြန်လည်ပြုလုပ်တော့မယ်လို့ Goal.com က အတည်ပြုဖော်ပြလိုက်ပါတယ်။ အင်္ဂလန်လက်ရွေးစင်ကစားသမားဟာ နည်းပြသစ်နူနိုလက်ထက်မှာ
အသင်းနဲ့အတူ လေ့ကျင့်ခန်းတောင်ဆင်းထားရသေးခြင်းမရှိသေးဘဲ အပြောင်းအရွှေ့ကိစ္စနဲ့ပတ်သက်ကာ စိတ်ရှုပ်ထွေးစရာအခြေအနေတွေကို ရင်ဆိုင်နေရပြီး ရာသီအစပွဲကိုလည်း လွဲချော်ထားခဲ့ပါတယ်။
အောင်မြင်မှုတွေရယူချင်နေတဲ့ ဟယ်ရီကိန်းက အသင်းပြောင်းရွှေ့ချင်နေပြီး သူ့ကို မန်စီးတီးက အလေးအနက်ထားကြိုးပမ်းမှုတွေ ပြုလုပ်နေတာလည်းဖြစ်ပါတယ်။ အသက် ၂၈ နှစ်အရွယ် ကစားသမားကို
စပါးကရောင်းချချင်စိတ်မရှိဘဲ အသင်းမှာသာ ဆက်လက်ထိန်းသိမ်းဖို့ ကြိုးစားနေကာ အသင်းနဲ့ ကိန်းကြားမှာ အဖုအထစ်တွေဖြစ်ပေါ်နေပြီး မန်စီးတီးဘက်ကလည်း စပါးအလိုရှိတဲ့ပြောင်းရွှေ့ကြေးမျိုးပေးချေကာ ခေါ်ယူဖို့ အသင့်ဖြစ်နေပါတယ်။
ဟယ်ရီကိန်းဟာ အင်္ဂလန်အတွက် ယူရိုပြိုင်ပွဲကစားပေးခဲ့ပြီးနောက် အားလပ်ရက်အနားယူနေခဲ့ပါတယ်။ အားလပ်ရက်ခရီးစဉ်က ပြန်ရောက်လာချိန်မှာ ကွာရန်တင်းဝင်နေခဲ့ရတယ်လို့ သိရပြီး စပါးအသင်းလေ့ကျင့်ရေးကွင်းက
ဟိုတယ်မှာနေထိုင်ကာ တစ်ဦးတည်းလေ့ကျင့်မှုတွေတော့ ပြုလုပ်လျက်ရှိကြောင်းလည်း သိရပါတယ်။ စပါးကတော့ ရာသီအဖွင့်ပွဲအဖြစ် မန်စီးတီးနဲ့ ရင်ဆိုင်ခဲ့ရပြီး ဆွန်ဟောင်မင်ရဲ့ တစ်လုံးတည်းသောသွင်းဂိုးနဲ့ အနိုင်ရရှိခဲ့ကာ အဆိုပါပွဲလူစာရင်းမှာတော့ ကိန်း မပါဝင်ခဲ့တာဖြစ်ပါတယ်။
စပါးနည်းပြနူနိုကလည်း ဟယ်ရီကိန်းကို အသင်းမှာသာဆက်လက်ရှိနေစေချင်တယ်လို့ ထုတ်ဖော်ပြောဆိုထားခဲ့ပါတယ်။ မန်စီးတီးကိုအနိုင်ရရှိခဲ့တဲ့ ပွဲအပြီးမှာ နူနိုက “ဟယ်ရီက ကျွန်တော်တို့နဲ့ လေ့ကျင့်မှုတွေပြုလုပ်နေပါတယ်၊ တနင်္ဂနွေနေ့မနက်ပိုင်းကလည်း သူ အသင်းကို
ကူညီဖို့အသင့်ဖြစ်နေခဲ့ပါတယ်၊ သူ အသင်းကထွက်ခွာမယ်လို့မထင်ဘူး၊ ဒါပေမယ့်လည်း သြဂုတ်လ ၃၁ ရက်နေ့မတိုင်ခင်အထိတော့ လိုအပ်သလို ကျွန်တော်တို့ ပြင်ဆင်သွားမှာပါ၊ ဘောလုံးမှာက ဘာမှအတပ်မပြောနိုင်ပါဘူး” လို့ ကိန်းရဲ့အနာဂတ်နဲ့ ပတ်သက်ပြီး ပြောဆိုခဲ့ပါတယ်။
Zawgyi Version
စပါးအသင္းတိုက္စစ္မႉးဟယ္ရီကိန္းဟာ အသင္းနဲ႕အတူ ေလ့က်င့္ခန္းျပန္လည္ျပဳလုပ္ေတာ့မယ္လို႔ Goal.com က အတည္ျပဳေဖာ္ျပလိုက္ပါတယ္။ အဂၤလန္လက္ေ႐ြးစင္ကစားသမားဟာ နည္းျပသစ္ႏူနိုလက္ထက္မွာ
အသင္းနဲ႕အတူ ေလ့က်င့္ခန္းေတာင္ဆင္းထားရေသးျခင္းမရွိေသးဘဲ အေျပာင္းအေ႐ႊ႕ကိစၥနဲ႕ပတ္သက္ကာ စိတ္ရႈပ္ေထြးစရာအေျခအေနေတြကို ရင္ဆိုင္ေနရၿပီး ရာသီအစပြဲကိုလည္း လြဲေခ်ာ္ထားခဲ့ပါတယ္။
ေအာင္ျမင္မႈေတြရယူခ်င္ေနတဲ့ ဟယ္ရီကိန္းက အသင္းေျပာင္းေ႐ႊ႕ခ်င္ေနၿပီး သူ႕ကို မန္စီးတီးက အေလးအနက္ထားႀကိဳးပမ္းမႈေတြ ျပဳလုပ္ေနတာလည္းျဖစ္ပါတယ္။ အသက္ ၂၈ ႏွစ္အ႐ြယ္ ကစားသမားကို
စပါးကေရာင္းခ်ခ်င္စိတ္မရွိဘဲ အသင္းမွာသာ ဆက္လက္ထိန္းသိမ္းဖို႔ ႀကိဳးစားေနကာ အသင္းနဲ႕ ကိန္းၾကားမွာ အဖုအထစ္ေတြျဖစ္ေပၚေနၿပီး မန္စီးတီးဘက္ကလည္း စပါးအလိုရွိတဲ့ေျပာင္းေ႐ႊ႕ေၾကးမ်ိဳးေပးေခ်ကာ ေခၚယူဖို႔ အသင့္ျဖစ္ေနပါတယ္။
ဟယ္ရီကိန္းဟာ အဂၤလန္အတြက္ ယူရိုၿပိဳင္ပြဲကစားေပးခဲ့ၿပီးေနာက္ အားလပ္ရက္အနားယူေနခဲ့ပါတယ္။ အားလပ္ရက္ခရီးစဥ္က ျပန္ေရာက္လာခ်ိန္မွာ ကြာရန္တင္းဝင္ေနခဲ့ရတယ္လို႔ သိရၿပီး စပါးအသင္းေလ့က်င့္ေရးကြင္းက
ဟိုတယ္မွာေနထိုင္ကာ တစ္ဦးတည္းေလ့က်င့္မႈေတြေတာ့ ျပဳလုပ္လ်က္ရွိေၾကာင္းလည္း သိရပါတယ္။ စပါးကေတာ့ ရာသီအဖြင့္ပြဲအျဖစ္ မန္စီးတီးနဲ႕ ရင္ဆိုင္ခဲ့ရၿပီး ဆြန္ေဟာင္မင္ရဲ႕ တစ္လုံးတည္းေသာသြင္းဂိုးနဲ႕ အနိုင္ရရွိခဲ့ကာ အဆိုပါပြဲလူစာရင္းမွာေတာ့ ကိန္း မပါဝင္ခဲ့တာျဖစ္ပါတယ္။
စပါးနည္းျပႏူနိုကလည္း ဟယ္ရီကိန္းကို အသင္းမွာသာဆက္လက္ရွိေနေစခ်င္တယ္လို႔ ထုတ္ေဖာ္ေျပာဆိုထားခဲ့ပါတယ္။ မန္စီးတီးကိုအနိုင္ရရွိခဲ့တဲ့ ပြဲအၿပီးမွာ ႏူနိုက “ဟယ္ရီက ကြၽန္ေတာ္တို႔နဲ႕ ေလ့က်င့္မႈေတြျပဳလုပ္ေနပါတယ္၊ တနဂၤေႏြေန႕မနက္ပိုင္းကလည္း သူ အသင္းကို
ကူညီဖို႔အသင့္ျဖစ္ေနခဲ့ပါတယ္၊ သူ အသင္းကထြက္ခြာမယ္လို႔မထင္ဘူး၊ ဒါေပမယ့္လည္း ၾသဂုတ္လ ၃၁ ရက္ေန႕မတိုင္ခင္အထိေတာ့ လိုအပ္သလို ကြၽန္ေတာ္တို႔ ျပင္ဆင္သြားမွာပါ၊ ေဘာလုံးမွာက ဘာမွအတပ္မေျပာနိုင္ပါဘူး” လို႔ ကိန္းရဲ႕အနာဂတ္နဲ႕ ပတ္သက္ၿပီး ေျပာဆိုခဲ့ပါတယ္။