Spots news

ပေါ့ဘာအပြင် တခြားအဓိက ကစားသမားတွေကိုပါ လစာတိုးပေးဖို့ပြင်ဆင်နေတဲ့ မန်ယူ

Unicode Version

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အဓိက ကစားသမားတွေ ဖြစ်တဲ့ ဘရူနိုဖာနန်ဒက်စ်၊ လုခ်ရှော၊ မက်ဂွိုင်းယား၊ ရပ်ရှ်ဖို့ဒ်တို့ကို စာချုပ်သက်တမ်းတိုးဖို့ဆန္ဒရှိနေပြီး အသင်းနဲ့စာချုပ်သက်တမ်း တိုးဖြစ်ရင် လက်ရှိရနေတဲ့လစာထက် ပိုမြင့်မားတဲ့ လစာငွေ ရရှိမာဖြစ်ပါတယ်။

ဒါ့အပြင် ဆိုးလ်ရှားဟာ ပေ့ါဘာကိုလည်း စာချုပ်သစ်ချုပ်ဖို့ ကြိုးစားနေပါတယ် ။ ပြီ လိဒ် အသင်းနဲ့ပွဲတုန်းက တစ်ပွဲတည်း ဂိုးဖန်တီးမှု ၄ ကြိမ်ပြုလုပ်ခဲ့တဲ့ပေ့ါဘာဟာ အသင်းနဲ့စာချုပ်သက်တမ်း ၁၁ လသာကျန်ရှိတော့ပြီး စာချုပ်သစ်ချုပ်ဆိုဖို့ မသေမချာ ဖြစ်နေပါတယ်

အဓိကကွင်းလယ်လူတစ်ဦးဖြစ်တဲ့ ဘရူနိုဖာနန်ဒက်စ်ဟာ အသင်းနဲ့ ၅ နှစ်အထိ စာချုပ်သက်တမ်းကျန်ရှိနေပေမယ့် တစ်ပတ်ကို ပေါင် ၁၀၀,၀၀၀ သာရရှိနေလို့

ယူနိုက်တက်အသင်းက ဘရူနိုဖာနန်ဒက်စ်ကို မကြာခင်ပေါင် ၂၅၀,၀၀၀ ပမာဏရှိလစာငွေ တိုးမြှင့်ပေးပြီးတော့ စာချုပ်သက်တမ်းတိုးဖို့ နီးစပ်နေပါပြီ။

ရပ်ရှ်ဖို့ဒ်၊ မက်ဂွိုင်းယားနဲ့လုခ်ရှောတို့ဟာ ယူနိုက်တက်အသင်းမှာ တစ်ပတ်ကို ပေါင် ၁၈၀,၀၀၀ ကနေ ပေါင် ၂၀၀,၀၀၀ အကြားရရှိနေပြီး သူတို့ကိုလည်း ဘရူနိုဖာနန်ဒက်စ်လိုပဲ လစာငွေတိုးမြှင့်ပြီးတော့ စာချုပ်သစ်ချုပ်ဆိုသွားဖို့ရှိနေပါတယ်။

ရပ်ရှ်ဖို့ဒ်နဲ့ လုခ်ရှောတို့ရဲ့ စာချုပ်သက်တမ်းက ၂ နှစ်သာ ကျန်ရှိတော့တာကြောင့် ယူနိုက်တက်အသင်းဟာ နောက်ထပ် နှစ်ရှည်စာချုပ် ချုပ်ဆိုသွားမှာဖြစ်သလို မက်ဂွိုင်းယားကတော့ ၂၀၂၅ ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေပါသေးတယ်။

ယူနိုက်တက် အသင်းမှာ လစာငွေအများဆုံးရရှိနေတာက ဂိုးသမားဒီဂီယာဖြစ်ပြီး ပေါင် ၃၇၅,၀၀၀ အထိရရှိနေသလို သူ့နောက်မှာ ပေ့ါဘာက တစ်ပတ်ပေါင် ၂၉၀,၀၀၀ နဲ့ ဒုတိယအများဆုံး ဖြစ်နေပါတယ်။

ယူနိုက်တက်အသင်းဟာ ပေ့ါဘာရဲ့ လက်ရွေးစင်အသင်းဖော် ဗာရန်းကို ခေါ်ယူနိုင်ခဲ့ပြီး အသင်းဖော်တွေကလည်း အသင်းမှာ ပေ့ါဘာဆက်ရှိနေအောင် ဖျောင်းဖျနေတာကြောင့် မကြာခင် ပေ့ါဘာဟာ ယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်း တိုးမယ့်အနေအထား ရှိနေပါပြီ။

Zawgyi Version

မန္ခ်က္စတာ ယူနိုက္တက္အသင္းဟာ အဓိက ကစားသမားေတြ ျဖစ္တဲ့ ဘ႐ူနိုဖာနန္ဒက္စ္၊ လုခ္ေရွာ၊ မက္ဂြိုင္းယား၊ ရပ္ရွ္ဖို႔ဒ္တို႔ကို စာခ်ဳပ္သက္တမ္းတိုးဖို႔ဆႏၵရွိေနၿပီး အသင္းနဲ႕စာခ်ဳပ္သက္တမ္း တိုးျဖစ္ရင္ လက္ရွိရေနတဲ့လစာထက္ ပိုျမင့္မားတဲ့ လစာေငြ ရရွိမာျဖစ္ပါတယ္။

ဒါ့အျပင္ ဆိုးလ္ရွားဟာ ေပ့ါဘာကိုလည္း စာခ်ဳပ္သစ္ခ်ဳပ္ဖို႔ ႀကိဳးစားေနပါတယ္ ။ ၿပီ လိဒ္ အသင္းနဲ႕ပြဲတုန္းက တစ္ပြဲတည္း ဂိုးဖန္တီးမႈ ၄ ႀကိမ္ျပဳလုပ္ခဲ့တဲ့ေပ့ါဘာဟာ အသင္းနဲ႕စာခ်ဳပ္သက္တမ္း ၁၁ လသာက်န္ရွိေတာ့ၿပီး စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို႔ မေသမခ်ာ ျဖစ္ေနပါတယ္

အဓိကကြင္းလယ္လူတစ္ဦးျဖစ္တဲ့ ဘ႐ူနိုဖာနန္ဒက္စ္ဟာ အသင္းနဲ႕ ၅ ႏွစ္အထိ စာခ်ဳပ္သက္တမ္းက်န္ရွိေနေပမယ့္ တစ္ပတ္ကို ေပါင္ ၁၀၀,၀၀၀ သာရရွိေနလို႔ ယူနိုက္တက္အသင္းက ဘ႐ူနိုဖာနန္ဒက္စ္ကို မၾကာခင္ေပါင္ ၂၅၀,၀၀၀ ပမာဏရွိလစာေငြ တိုးျမႇင့္ေပးၿပီးေတာ့ စာခ်ဳပ္သက္တမ္းတိုးဖို႔ နီးစပ္ေနပါၿပီ။

ရပ္ရွ္ဖို႔ဒ္၊ မက္ဂြိုင္းယားနဲ႕လုခ္ေရွာတို႔ဟာ ယူနိုက္တက္အသင္းမွာ တစ္ပတ္ကို ေပါင္ ၁၈၀,၀၀၀ ကေန ေပါင္ ၂၀၀,၀၀၀ အၾကားရရွိေနၿပီး သူတို႔ကိုလည္း ဘ႐ူနိုဖာနန္ဒက္စ္လိုပဲ လစာေငြတိုးျမႇင့္ၿပီးေတာ့ စာခ်ဳပ္သစ္ခ်ဳပ္ဆိုသြားဖို႔ရွိေနပါတယ္။

ရပ္ရွ္ဖို႔ဒ္နဲ႕ လုခ္ေရွာတို႔ရဲ႕ စာခ်ဳပ္သက္တမ္းက ၂ ႏွစ္သာ က်န္ရွိေတာ့တာေၾကာင့္ ယူနိုက္တက္အသင္းဟာ ေနာက္ထပ္ ႏွစ္ရွည္စာခ်ဳပ္ ခ်ဳပ္ဆိုသြားမွာျဖစ္သလို မက္ဂြိုင္းယားကေတာ့ ၂၀၂၅ ခုႏွစ္အထိ စာခ်ဳပ္သက္တမ္း က်န္ရွိေနပါေသးတယ္။

ယူနိုက္တက္ အသင္းမွာ လစာေငြအမ်ားဆုံးရရွိေနတာက ဂိုးသမားဒီဂီယာျဖစ္ၿပီး ေပါင္ ၃၇၅,၀၀၀ အထိရရွိေနသလို သူ႕ေနာက္မွာ ေပ့ါဘာက တစ္ပတ္ေပါင္ ၂၉၀,၀၀၀ နဲ႕ ဒုတိယအမ်ားဆုံး ျဖစ္ေနပါတယ္။

ယူနိုက္တက္အသင္းဟာ ေပ့ါဘာရဲ႕ လက္ေ႐ြးစင္အသင္းေဖာ္ ဗာရန္းကို ေခၚယူနိုင္ခဲ့ၿပီး အသင္းေဖာ္ေတြကလည္း အသင္းမွာ ေပ့ါဘာဆက္ရွိေနေအာင္ ေဖ်ာင္းဖ်ေနတာေၾကာင့္ မၾကာခင္ ေပ့ါဘာဟာ ယူနိုက္တက္အသင္းနဲ႕ စာခ်ဳပ္သက္တမ္း တိုးမယ့္အေနအထား ရွိေနပါၿပီ။