Spots news

ကင်ဆာနောက်ဆုံးအဆင့်ရှိ သရဲနီ ပရိတ်သတ်ကို အသင်းထံ ဖိတ်ကြားလိုက်တဲ့ ယူနိုက်တက်

Unicode Version

ယူနိုက်တက်နည်းပြ အိုလီဂန်နာဆိုးရှားဟာ လာမယ့် အိမ်ကွင်းပွဲစဥ်တစ်ခုမှာ အစာအိမ်ကင်ဆာကြောင့် ၅လ ခန့်သာ အသက်ရှင်နေထိုင်ရတော့မယ့် ယူနိုက်တက်ပရိတ်သတ် ပေါလ်ဝေါ်ကာကို အိုးထရက်ဖို့ဒ်ဆီ ဖိတ်ကြားဂုဏ်ပြုပေးမယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့လကမှ ဆရာဝန်ဆီကနေ ၅လလောက်သာ နေရတော့မယ့် သတင်းဆိုးကို ကြားသိရပြီးနောက် ဝေါ်ကာဟာ ကျန်ရှိနေတဲ့ အချိန်အနည်းငယ်ကို သူချစ်တဲ့ မိသားစု

သူငယ်ချင်းများနဲ့အတူ ကုန်ဆုံးစေချင်သလို သူနှစ်သက်အားပေးတဲ့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ပွဲစဥ်ကိုလည်း တက်ရောက်အားပေးဖို့ ဆုံးဖြတ်ထားတယ်လို့ သိရပါတယ်။

ပွဲကြည့်လက်မှတ်အတွက် မူလက သူ့ရဲ့သူငယ်ချင်းဖြစ်သူထံမှ တောင်းယူထားသော်လည်း အဆိုပါ သတင်းကို ကြားသိလိုက်ရတဲ့ ယူနိုက်တက်အသင်းက အဆိုပါ ပေါလ်ဝေါ်ကာအတွက် စက်တင်ဘာ ၁၁ရက်နေ့မှာ

ကစားမယ့် ပွဲစဥ်ကို တက်ရောက်ခွင့် VIP လက်မှတ်ကို ပေးမည်ဖြစ်ကြောင်းအကြောင်းပြန်ခဲ့သလို ကိုဗစ်စည်းမျဥ်းများတဲ့ မငြိပါက နည်းပြ ဆိုးလ်ရှားအပါအဝင် ကစားသမားများနဲ့ပါ မိတ်ဆက်ပေးမည့် အစီအစဉ်ကို ထည့်သွင်းသွားမှာ ဖြစ်ကြောင်း သိရှိရပါတယ် ။

Zawgyi Version

ယူနိုက္တက္နည္းျပ အိုလီဂန္နာဆိုးရွားဟာ လာမယ့္ အိမ္ကြင္းပြဲစဥ္တစ္ခုမွာ အစာအိမ္ကင္ဆာေၾကာင့္ ၅လ ခန့္သာ အသက္ရွင္ေနထိုင္ရေတာ့မယ့္ ယူနိုက္တက္ပရိတ္သတ္ ေပါလ္ေဝၚကာကို အိုးထရက္ဖို႔ဒ္ဆီ ဖိတ္ၾကားဂုဏ္ျပဳေပးမယ္လို႔ သိရပါတယ္။

ၿပီးခဲ့တဲ့လကမွ ဆရာဝန္ဆီကေန ၅လေလာက္သာ ေနရေတာ့မယ့္ သတင္းဆိုးကို ၾကားသိရၿပီးေနာက္ ေဝၚကာဟာ က်န္ရွိေနတဲ့ အခ်ိန္အနည္းငယ္ကို သူခ်စ္တဲ့ မိသားစု

သူငယ္ခ်င္းမ်ားနဲ႕အတူ ကုန္ဆုံးေစခ်င္သလို သူႏွစ္သက္အားေပးတဲ့ မန္ခ်က္စတာယူနိုက္တက္အသင္းရဲ႕ ပြဲစဥ္ကိုလည္း တက္ေရာက္အားေပးဖို႔ ဆုံးျဖတ္ထားတယ္လို႔ သိရပါတယ္။

ပြဲၾကည့္လက္မွတ္အတြက္ မူလက သူ႕ရဲ႕သူငယ္ခ်င္းျဖစ္သူထံမွ ေတာင္းယူထားေသာ္လည္း အဆိုပါ သတင္းကို ၾကားသိလိုက္ရတဲ့ ယူနိုက္တက္အသင္းက အဆိုပါ ေပါလ္ေဝၚကာအတြက္ စက္တင္ဘာ ၁၁ရက္ေန႕မွာ

ကစားမယ့္ ပြဲစဥ္ကို တက္ေရာက္ခြင့္ VIP လက္မွတ္ကို ေပးမည္ျဖစ္ေၾကာင္းအေၾကာင္းျပန္ခဲ့သလို ကိုဗစ္စည္းမ်ဥ္းမ်ားတဲ့ မၿငိပါက နည္းျပ ဆိုးလ္ရွားအပါအဝင္ ကစားသမားမ်ားနဲ႕ပါ မိတ္ဆက္ေပးမည့္ အစီအစဥ္ကို ထည့္သြင္းသြားမွာ ျဖစ္ေၾကာင္း သိရွိရပါတယ္ ။