Spots news

ယူနိုက်တက်ကို ပြန်လာနိုင်ချေရှိနေတဲ့ ပရိတ်သတ်အချစ်တော် သရဲနီနောက်ခံလူ

Unicode Version

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဘာရှက်ဆီဟာနဲ့လမ်းခွဲလိုက်ပြီး အသင်းလက်မဲ့ဖြစ်နေတဲ့ ပရိတ်သတ်အချစ်တောိ ရာဖေးကို ပြန်လည်ခေါ်ယူဘို့. ယူနိုက်တက် အသင်းက စိတ်ဝင်စားနေတယ်လို့ သိရပါတယ် ။

ဘရာဇီး နောက်တန်း ကစားသမား ရာဖေး သည် လိုင်ယွန်အသင်းနဲ့လမ်းခွဲပြီးတဲ့နောက် ပြီးခဲ့တဲ့နှစ်၊ စက်တင်ဘာလတုန်းက ဘာရှက်ဆီဟာအသင်းဆီ 2 နှစ် စာချုပ်နဲ့ပြောင်းရွှေ့ခဲ့ပြီး စာချုပ်သက်တမ်းကုန်ရင် နောက်ထပ် 1နှစ် သက်တမ်းတိုးသွားဖို့ သဘောတူညီချက်လည်း ပါဝင်ခဲ့ပါတယ်။

ဒါပေမဲ့လည်း ဘာရှက်ဆီဟာအသင်းမှာ 1 ရာသီသာကစားခဲ့ပြီးတဲ့နောက် ရာဖေးလ်က အသင်းနဲ့လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်သွားမယ်လို့ သူ့ရဲ့ Instagram မှာ Post တင်ခဲ့ပါတယ်။

ရာဖေး က “ကျွန်တော့်အပေါ် ယုံကြည်မှုထားပေးခဲ့တဲ့ ဘာရှက်ဆီဟာ အသင်းနဲ့ အသင်းနည်းပြ ဘူရက်တို့ကို ကျေးဇူးတင်ပါတယ်။ အခုလိုဖြစ်သွားတဲ့အတွက်လည်း စိတ်မကောင်းဖြစ်မိပြီး ဘောလုံးလောကမှာ ဒီလိုမျိုးအခြေအနေတွေက ဖြစ်နေကျပါပဲ။ ဒီရာသီမှာတော့ အသင်းနဲ့အတူတူ

တိုက်ပွဲဝင်ခွင့်မရှိတော့ဘဲ ဒီအသင်းမှာ ကစားခဲ့တဲ့ကာလတွေအတွင်း အနိမ့်အမြင့်အတက်အကျတွေနဲ့ ရင်ဆိုင်ဖြတ်သန်းခဲ့ရပါတယ်။ အခုအချိန်မှာတော့ စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ဖြတ်သန်းရတော့မှာပါ”လို့ ရေးသားခဲ့ပါတယ်။ ယူနိုက်တက်ဂန္ထဝင်နည်းကြီးဖာဂူဆန်လက်ထက်တုန်းက 2008 ခုနှစ်မှာ ဖလူမင်နိအသင်းကနေ ရာဖေး ကို ခေါ်ယူစာချုပ်ခဲ့ပြီး

ရာဖေး သည် အသင်းနဲ့အတူ ပရီးမီးယားလိဂ်၊ လိဂ်ဖလား၊ ဖီဖာကလပ်ကမ္ဘာ့ဖလားတွေရယူနိုင်ခဲ့ပေမယ့် ဗန်ဟား လက်ထက်မှာ ဆက်ဆံရေးအဆင်မပြေဖြစ်ခဲ့တာကြောင့် 2015 ခုနှစ်မှာ လိုင်ယွန်အသင်းဆီပြောင်းရွှေ့ခဲ့သူဖြစ်ပါတယ်။

Zawgyi Version

မန္ခ်က္စတာ ယူနိုက္တက္ အသင္းဟာ ဘာရွက္ဆီဟာနဲ႕လမ္းခြဲလိုက္ၿပီး အသင္းလက္မဲ့ျဖစ္ေနတဲ့ ပရိတ္သတ္အခ်စ္ေတာိ ရာေဖးကို ျပန္လည္ေခၚယူဘို႔. ယူနိုက္တက္ အသင္းက စိတ္ဝင္စားေနတယ္လို႔ သိရပါတယ္ ။

ဘရာဇီး ေနာက္တန္း ကစားသမား ရာေဖး သည္ လိုင္ယြန္အသင္းနဲ႕လမ္းခြဲၿပီးတဲ့ေနာက္ ၿပီးခဲ့တဲ့ႏွစ္၊ စက္တင္ဘာလတုန္းက ဘာရွက္ဆီဟာအသင္းဆီ 2 ႏွစ္ စာခ်ဳပ္နဲ႕ေျပာင္းေ႐ႊ႕ခဲ့ၿပီး စာခ်ဳပ္သက္တမ္းကုန္ရင္ ေနာက္ထပ္ 1ႏွစ္ သက္တမ္းတိုးသြားဖို႔ သေဘာတူညီခ်က္လည္း ပါဝင္ခဲ့ပါတယ္။

ဒါေပမဲ့လည္း ဘာရွက္ဆီဟာအသင္းမွာ 1 ရာသီသာကစားခဲ့ၿပီးတဲ့ေနာက္ ရာေဖးလ္က အသင္းနဲ႕လမ္းခြဲဖို႔ ဆုံးျဖတ္ခဲ့တာျဖစ္ၿပီး စိန္ေခၚမႈအသစ္ေတြကို ရင္ဆိုင္သြားမယ္လို႔ သူ႕ရဲ႕ Instagram မွာ Post တင္ခဲ့ပါတယ္။

ရာေဖး က “ကြၽန္ေတာ့္အေပၚ ယုံၾကည္မႈထားေပးခဲ့တဲ့ ဘာရွက္ဆီဟာ အသင္းနဲ႕ အသင္းနည္းျပ ဘူရက္တို႔ကို ေက်းဇူးတင္ပါတယ္။ အခုလိုျဖစ္သြားတဲ့အတြက္လည္း စိတ္မေကာင္းျဖစ္မိၿပီး ေဘာလုံးေလာကမွာ ဒီလိုမ်ိဳးအေျခအေနေတြက ျဖစ္ေနက်ပါပဲ။ ဒီရာသီမွာေတာ့ အသင္းနဲ႕အတူတူ

တိုက္ပြဲဝင္ခြင့္မရွိေတာ့ဘဲ ဒီအသင္းမွာ ကစားခဲ့တဲ့ကာလေတြအတြင္း အနိမ့္အျမင့္အတက္အက်ေတြနဲ႕ ရင္ဆိုင္ျဖတ္သန္းခဲ့ရပါတယ္။ အခုအခ်ိန္မွာေတာ့ စိန္ေခၚမႈအသစ္ေတြကို ရင္ဆိုင္ျဖတ္သန္းရေတာ့မွာပါ”လို႔ ေရးသားခဲ့ပါတယ္။ ယူနိုက္တက္ဂႏၳဝင္နည္းႀကီးဖာဂူဆန္လက္ထက္တုန္းက 2008 ခုႏွစ္မွာ ဖလူမင္နိအသင္းကေန ရာေဖး ကို ေခၚယူစာခ်ဳပ္ခဲ့ၿပီး

ရာေဖး သည္ အသင္းနဲ႕အတူ ပရီးမီးယားလိဂ္၊ လိဂ္ဖလား၊ ဖီဖာကလပ္ကမာၻ႔ဖလားေတြရယူနိုင္ခဲ့ေပမယ့္ ဗန္ဟား လက္ထက္မွာ ဆက္ဆံေရးအဆင္မေျပျဖစ္ခဲ့တာေၾကာင့္ 2015 ခုႏွစ္မွာ လိုင္ယြန္အသင္းဆီေျပာင္းေ႐ႊ႕ခဲ့သူျဖစ္ပါတယ္။