Spots news

ထုတ်ပယ်ခံရမည့်နည်းပြ စာရင်းမှာ ထိပ်ဆုံးက အလေးပေးခံနေရတဲ့ နည်းပြ အာတီတာ

Unicode Version

၂၀၂၁-၂၂ ပရီးမီးယားလိဂ်ပြိုင်ပွဲအတွက် အသင်းနှင့် ပထမဆုံး လမ်းခွဲရမည့် နည်းပြရေပန်းစားမှုမှာ အာဆင်နယ်အသင်းနှင့်လမ်းခွဲရရန် နီးစပ်နေတဲ့ စပိန်လူမျိုးနည်းပြ အာတီတာဟာ လမ်းခွဲရန် အလေးပေးချက် ပိုမိုမြင့်တက် လာပါတယ်

အာတီတာဟာ ယခုရာသီအစ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်မှာ တန်းတက် ဘရန့်ဖို့ဒ်အသင်းအား ၀-၂ ဂိုးဖြင့် အရေးနိမ့်ခဲ့ပြီး  ထိုပွဲပြီးကတည်းက ရေပန်းစားမှုမှာ ထိပ်ဆုံးသို့ ရောက်ရှိလာခြင်း ဖြစ်ပါတယ်။

ထိုပွဲအပြီးမှာ လောင်းကစားကုမ္ပဏီ တစ်ခုဖြစ်တဲ့ Betfair မှထုတ်ပြန်တဲ့ အလေးပေးချက်၌ အာတီတာသည် ၇း၂ လေးဖြင့် နံပါတ်တစ်နေရာတွင် ရှိခဲ့ပြီး ယခုအခါ ၁း၁ လေးအထိ မြင့်တက်လာ ခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ လာမယ့်ပရီးမီးယားလိဂ် ပွဲစဉ်နှစ်ပွဲမှာ ချယ်လ်ဆီးကို အိမ်ကွင်း ၊ မန်စီးတီးကို အဝေးကွင်းမှာ ဆက်တိုက်ကစားရမည် ဖြစ်တဲ့ အတွက် ရေပန်းစားမှုမှာ ပိုမိုမြင့်တက်ခဲ့ခြင်းဖြစ်သည်ဟု သတင်းများက သုံးသပ်ဖော်ပြ ထားကြပါတယ်။

အသက် ၃၉ နှစ်အရွယ်ရှိ နည်းပြ အာတီတာဟာ  ၂၀၁၉ ဒီဇင်ဘာလ ၂၂ ရက်နေ့မှ ၂၀၂၃ ခုနှစ်အထိသက်တမ်းရှိတဲ့ စာချုပ်တစ်ရပ်ဖြင့် ရာထူးမှ ထုတ်ပယ်ခံရတဲ့ အူနိုင်းအမ်မရီရဲ့ နေရာမှာအစားထိုး တာဝန်ယူခဲ့‌တဲ့ နည်းပြဖြစ်ပါတယ်။

အာတီတာဟာ အသင်းကိုရောက်စက FA ဖလားနှင့် ကွန်မြူနတီဒိုင်း ကို အသင်းအတွက် ရယူပေး နိုင်ခဲ့သော်လည်း နှစ်ရာသီဆက်တိုက် အဆင့်ရှစ်နေရာသာရရှိခဲ့ပြီး ပြီးခဲ့သည့်ရာသီက ၁၉၉၄-၉၅ ရာသီနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဥရောပဝင်ခွင့်နှင့် လွဲချော်ခဲ့ရပါတယ်။

Zawgyi Version

၂၀၂၁-၂၂ ပရီးမီးယားလိဂ္ၿပိဳင္ပြဲအတြက္ အသင္းႏွင့္ ပထမဆုံး လမ္းခြဲရမည့္ နည္းျပေရပန္းစားမႈမွာ အာဆင္နယ္အသင္းႏွင့္လမ္းခြဲရရန္ နီးစပ္ေနတဲ့ စပိန္လူမ်ိဳးနည္းျပ အာတီတာဟာ လမ္းခြဲရန္ အေလးေပးခ်က္ ပိုမိုျမင့္တက္ လာပါတယ္

အာတီတာဟာ ယခုရာသီအစ ပရီးမီးယားလိဂ္အဖြင့္ပြဲစဥ္မွာ တန္းတက္ ဘရန႔္ဖို႔ဒ္အသင္းအား ၀-၂ ဂိုးျဖင့္ အေရးနိမ့္ခဲ့ၿပီး  ထိုပြဲၿပီးကတည္းက ေရပန္းစားမႈမွာ ထိပ္ဆုံးသို႔ ေရာက္ရွိလာျခင္း ျဖစ္ပါတယ္။

ထိုပြဲအၿပီးမွာ ေလာင္းကစားကုမၸဏီ တစ္ခုျဖစ္တဲ့ Betfair မွထုတ္ျပန္တဲ့ အေလးေပးခ်က္၌ အာတီတာသည္ ၇း၂ ေလးျဖင့္ နံပါတ္တစ္ေနရာတြင္ ရွိခဲ့ၿပီး ယခုအခါ ၁း၁ ေလးအထိ ျမင့္တက္လာ ခဲ့ပါတယ္။

အာဆင္နယ္အသင္းဟာ လာမယ့္ပရီးမီးယားလိဂ္ ပြဲစဥ္ႏွစ္ပြဲမွာ ခ်ယ္လ္ဆီးကို အိမ္ကြင္း ၊ မန္စီးတီးကို အေဝးကြင္းမွာ ဆက္တိုက္ကစားရမည္ ျဖစ္တဲ့ အတြက္ ေရပန္းစားမႈမွာ ပိုမိုျမင့္တက္ခဲ့ျခင္းျဖစ္သည္ဟု သတင္းမ်ားက သုံးသပ္ေဖာ္ျပ ထားၾကပါတယ္။

အသက္ ၃၉ ႏွစ္အ႐ြယ္ရွိ နည္းျပ အာတီတာဟာ  ၂၀၁၉ ဒီဇင္ဘာလ ၂၂ ရက္ေန႕မွ ၂၀၂၃ ခုႏွစ္အထိသက္တမ္းရွိတဲ့ စာခ်ဳပ္တစ္ရပ္ျဖင့္ ရာထူးမွ ထုတ္ပယ္ခံရတဲ့ အူနိုင္းအမ္မရီရဲ႕ ေနရာမွာအစားထိုး တာဝန္ယူခဲ့‌တဲ့ နည္းျပျဖစ္ပါတယ္။

အာတီတာဟာ အသင္းကိုေရာက္စက FA ဖလားႏွင့္ ကြန္ျမဴနတီဒိုင္း ကို အသင္းအတြက္ ရယူေပး နိုင္ခဲ့ေသာ္လည္း ႏွစ္ရာသီဆက္တိုက္ အဆင့္ရွစ္ေနရာသာရရွိခဲ့ၿပီး ၿပီးခဲ့သည့္ရာသီက ၁၉၉၄-၉၅ ရာသီေနာက္ပိုင္း ပထမဆုံးအႀကိမ္အျဖစ္ ဥေရာပဝင္ခြင့္ႏွင့္ လြဲေခ်ာ္ခဲ့ရပါတယ္။