Spots news

အာဆင်နယ်နဲ့ ပွဲမှာ ပါဝင်ခွင့်ရဖို့ ကြိုးစားနေတဲ့ ချယ်လ်ဆီးတိုက်စစ်မှူး လူကာကူ

Unicode Version

ချယ်လ်ဆီးအသင်းရဲ့ တိုက်စစ်မှူးသစ် လူကာကူဟာ ယခုတစ်ပတ် အာဆင်နယ်အသင်းနှင့် ယှဉ်ပြိုင်ရမည့် ပရီးမီးယားလိဂ်ပွဲတွင် ပါဝင်ကစားနိုင်ရန် မျှော်လင့်နေကြောင်း သိရပါတယ်။

လူကာကူဟာ Quarantine ကာလပြည့်မြောက် ပြီးနောက်  အသင်းနှင့်အတူ စတင်လေ့ကျင့် နေပြီ ဖြစ်ပြီး တနင်္ဂနွေနေ့တွင် ယှဉ်ပြိုင်ရမည့် အာဆင်နယ်နှင့်ပွဲ တွင် ပါဝင်နိုင်ရန် ပစ်မှတ်ထားနေခြင်း ဖြစ်ပါတယ်။

ချယ်လ်ဆီးနည်းပြ တူဟယ်လ်ကလည်း တိုက်စစ်မှူးသစ် လူကာကူနှင့် ကွင်းလယ် ကစားသမား ကွန်တေတို့ အာဆင်နယ်နှင့် ပွဲတွင် ပါဝင် ကစားနိုင်ဖွယ်ရှိ‌ကြောင်း ပြောကြားထားပါတယ်။

ချယ်လ်ဆီးအသင်းဟာ ယခုရာသီတွင် အသင်းကစားသမားများ ဝတ်ဆင်မည့် ကျောနံပါတ်များကို အတည်ပြုထုတ်ပြန်ခဲ့ပြီး အသင်းရဲ့ ပြောင်းရွှေ့ကြေးစံချိန်ရှင် လူကာကူဟာ ကျောနံပါတ် ၉ ဝတ်ဆင်သွားမှာလဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ လူကာကူဟာအင်တာမီလန်အတွက် သွင်းဂိုး ၂၄ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ကာ စီးရီးအေ ချန်ပီယံဆု ရယူနိုင်ခဲ့သလို ဒုတိယဂိုးသွင်းအများဆုံး အဖြစ် ရော်နယ်ဒိုရဲ့ နောက်မှာရှိခဲ့ပြီး စီးရီးအေတစ်နှစ်တာအကောင်းဆုံးကစားသမားဆုကိုလည်း ရရှိခဲ့ပါတယ်။

Zawgyi Version

ချယ်လ်ဆီးအသင်းရဲ့ တိုက်စစ်မှူးသစ် လူကာကူသဟာ ယခုတစ်ပတ် အာဆင်နယ်အသင်းနှင့် ယှဉ်ပြိုင်ရမည့် ပရီးမီးယားလိဂ်ပွဲတွင် ပါဝင်ကစားနိုင်ရန် မျှော်လင့်နေကြောင်း သိရပါတယ်။



