Spots news

ပြိုင်ဘက်တွေကို အမှီလိုက်ဖို့ ၂၄ နာရီအတွင်း ကစားသမား၂ ဦးခေါ်ခဲ့တဲ့ အာကြီး

Unicode Version

လက်ရှိ နွေဈေးကွက် အတွင်းမှာ အာဆင်နယ်အသင်းဟာ ဘန်ဝှိုက် ၊ လိုကွန်ညာ ၊ တာဗာရက်တို့ကို အသင်းအတွက် အင်အားဖြည့် ခေါ်ယူထားပြီး ပြီးခဲ့တဲ့ ၂၄နာရီ အတွင်းမှာလဲ ရီးရဲလ် ကွင်းလယ်လူ အိုဒီဂတ်နဲ့ ရှက်ဖီးလ် အသင်းရဲ့ လူငယ်ဂိုးသမား ရမ်စဒယ်တို့ကို ခေါ်ယူဖို့ သဘောတူညီမှု ရယူနိုင်ခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ကွင်းလယ်တိုက်စစ် နေရာကို အင်အားဖြည့်တင်းဖို့ အာဝါ ၊ မက်ဒီဆင်တို့ကို ခေါ်ယူဖို့ ကြိုးစားခဲ့ဖူးပြီး အခုတော့ ပြီးခဲ့တဲ့ရာသီက အသင်းမှာ ရာသီဝက်အငှားနဲ့ လာရောကကစားခဲ့တြဲ အိုဒီဂတ်ကို ယူရို ၃၅သန်း + အပိုဆုကြေးတွေနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့တာ ဖြစ်ပါတယ်။

အိုဒီဂတ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ အာဆင်နယ်အသင်းထံ အငှားနဲ့ လာရောက် ကစားခဲ့ဖူးပြီး ၂ဂိုးသွင်း ၂ဂိုး ဖန်တီးပေးနိုင်ခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ အိုဒီဂတ်ကို ၂၀၂၆ခုနှစ် ဇွန်လ အထိ သက်တမ်း ရှိမယ့် စာချုပ်တရပ် ချုပ်ဆိုသွားဖို့ ရှိနေပါတယ်။

အိုဒီဂတ်ကို ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့ပြီး အာဆင်နယ်အသင်းဟာ အမှားအယွင်းတွေ များနေတဲ့ ဂိုးသမား လေနိုကို ဖိအားပေးဖို့ ရှက်ဖီးလ်အသင်းနဲ့ အတူ လက်စွမ်းကောင်းတွေ ထုတ်ပြနိုင်ခဲ့တဲ့ လူငယ် ဂိုးသမား ရမ်စဒယ်ကို ခေါ်ယူဖို့ ဆက်လက် ကြိုးပမ်းခဲ့ရာ သဘောတူညီမှု ရယူနိုင်ခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ရမ်စဒယ်ကို ကနဦး ပြောင်းရွှေ့ကြေး ယူရို ၂၄သန်း + အပိုဆုကြေး ယူရို ၆သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့တာ ဖြစ်ပြီး ရမ်စဒယ်ကို ၄နှစ် + ၁နှစ် ထပ်မံ သက်တမ်းတိုးခွင့် ပါဝင်တဲ့ စာချုပ်တရပ် ချုပ်ဆိုဖို့ ရှိနေပါတယ်။

Zawgyi Version

လက္ရွိ ေႏြေဈးကြက္ အတြင္းမွာ အာဆင္နယ္အသင္းဟာ ဘန္ဝွိုက္ ၊ လိုကြန္ညာ ၊ တာဗာရက္တို႔ကို အသင္းအတြက္ အင္အားျဖည့္ ေခၚယူထားၿပီး ၿပီးခဲ့တဲ့ ၂၄နာရီ အတြင္းမွာလဲ ရီးရဲလ္ ကြင္းလယ္လူ အိုဒီဂတ္နဲ႕ ရွက္ဖီးလ္ အသင္းရဲ႕ လူငယ္ဂိုးသမား ရမ္စဒယ္တို႔ကို ေခၚယူဖို႔ သေဘာတူညီမႈ ရယူနိုင္ခဲ့ပါတယ္။

အာဆင္နယ္အသင္းဟာ ကြင္းလယ္တိုက္စစ္ ေနရာကို အင္အားျဖည့္တင္းဖို႔ အာဝါ ၊ မက္ဒီဆင္တို႔ကို ေခၚယူဖို႔ ႀကိဳးစားခဲ့ဖူးၿပီး အခုေတာ့ ၿပီးခဲ့တဲ့ရာသီက အသင္းမွာ ရာသီဝက္အငွားနဲ႕ လာေရာကကစားခဲ့ႀတဲ အိုဒီဂတ္ကို ယူရို ၃၅သန္း + အပိုဆုေၾကးေတြနဲ႕ ေခၚယူဖို႔ သေဘာတူညီမႈ ရခဲ့တာ ျဖစ္ပါတယ္။

အိုဒီဂတ္ဟာ ၿပီးခဲ့တဲ့ ေဘာလုံးရာသီမွာ အာဆင္နယ္အသင္းထံ အငွားနဲ႕ လာေရာက္ ကစားခဲ့ဖူးၿပီး ၂ဂိုးသြင္း ၂ဂိုး ဖန္တီးေပးနိုင္ခဲ့ပါတယ္။ အာဆင္နယ္အသင္းဟာ အိုဒီဂတ္ကို ၂၀၂၆ခုႏွစ္ ဇြန္လ အထိ သက္တမ္း ရွိမယ့္ စာခ်ဳပ္တရပ္ ခ်ဳပ္ဆိုသြားဖို႔ ရွိေနပါတယ္။

အိုဒီဂတ္ကို ေခၚယူဖို႔ သေဘာတူညီမႈ ရခဲ့ၿပီး အာဆင္နယ္အသင္းဟာ အမွားအယြင္းေတြ မ်ားေနတဲ့ ဂိုးသမား ေလနိုကို ဖိအားေပးဖို႔ ရွက္ဖီးလ္အသင္းနဲ႕ အတူ လက္စြမ္းေကာင္းေတြ ထုတ္ျပနိုင္ခဲ့တဲ့ လူငယ္ ဂိုးသမား ရမ္စဒယ္ကို ေခၚယူဖို႔ ဆက္လက္ ႀကိဳးပမ္းခဲ့ရာ သေဘာတူညီမႈ ရယူနိုင္ခဲ့ပါတယ္။

အာဆင္နယ္အသင္းဟာ ရမ္စဒယ္ကို ကနဦး ေျပာင္းေ႐ႊ႕ေၾကး ယူရို ၂၄သန္း + အပိုဆုေၾကး ယူရို ၆သန္းနဲ႕ ေခၚယူဖို႔ သေဘာတူညီမႈ ရခဲ့တာ ျဖစ္ၿပီး ရမ္စဒယ္ကို ၄ႏွစ္ + ၁ႏွစ္ ထပ္မံ သက္တမ္းတိုးခြင့္ ပါဝင္တဲ့ စာခ်ဳပ္တရပ္ ခ်ဳပ္ဆိုဖို႔ ရွိေနပါတယ္။