Spots news

အလန်းစားဂိုးတွေသွင်းတဲ့ ဘရာဇီးဟိန်းဝေယံကို အငှားချလိုက်တဲ့ မန်ယူ

Unicode Version

မန်ချက်စတာယူနိုက်တက်အသင်းဟာ အသင်းကွင်းလယ်လူအန်ဒရိစ်ပါရဲရားကို ဘရာဇီးလ်ကလပ်ဖလာမင်ဂိုအသင်းဆီ တစ်ရာသီအငှားချဖို့ သဘောတူညီခဲ့ကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ရာသီက လာဇီယိုမှာ အငှားသွားကစားခဲ့တဲ့ ပါရဲရားကို ရောမကလပ်က အပြီးသတ်ခေါ်ယူခွင့်ရှိခဲ့ပေမယ့် မခေါ်ယူခဲ့တာကြောင့် ယူနိုက်တက်ဆီကို ပြန်လည်ရောက်ရှိခဲ့သူဖြစ်ပါတယ်။

အသက် ၂၅ နှစ်အရွယ် ဘရာဇီးလ်ကွင်းလယ်လူဟာ ရာသီကြိုခြေစမ်းပွဲတွေမှာ အသင်းအတွက် ပါဝင်ကစားပေးခဲ့ပြီး သွင်းဂိုးတစ်ဂိုးရယူနိုင်ခဲ့ပါတယ်။

ဒါပေမယ့်လည်း ဘန်လေနဲ့ကစားခဲ့တဲ့ ကွင်းပိတ်ခြေစမ်းပွဲမှာတော့ သူ မပါဝင်ခဲ့ဘဲ အဲဒီနောက်မှာ နောက်ထပ်တကြိမ် အငှားနဲ့သွားရောက်ကစားရဖို့ရှိလာခဲ့ပြီး ဘရာဇီးလ်ကို ပြန်သွားကစားရမှာလည်းဖြစ်ပါတယ်။

ဖလာမင်ဂိုအသင်းက ပါရဲရားအတွက် အငှားခေါ်ယူခအဖြစ် ယူရို ၁ သန်းပေးချေရမှာဖြစ်ကာ လစာငွေကိုတော့ ၆၀% အထိ ပေးချေသွားမယ်လို့ သိရပါတယ်။

ပါရဲရားကို ခေါ်ယူနိုင်ခဲ့ပြီလို့လည်း ဘရာဇီးလ်ကလပ်က အတည်ပြုထားပြီး ကစားသမားဟာ ဒီတစ်ပတ်အတွင်းမှာပဲ ဘရာဇီးလ်ကို သွားရောက်ဖွယ်ရှိတယ်လို့ မျှော်လင့်ရကြောင်း Daily Mail ကဖော်ပြခဲ့ပါတယ်။

ယူနိုက်တက်ကွင်းလယ်မှာ ဖာနန်ဒက်စ်၊ ပေါ့ဂ်ဘာ၊ ဖရက်ဒ်၊ တော်မီနေးတို့ ရှိနေပြီး အရန်ကစားသမားတွေအဖြစ် မာတာ၊ လင်ဂတ်၊ မာတစ်၊ ဗန်ဒီဘိခ်တို့လည်း ရှိနေပါတယ်။ ဒါကြောင့် ပေါလ်စခိုးလိုမျိုး

အပြင်းစားကန်ချက်တွေနဲ့ ဂိုးရယူလေ့ရှိတဲ့ ပါရဲရားဟာ ပုံမှန်နေရာရဖို့ ခက်ခဲနေပြီး အငှားကစားသမားဘဝနဲ့သာ ကျင်လည်နေရကာ အခုတစ်ကြိမ်လည်း အငှားထွက်ကစားရတော့မှာဖြစ်ပါတယ်။

Zawgyi Version

မန္ခ်က္စတာယူနိုက္တက္အသင္းဟာ အသင္းကြင္းလယ္လူအန္ဒရိစ္ပါရဲရားကို ဘရာဇီးလ္ကလပ္ဖလာမင္ဂိုအသင္းဆီ တစ္ရာသီအငွားခ်ဖိဳ႕ သေဘာတူညီခဲ့ေၾကာင္း သိရပါတယ္။

ၿပီးခဲ့တဲ့ရာသီက လာဇီယိုမွာ အငွားသြားကစားခဲ့တဲ့ ပါရဲရားကို ေရာမကလပ္က အၿပီးသတ္ေခၚယူခြင့္ရွိခဲ့ေပမယ့္ မေခၚယူခဲ့တာေၾကာင့္ ယူနိုက္တက္ဆီကို ျပန္လည္ေရာက္ရွိခဲ့သူျဖစ္ပါတယ္။

အသက္ ၂၅ ႏွစ္အ႐ြယ္ ဘရာဇီးလ္ကြင္းလယ္လူဟာ ရာသီႀကိဳေျခစမ္းပြဲေတြမွာ အသင္းအတြက္ ပါဝင္ကစားေပးခဲ့ၿပီး သြင္းဂိုးတစ္ဂိုးရယူနိုင္ခဲ့ပါတယ္။

ဒါေပမယ့္လည္း ဘန္ေလနဲ႕ကစားခဲ့တဲ့ ကြင္းပိတ္ေျခစမ္းပြဲမွာေတာ့ သူ မပါဝင္ခဲ့ဘဲ အဲဒီေနာက္မွာ ေနာက္ထပ္တႀကိမ္ အငွားနဲ႕သြားေရာက္ကစားရဖို႔ရွိလာခဲ့ၿပီး ဘရာဇီးလ္ကို ျပန္သြားကစားရမွာလည္းျဖစ္ပါတယ္။

ဖလာမင္ဂိုအသင္းက ပါရဲရားအတြက္ အငွားေခၚယူခအျဖစ္ ယူရို ၁ သန္းေပးေခ်ရမွာျဖစ္ကာ လစာေငြကိုေတာ့ ၆၀% အထိ ေပးေခ်သြားမယ္လို႔ သိရပါတယ္။

ပါရဲရားကို ေခၚယူနိုင္ခဲ့ၿပီလို႔လည္း ဘရာဇီးလ္ကလပ္က အတည္ျပဳထားၿပီး ကစားသမားဟာ ဒီတစ္ပတ္အတြင္းမွာပဲ ဘရာဇီးလ္ကို သြားေရာက္ဖြယ္ရွိတယ္လို႔ ေမွ်ာ္လင့္ရေၾကာင္း Daily Mail ကေဖာ္ျပခဲ့ပါတယ္။

ယူနိုက္တက္ကြင္းလယ္မွာ ဖာနန္ဒက္စ္၊ ေပါ့ဂ္ဘာ၊ ဖရက္ဒ္၊ ေတာ္မီေနးတို႔ ရွိေနၿပီး အရန္ကစားသမားေတြအျဖစ္ မာတာ၊ လင္ဂတ္၊ မာတစ္၊ ဗန္ဒီဘိခ္တို႔လည္း ရွိေနပါတယ္။ ဒါေၾကာင့္ ေပါလ္စခိုးလိုမ်ိဳး

အျပင္းစားကန္ခ်က္ေတြနဲ႕ ဂိုးရယူေလ့ရွိတဲ့ ပါရဲရားဟာ ပုံမွန္ေနရာရဖို႔ ခက္ခဲေနၿပီး အငွားကစားသမားဘဝနဲ႕သာ က်င္လည္ေနရကာ အခုတစ္ႀကိမ္လည္း အငွားထြက္ကစားရေတာ့မွာျဖစ္ပါတယ္။