Spots news

ငွေကြေးကျပ်တည်းနေပေမယ့် အသင်းရဲ့ဝန်ထမ်း တွေကို လစာတိုးပေးတဲ့ ယူနိုက်တက်

Unicode Version

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ငွေကြေးအကျပ်အတည်းတွေ ရင်ဆိုင်ခဲ့ရပေမယ့် ထိပ်တန်း ကစားသမား နှစ်ဦးကိုခေါ်ယူထားသလို အသင်းဝန်ထမ်းတွေ အားလုံးရဲ့ တနာရီစာ လုပ်အားခကို တိုးမြှင့်ပေးခဲ့ကြောင်း သိရပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အသင်းဝန်ထမ်းတွေရဲ့ တနာရီစာ လုပ်အားခကို ၁၀ပေါင် အထိ တိုးမြှင့်ပေးခဲ့တာဖြစ်ပြီး အဆိုပါ လစာတိုးပေးမှုကြောင့် မူလက တနာရီကို ၂၀ပေါင် ရနေတဲ့ ဝန်ထမ်း တဦးဟာ ယခုအခါမှာတော့ ၃၀ပေါင် အထိ ရရှိမှာဖြစ်ကြောင်း မန်ချက်စတာ ညနေခင်း သတင်းက ဖော်ပြသွားပါတယ်။

ဒါ့အပြင် မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ကိုဗစ်ကာလ အတွင်း ကွင်းဝင်ကြေး မရရှိတဲ့ အချိန်မှာလဲ အသင်းရဲ့ ဝန်ထမ်းတွေကို အခြား ပရီးမီးယားလိဂ် အသင်းတချို့လို လစာ လျှော့ချခြင်း မရှိခဲ့သလို ယခုနှစ်မှာဆိုရင် လစာငွေတောင် တိုးမြှင့်ပေးခဲ့တာပဲ ဖြစ်ပါတယ်။

ယခုနှစ် ဘောလုံးရာသီ မစတင်မီမှာလဲ ယူနိုက်တက် အသင်းဟာ အသင်းရဲ့ အိမ်ကွင်း အိုးထရက်ဖို့ဒ်ကို လာရောက်ကစားတဲ့ ပြိုင်ဘက် အသင်းတွေ အဆင်ပြေစေဖို့ ပေါင်သန်း ၂၀ တန်ကြေးရှိတဲ့ အဆင့်မြှင့်တင်မှုတွေ ပြုလုပ်ခဲ့ကြောင်း အင်္ဂလန် သတင်းဌာန တခု ဖြစ်တဲ့ Sky Sports သတင်းဌာနက ဖော်ပြထားပါတယ်။

Zawgyi Version

မန္ခ်က္စတာ ယူနိုက္တက္အသင္းဟာ ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ ေငြေၾကးအက်ပ္အတည္းေတြ ရင္ဆိုင္ခဲ့ရေပမယ့္ ထိပ္တန္း ကစားသမား ႏွစ္ဦးကိုေခၚယူထားသလို အသင္းဝန္ထမ္းေတြ အားလုံးရဲ႕ တနာရီစာ လုပ္အားခကို တိုးျမႇင့္ေပးခဲ့ေၾကာင္း သိရပါတယ္။

မန္ခ်က္စတာ ယူနိုက္တက္အသင္းဟာ အသင္းဝန္ထမ္းေတြရဲ႕ တနာရီစာ လုပ္အားခကို ၁၀ေပါင္ အထိ တိုးျမႇင့္ေပးခဲ့တာျဖစ္ၿပီး အဆိုပါ လစာတိုးေပးမႈေၾကာင့္ မူလက တနာရီကို ၂၀ေပါင္ ရေနတဲ့ ဝန္ထမ္း တဦးဟာ ယခုအခါမွာေတာ့ ၃၀ေပါင္ အထိ ရရွိမွာျဖစ္ေၾကာင္း မန္ခ်က္စတာ ညေနခင္း သတင္းက ေဖာ္ျပသြားပါတယ္။

ဒါ့အျပင္ မန္ခ်က္စတာ ယူနိုက္တက္အသင္းဟာ ကိုဗစ္ကာလ အတြင္း ကြင္းဝင္ေၾကး မရရွိတဲ့ အခ်ိန္မွာလဲ အသင္းရဲ႕ ဝန္ထမ္းေတြကို အျခား ပရီးမီးယားလိဂ္ အသင္းတခ်ိဳ႕လို လစာ ေလွ်ာ့ခ်ျခင္း မရွိခဲ့သလို ယခုႏွစ္မွာဆိုရင္ လစာေငြေတာင္ တိုးျမႇင့္ေပးခဲ့တာပဲ ျဖစ္ပါတယ္။

ယခုႏွစ္ ေဘာလုံးရာသီ မစတင္မီမွာလဲ ယူနိုက္တက္ အသင္းဟာ အသင္းရဲ႕ အိမ္ကြင္း အိုးထရက္ဖို႔ဒ္ကို လာေရာက္ကစားတဲ့ ၿပိဳင္ဘက္ အသင္းေတြ အဆင္ေျပေစဖို႔ ေပါင္သန္း ၂၀ တန္ေၾကးရွိတဲ့ အဆင့္ျမႇင့္တင္မႈေတြ ျပဳလုပ္ခဲ့ေၾကာင္း အဂၤလန္ သတင္းဌာန တခု ျဖစ္တဲ့ Sky Sports သတင္းဌာနက ေဖာ္ျပထားပါတယ္။