Spots news

မက်ဆီရဲ့ ကျောနံပါတ် ၁၀ ကိုဝတ်ဆင်ခွင့်တောင်းလိုက်တဲ့ ဘာစီလိုနာကစားသမား

Unicode Version

ဘာစီလိုနာအသင်းရဲ့ တိုက်စစ်ကစားသမားကော်တင်ဟိုဟာ အသင်းမှာပုံမှန်ကစားခွင့်ရဖို့ အခက်အခဲတွေရှိနေပေမယ့် မက်ဆီရဲ့ လစ်လပ်နေခဲ့တဲ့ ကျောနံပါတ် ၁၀ ဂျာစီကို ဝတ်ဆင်ဖို့ အသင်းဆီ တောင်းဆိုခဲ့ကြောင်း သိရပါတယ်။

ကျောနံပါတ် ၁၀ နဲ့ ခွဲမရအောင် အောင်မြင်ခဲ့တဲ့မက်ဆီဟာ စာချုပ်သစ် သက်တမ်းတိုးမှု အဆင်မပြေခဲ့လို့ ပီအက်စ်ဂျီကို ၂ နှစ်စာချုပ်နဲ့ ပြောင်းရွှေ့သွားခဲ့ပြီး ဘာစီလိုနာအသင်းမှာ နံပါတ် ၁၀ ဂျာစီက လစ်လပ်နေခဲ့တာ ဖြစ်ပါတယ်။

၂၀၁၈ မှာ လီဗာပူးလ်ကနေ ဘာစီလိုနာကို စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၁၄၂ သန်းနဲ့ ကော်တင်ဟိုဟာ သူ့ကို လီဗာပူးလ် အသင်းထံမှ ခေါ်ယူခဲ့စဉ်က ထိပ်တန်း World Class ကစားသမားတစ်ဦးရဲ့

ခြေစွမ်းမျိုးကို ပြသနေတဲ့အချိန် ဖြစ်ပေမယ့် ကော်တင်ဟိုဟာ ဘာစီလိုနာ အသင်း မျှော်လင့်ခဲ့သလို ကောင်းမွန်တဲ့ ခြေစွမ်းမျိုး ခြေစွမ်းပြနိုင်ခဲ့ခြင်းမရှိဘဲ ဘိုင်ယန်မြူးနစ်ဆီ အငှားနဲ့ပါ သွားကစားခဲ့ရပါတယ်။

ကော်တင်ဟိုဟာ ဘာစီလိုနာကို ပြောင်းရွှေ့ခဲ့စဉ်က ကျောနံပါတ် ၁၄ ကို ဝတ်ဆင်ခဲ့ရပြီး နောက်တစ်နှစ်မှာတော့ နံပါတ် ၇ ကို ပြောင်းလဲဝတ်ဆင်ခဲ့ရပါတယ်။ အဲဒီနောက်မှာ ဂရစ်မန်းက ကျောနံပါတ် ၇ ကို ရရှိခဲ့ပြီး ကော်တင်ဟိုက မူလနံပါတ် ၁၄ ကိုသာ ပြန်ဝတ်ဆင်ခဲ့ရပါတယ်။

Zawgyi Version

ဘာစီလိုနာအသင္းရဲ႕ တိုက္စစ္ကစားသမားေကာ္တင္ဟိုဟာ အသင္းမွာပုံမွန္ကစားခြင့္ရဖို႔ အခက္အခဲေတြရွိေနေပမယ့္ မက္ဆီရဲ႕ လစ္လပ္ေနခဲ့တဲ့ ေက်ာနံပါတ္ ၁၀ ဂ်ာစီကို ဝတ္ဆင္ဖို႔ အသင္းဆီ ေတာင္းဆိုခဲ့ေၾကာင္း သိရပါတယ္။

ေက်ာနံပါတ္ ၁၀ နဲ႕ ခြဲမရေအာင္ ေအာင္ျမင္ခဲ့တဲ့မက္ဆီဟာ စာခ်ဳပ္သစ္ သက္တမ္းတိုးမႈ အဆင္မေျပခဲ့လို႔ ပီအက္စ္ဂ်ီကို ၂ ႏွစ္စာခ်ဳပ္နဲ႕ ေျပာင္းေ႐ႊ႕သြားခဲ့ၿပီး ဘာစီလိုနာအသင္းမွာ နံပါတ္ ၁၀ ဂ်ာစီက လစ္လပ္ေနခဲ့တာ ျဖစ္ပါတယ္။

၂၀၁၈ မွာ လီဗာပူးလ္ကေန ဘာစီလိုနာကို စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၁၄၂ သန္းနဲ႕ ေကာ္တင္ဟိုဟာ သူ႕ကို လီဗာပူးလ္ အသင္းထံမွ ေခၚယူခဲ့စဥ္က ထိပ္တန္း World Class ကစားသမားတစ္ဦးရဲ႕

ေျခစြမ္းမ်ိဳးကို ျပသေနတဲ့အခ်ိန္ ျဖစ္ေပမယ့္ ေကာ္တင္ဟိုဟာ ဘာစီလိုနာ အသင္း ေမွ်ာ္လင့္ခဲ့သလို ေကာင္းမြန္တဲ့ ေျခစြမ္းမ်ိဳး ေျခစြမ္းျပနိုင္ခဲ့ျခင္းမရွိဘဲ ဘိုင္ယန္ျမဴးနစ္ဆီ အငွားနဲ႕ပါ သြားကစားခဲ့ရပါတယ္။

ေကာ္တင္ဟိုဟာ ဘာစီလိုနာကို ေျပာင္းေ႐ႊ႕ခဲ့စဥ္က ေက်ာနံပါတ္ ၁၄ ကို ဝတ္ဆင္ခဲ့ရၿပီး ေနာက္တစ္ႏွစ္မွာေတာ့ နံပါတ္ ၇ ကို ေျပာင္းလဲဝတ္ဆင္ခဲ့ရပါတယ္။ အဲဒီေနာက္မွာ ဂရစ္မန္းက ေက်ာနံပါတ္ ၇ ကို ရရွိခဲ့ၿပီး ေကာ္တင္ဟိုက မူလနံပါတ္ ၁၄ ကိုသာ ျပန္ဝတ္ဆင္ခဲ့ရပါတယ္။