Spots news
ဥရောပရဲ့ အကောင်ဆုံးစာရင်းမှာ ပါဝင်လာတဲ့ ဆိုးလ်ရှားနဲ့ မန်ယူသတင်းတိုများ
Unicode Version
မိုနာကို အသင်းရဲ့ အသက် 21 နှစ်အရွယ် ပြင်သစ် ကွင်းလယ်ကစားသမား ချူအိုမီနီဟာ ချယ်လ်ဆီးအသင်းရဲ့ စိတ်ဝင်စားမှုကို ခံ‌နေရပေမယ့် မန်ချက်စတာ ယူနိုက်တက်အသင်းကို ပြောင်းရွေ့ချင်နေတယ်လို့ သိရပါတယ်။ သို့ပေမယ့် ကစားသမားကို ယခုနွေရာသီမှာ ယူနိုက်တက်က ခေါ်ယူဖွယ် မရှိသေးပါဘူး။
ယူနိုက်တက်ရဲ့ ရာသီကြိုခြေစွမ်းပွဲများမှာ ခြေစွမ်းပြကစားလေ့ရှိသော ဘရာဇီးလ်ကွင်းလယ်ကစားသမား ပါရဲရားဟာ ဖလာမင်ဂို အသင်းရဲ့တရားဝင်ကစားသမား ဖြစ်သွာပြီဖြစ်ကြောင်းသိရပါတယ် ။စာရွက်စာတမ်း လက်မှတ်ရေးထိုးပြီးသည်နှင့် ရီယိုဒီဂျနေရိုးသို့ထွက်ခွာမည် ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဘောလုံးရာသီအတွက် ရွေးချယ်ကာ အဆင့်သတ်မှတ်တဲ့ ဥရောပရဲ့ အကောင်းဆုံးနည်းပြ ဆုစာရင်းမှာ မန်ချက်စတာ ယူနိုက်တက်အသင်းနည်းပြ အိုလေဂန်းနားဆိုးလ်ရှားက အဆင့် ၉ နေရာ ရရှိခဲ့ကြောင်း သိရပါတယ်။
ယူနိုက်တက်ရဲ့ အဓိကကစားသမားငါးယောက်ဖြစ်တဲ့ ပေါလ်ပေါ့ဘာ၊ ဘရူနိုဖာနန်ဒက်စ်၊ ဟယ်ရီမက်ဂွိုင်းယား၊ လုခ်ရှောနဲ့ မားကပ်စ်ရပ်ရှ်ဖို့ဒ်တို့ကို အမြန်ဆုံး စာချုပ်သက်တမ်းတိုးဖို့ အိုလေဂန်းနားဆိုးလ်ရှားက အသင်းဘုတ်အဖွဲ့ကို ဖိအားပေးထားပြီလို့ သိရပါတယ်။
ဘရန်ဒွန်ဝီလီယံစ်ဟာ နော်ဝှစ်ချ်စီးတီးအသင်းသို့ တစ်ရာသီအငှားထွက်ကစားမှာဖြစ်ပါတယ်။ ယုံကြည်ရတဲ့ သတင်းရင်းမြစ်တွေအရ ယခုအပြောင်းအရွေ့ဟာ အပြီးသတ်လုနီးပါး ဖြစ်နေပြီလို့ သိရပါတယ်။
Zawgyi Version