Unicode Version
ယူနိုက်တက် ညာအစွန် နောက်ခံလူ ဝမ်ဘစ်တာကာဟာ သူ့ရဲ့ Lamborghini အား လိုင်စင်မရှိပဲ မောင်းခြင်း + အာမခံဝယ်ယူမထားခြင်း နှင့် အဖမ်းခံခဲ့ရပြီး အများဆုံးထောင် ၆ လ ကျနိုင်သော်လည်း ရိုးရိုးအရပ်သားဘဝဖြင့် အရေးယူခံရခြင်းလည်း ဖြစ်နိုင်ပါတယ်။
ဥရောပ ဘောလုံးအဖွဲ့ချုပ် UEFAဟာ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီရဲ့ တနှစ်တာ အကောင်းဆုံး နည်းပြဆု အတွက် စကာတင်နည်းပြ သုံးဦးစာရင်းကို ထုတ်ပြန် ကြေညာသွားခဲ့ပြီး
အီတလီအသင်းနဲ့အတူ ယူရို၂၀၂၀ဖလားကို သိမ်းပိုက်နိုင်ခဲ့တဲ့ မန်စီနီ ၊ ချန်ပီယံလိဂ် ချန်ပီယံ ချယ်လ်ဆီးအသင်းရဲ့ တူချယ်လ် ၊ ပရီးမီးယားလိဂ်ရဲ့ ချန်ပီယံ မန်ချက်စတာ စီးတီးအသင်းရဲ့ ဂွာဒီယိုလာတို့ ရွေးချယ်ခံခဲ့ရပါတယ်။
ဥရောပ ဘောလုံးအဖွဲ့ချုပ် UEFAဟာ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီရဲ့ UEFA Men’s Player of the Year Award အတွက် စကာတင် ကစားသမား သုံးဦးစာရင်းကို တရားဝင် ထုတ်ပြန် ကြေညာခဲ့ရာ
ချန်ပီယံလိဂ် ချန်ပီယံ ချယ်လ်ဆီးအသင်းရဲ့ ကွင်းလယ်လူ နှစ်ဦးဖြစ်တဲ့ ကန်တီနဲ့ ဂျော်ဂျင်ဟို ၊ ချန်ပီယံလိဂ် ဒုတိယဆု ပိုင်ရှင် မန်ချက်စတာ စီးတီးအသင်းရဲ့ အဓိက ကွင်းလယ်လူ ဒီဘရိုင်းတို့ ရွေးချယ်ခံခဲ့ရပါတယ်။
Zawgyi Version