Spots news

တရားဝင်ထွက်ခွာခွင့် တောင်းဆိုလိုက်ပြီး ပရီးမီးယားလိဂ်ကို လာတော့မယ့် လီဝန်ဒေါစကီး

Unicode Version

ဂျာမနီ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်အသင်းရဲ့ အဓိက တိုက်စစ်မှူး လီဝန်ဒေါစကီးဟာ ဘိုင်ယန်ကနေ ထွက်ခွာပြီး အသင်းသစ်မှာ စိန်ခေါ်မှု‌တွေရှာ‌ဖွေဖို့ ဘိုင်ယန်ကို တောင်းဆိုခဲ့တယ်လို့ သတင်းတွေအရ သိရပါတယ်။

ပြီးခဲ့တဲ့ ဘောလုံးရာသီက ကလပ်နဲ့ နိုင်ငံအသင်းအတွက် စုစုပေါင်း သွင်းဂိုး ၅၆ ဂိုးအထိ သွင်းယူပေးခဲ့တဲ့ ပိုလန်တိုက်စစ်မှူးဟာ ဂျာမန်လိဂ်ကနေ ထွက်ခွာပြီး အခြား ဥရောပထိပ်တန်းလိဂ် တွေမှာ စိန်ခေါ်မှု အသစ်တွေကို ရင်ဆိုင်ချင်နေပြီ ဖြစ်ပါတယ်။

Sky Sports ရဲ့ သတင်းထောက်ဖြစ်သူ Paul Gilmour က ” လီဝန်ဒေါစကီးဟာ ဘိုင်ယန်နဲ့ဝေးရာမှာ စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ချင်နေပြီ၊ ဒါနဲ့ပတ်သက်ပြီး ကျွန်တော်ပြောပါရစေ၊ သူက စနေနေ့မှာ ၃၃ နှစ်ပြည့်သွားခဲ့ပြီး ဘိုင်ယန်နဲ့ စာချုပ်သက်တမ်း ၂ နှစ်ကျန်ရှိနေပါသေးတယ်”

“အဲဒါက ၂၀၂၃ ခုနှစ်အထိဖြစ်ပါတယ်။ သူ့အသက် ၃၅ နှစ်ပြည့်တဲ့ အချိန်ထိပါ။ အဲဒီအချိန်ရောက်ရင် သူ့အတွက် စိန်ခေါ်မှုတွေရယူဖို့ မလွယ်တော့ပါဘူး။ ပြသနာက ဘိုင်ယန်က သူ့အတွက် ပေါင်သန်း ၁၁၀ လောက်အထိ တန်ဖိုးသတ်မှတ်ထားတာပါပဲ” လို့ သူက ပြောဆိုခဲ့ပါတယ်။

လီဝန်ဒေါစကီးဟာ လက်ရှိ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူး အဖြစ် သတ်မှတ်ခံထားရသူ ဖြစ်ပြီး နောက်ဆုံး ၂ရာသီ အတွင်း သွင်းဂိုး ၁၀၃ဂိုး အထိ သွင်းယူနိုင်ခဲ့သလို ယခုနှစ် ဘောလုံးရာသီမှာလည်း ၂ပွဲ ကစားထားရာ သွင်းဂိုး ၃ဂိုး အထိ သွင်းနိုင်ခဲ့ပါတယ်။

လီဝန်ဒေါစကီးကို ချယ်လ်ဆီးအသင်းရဲဲ့ နည်းပြတူချယ်ကလည်း စိတ်ဝင်စားခဲ့ဖူးပေမယ့်လည်း လီဝန်ဒေါစကီးနဲ့ လူကာကူကို ရွေးချယ်ခဲ့ရာမှာ အဆုံးသတ်မှာတော့ အသင်းတိုက်စစ်မှူးဟောင်းလူကာကူကိုသာ ခေါ်ယူသွားခဲ့ပါတယ်။

လက်ရှိမှာတော့ လီဝန်ဒေါစကီးကို ထိပ်တန်း တိုက်စစ်မှူး ရှာဖွေနေတဲ့ သူ့ရဲ့ ဆရာဟောင်း ဂွာဒီယိုလာ ရှိရာ မန်စီးတီးအသင်းက ရေပန်းအစားဆုံး ဖြစ်နေပြီး မန်စီးတီးအသင်းဟာ ဟယ်ရီကိန်းကို ခေါ်ယူဖို့ ခက်ခဲနေတာကြောင့် လီဝန်ဒေါစကီးကို ခေါ်ယူဖို့ စတင် ချိတ်ဆက်နေပါတယ်။

Zawgyi Version

ဂ်ာမနီ ထိပ္သီးကလပ္ ဘိုင္ယန္ျမဴးနစ္အသင္းရဲ႕ အဓိက တိုက္စစ္မႉး လီဝန္ေဒါစကီးဟာ ဘိုင္ယန္ကေန ထြက္ခြာၿပီး အသင္းသစ္မွာ စိန္ေခၚမႈ‌ေတြရွာ‌ေဖြဖို႔ ဘိုင္ယန္ကို ေတာင္းဆိုခဲ့တယ္လို႔ သတင္းေတြအရ သိရပါတယ္။

ၿပီးခဲ့တဲ့ ေဘာလုံးရာသီက ကလပ္နဲ႕ နိုင္ငံအသင္းအတြက္ စုစုေပါင္း သြင္းဂိုး ၅၆ ဂိုးအထိ သြင္းယူေပးခဲ့တဲ့ ပိုလန္တိုက္စစ္မႉးဟာ ဂ်ာမန္လိဂ္ကေန ထြက္ခြာၿပီး အျခား ဥေရာပထိပ္တန္းလိဂ္ ေတြမွာ စိန္ေခၚမႈ အသစ္ေတြကို ရင္ဆိုင္ခ်င္ေနၿပီ ျဖစ္ပါတယ္။

Sky Sports ရဲ႕ သတင္းေထာက္ျဖစ္သူ Paul Gilmour က ” လီဝန္ေဒါစကီးဟာ ဘိုင္ယန္နဲ႕ေဝးရာမွာ စိန္ေခၚမႈအသစ္ေတြကို ရင္ဆိုင္ခ်င္ေနၿပီ၊ ဒါနဲ႕ပတ္သက္ၿပီး ကြၽန္ေတာ္ေျပာပါရေစ၊ သူက စေနေန႕မွာ ၃၃ ႏွစ္ျပည့္သြားခဲ့ၿပီး ဘိုင္ယန္နဲ႕ စာခ်ဳပ္သက္တမ္း ၂ ႏွစ္က်န္ရွိေနပါေသးတယ္”

“အဲဒါက ၂၀၂၃ ခုႏွစ္အထိျဖစ္ပါတယ္။ သူ႕အသက္ ၃၅ ႏွစ္ျပည့္တဲ့ အခ်ိန္ထိပါ။ အဲဒီအခ်ိန္ေရာက္ရင္ သူ႕အတြက္ စိန္ေခၚမႈေတြရယူဖို႔ မလြယ္ေတာ့ပါဘူး။ ျပသနာက ဘိုင္ယန္က သူ႕အတြက္ ေပါင္သန္း ၁၁၀ ေလာက္အထိ တန္ဖိုးသတ္မွတ္ထားတာပါပဲ” လို႔ သူက ေျပာဆိုခဲ့ပါတယ္။

လီဝန္ေဒါစကီးဟာ လက္ရွိ ကမာၻ႔အေကာင္းဆုံး တိုက္စစ္မႉး အျဖစ္ သတ္မွတ္ခံထားရသူ ျဖစ္ၿပီး ေနာက္ဆုံး ၂ရာသီ အတြင္း သြင္းဂိုး ၁၀၃ဂိုး အထိ သြင္းယူနိုင္ခဲ့သလို ယခုႏွစ္ ေဘာလုံးရာသီမွာလည္း ၂ပြဲ ကစားထားရာ သြင္းဂိုး ၃ဂိုး အထိ သြင္းနိုင္ခဲ့ပါတယ္။

လီဝန္ေဒါစကီးကို ခ်ယ္လ္ဆီးအသင္းရဲဲ့ နည္းျပတူခ်ယ္ကလည္း စိတ္ဝင္စားခဲ့ဖူးေပမယ့္လည္း လီဝန္ေဒါစကီးနဲ႕ လူကာကူကို ေ႐ြးခ်ယ္ခဲ့ရာမွာ အဆုံးသတ္မွာေတာ့ အသင္းတိုက္စစ္မႉးေဟာင္းလူကာကူကိုသာ ေခၚယူသြားခဲ့ပါတယ္။

လက္ရွိမွာေတာ့ လီဝန္ေဒါစကီးကို ထိပ္တန္း တိုက္စစ္မႉး ရွာေဖြေနတဲ့ သူ႕ရဲ႕ ဆရာေဟာင္း ဂြာဒီယိုလာ ရွိရာ မန္စီးတီးအသင္းက ေရပန္းအစားဆုံး ျဖစ္ေနၿပီး မန္စီးတီးအသင္းဟာ ဟယ္ရီကိန္းကို ေခၚယူဖို႔ ခက္ခဲေနတာေၾကာင့္ လီဝန္ေဒါစကီးကို ေခၚယူဖို႔ စတင္ ခ်ိတ္ဆက္ေနပါတယ္။