Spots news

ပရီးမီးယားလိဂ်ရဲ့ လစာအများဆုံးကစားသမားအဖြစ် ပေါ့ဘာကို ယူနိုက်တက်ကမ်းလှမ်း

Unicode Version

မန်ချက်စတာယူနိုက်တက် အသင်းဟာ အဓိက ကွင်းလယ်ကစားသမားဖြစ်တဲ့ ပေါ့ဘာ ကို တစ်ပတ်လုပ်ခ‌ပေါင်(၄)သိန်းထိပေးပြီး စာချုပ်သစ်အတွက် ကမ်းလှမ်းမှု‌တွေပြုလုပ်ဖို့ ပြင်ဆင်နေတယ်လို့ The Athletic က ဖော်ပြပါတယ်။

ပေါ့ဘာ နဲ့ မန်ချက်စတာယူနိုက်တက် အသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ အခုရာသီအကုန်မှာ ကုန်ဆုံးတော့မှာဖြစ်ပြီး နောက်တစ်ကြိမ် အလွတ်နဲ့ ဆုံးရှုံးမှုမရှိအောင် အသင်းဘက်က ပြင်ဆင်နေတာလည်းဖြစ်ပါတယ်။

ပေါ့ဘာ ကို ခေါ်ယူဖို့ ပီအက်စ်ဂျီ အသင်းက စိတ် ဝင်စားနေတာဖြစ်ပြီး အခုအပြောင်းအရွှေ့မှာ ခေါ်ယူမှာ မဟုတ်ဘဲ အလွတ်နဲ့ ရမယ့် အခုရာသီအကုန်မှ ခေါ်ယူဖို့ ကြိုးစားမှာပါ။ပီအက်စ်ဂျီ အသင်းနဲ့ အပြိုင်

ရီးရယ်လ်ကလည်း ပေါ့ဘာ ကို အခုရာသီအကုန်မှာ အလွတ်နဲ့ ခေါ်ယူဖို့ ကြံစည်နေတာဖြစ်ပါတယ်။အဲ့ဒါကြောင့် မန်ချက်စတာယူနိုက်တက် အသင်းက အသင်းရဲ့စံချိန်တင်လုပ်ခနဲ့ (၅)နှစ်စာချုပ်ချုပ်ဖို့ ပြင်ဆင်နေတာပါ။

မန်ချက်စတာယူနိုက်တက် အသင်းရဲ့လုပ်ခလစာအများဆုံးရတဲ့ ကစားသမားကတော့ ဒီဂီယာဖြစ်ပြီး တစ်ပတ်ပေါင် (၃သိန်း၇သောင်း ၅ထောင်) ရရှိနေတာဖြစ်ပါတယ်။ပေါ့ဘာ ကိုသာ မန်ချက်စတာယူနိုက်တက်

အသင်းကသာ တစ်ပတ်ပေါင်(၄)သိန်းနဲ့ စာချုပ်သစ်ချုပ်ဆိုနိုင်မယ်ဆိုရင် ပြင်သစ်ကစားသမားဟာ အသင်းရဲ့လုပ်ခလစာအများဆုံးရ‌တဲ့ ကစားသမားလည်းဖြစ်လာတော့မှာပါ။

ပေါ့ဘာ ကတော့ လက်ရှိအချိန်မှာ စာချုပ်သစ်နဲ့ ပတ်သက်ပြီး အလောတကြီး ဆုံးဖြတ်ဦးမှာမဟုတ်ဘဲ အချိန်ယူဖွယ်ရှိနေတာပါ။မန်ချက်စတာယူနိုက်တက် အသင်းဟာ အခုအပြောင်းအရွှေ့မှာ

ဆန်ချိုနဲ့ ဗာရာနီ တို့ကို ခေါ်ယူထားပြီး ဆုဖလားရဖို့ မျှော်မှန်းနေတာဖြစ်ပါတယ်။ပေါ့ဘာ ကိုယ်တိုင်ကလည်း လက်ရှိအသင်းရဲ့လူစာရင်းဟာ ဆုဖလားတွေကို စိန်ခေါ်နိုင်စွမ်းရှိတယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

ပေါ့ဘာ ဟာ လိဒ်စ် အသင်းကို (၅)ဂိုး-(၁)ဂိုးနဲ့ ဂိုးပြတ်အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲမှာ အသင်းဖော် ဘရူနိုဖာနန်ဒက်စ် နဲ့ အတွဲညီခဲ့တာဖြစ်ပြီး (၄)ဂိုးဖန်တီးပေးခဲ့တာလည်းဖြစ်ပါတယ်။

Zawgyi Version

မန္ခ်က္စတာယူနိုက္တက္ အသင္းဟာ အဓိက ကြင္းလယ္ကစားသမားျဖစ္တဲ့ ေပါ့ဘာ ကို တစ္ပတ္လုပ္ခ‌ေပါင္(၄)သိန္းထိေပးၿပီး စာခ်ဳပ္သစ္အတြက္ ကမ္းလွမ္းမႈ‌ေတြျပဳလုပ္ဖို႔ ျပင္ဆင္ေနတယ္လို႔ The Athletic က ေဖာ္ျပပါတယ္။

ေပါ့ဘာ နဲ႕ မန္ခ်က္စတာယူနိုက္တက္ အသင္းတို႔ ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္ဟာ အခုရာသီအကုန္မွာ ကုန္ဆုံးေတာ့မွာျဖစ္ၿပီး ေနာက္တစ္ႀကိမ္ အလြတ္နဲ႕ ဆုံးရႈံးမႈမရွိေအာင္ အသင္းဘက္က ျပင္ဆင္ေနတာလည္းျဖစ္ပါတယ္။

ေပါ့ဘာ ကို ေခၚယူဖို႔ ပီအက္စ္ဂ်ီ အသင္းက စိတ္ ဝင္စားေနတာျဖစ္ၿပီး အခုအေျပာင္းအေ႐ႊ႕မွာ ေခၚယူမွာ မဟုတ္ဘဲ အလြတ္နဲ႕ ရမယ့္ အခုရာသီအကုန္မွ ေခၚယူဖို႔ ႀကိဳးစားမွာပါ။ပီအက္စ္ဂ်ီ အသင္းနဲ႕ အၿပိဳင္

ရီးရယ္လ္ကလည္း ေပါ့ဘာ ကို အခုရာသီအကုန္မွာ အလြတ္နဲ႕ ေခၚယူဖို႔ ႀကံစည္ေနတာျဖစ္ပါတယ္။အဲ့ဒါေၾကာင့္ မန္ခ်က္စတာယူနိုက္တက္ အသင္းက အသင္းရဲ႕စံခ်ိန္တင္လုပ္ခနဲ႕ (၅)ႏွစ္စာခ်ဳပ္ခ်ဳပ္ဖို႔ ျပင္ဆင္ေနတာပါ။

မန္ခ်က္စတာယူနိုက္တက္ အသင္းရဲ႕လုပ္ခလစာအမ်ားဆုံးရတဲ့ ကစားသမားကေတာ့ ဒီဂီယာျဖစ္ၿပီး တစ္ပတ္ေပါင္ (၃သိန္း၇ေသာင္း ၅ေထာင္) ရရွိေနတာျဖစ္ပါတယ္။ေပါ့ဘာ ကိုသာ မန္ခ်က္စတာယူနိုက္တက္

အသင္းကသာ တစ္ပတ္ေပါင္(၄)သိန္းနဲ႕ စာခ်ဳပ္သစ္ခ်ဳပ္ဆိုနိုင္မယ္ဆိုရင္ ျပင္သစ္ကစားသမားဟာ အသင္းရဲ႕လုပ္ခလစာအမ်ားဆုံးရ‌တဲ့ ကစားသမားလည္းျဖစ္လာေတာ့မွာပါ။

ေပါ့ဘာ ကေတာ့ လက္ရွိအခ်ိန္မွာ စာခ်ဳပ္သစ္နဲ႕ ပတ္သက္ၿပီး အေလာတႀကီး ဆုံးျဖတ္ဦးမွာမဟုတ္ဘဲ အခ်ိန္ယူဖြယ္ရွိေနတာပါ။မန္ခ်က္စတာယူနိုက္တက္ အသင္းဟာ အခုအေျပာင္းအေ႐ႊ႕မွာ

ဆန္ခ်ိဳနဲ႕ ဗာရာနီ တို႔ကို ေခၚယူထားၿပီး ဆုဖလားရဖို႔ ေမွ်ာ္မွန္းေနတာျဖစ္ပါတယ္။ေပါ့ဘာ ကိုယ္တိုင္ကလည္း လက္ရွိအသင္းရဲ႕လူစာရင္းဟာ ဆုဖလားေတြကို စိန္ေခၚနိုင္စြမ္းရွိတယ္လို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။

ေပါ့ဘာ ဟာ လိဒ္စ္ အသင္းကို (၅)ဂိုး-(၁)ဂိုးနဲ႕ ဂိုးျပတ္အနိုင္ရခဲ့တဲ့ ပရီးမီးယားလိဂ္အဖြင့္ပြဲမွာ အသင္းေဖာ္ ဘ႐ူနိုဖာနန္ဒက္စ္ နဲ႕ အတြဲညီခဲ့တာျဖစ္ၿပီး (၄)ဂိုးဖန္တီးေပးခဲ့တာလည္းျဖစ္ပါတယ္။