Spots news

ဈေးကြီးတဲ့ ထရစ်ပီယာထက် မန်ယူနိုက်တက်ခေါ်ယူသင့်တဲ့ သရီနီဟောင်း ရာဖေးလ်

Unicode Version

မန်ချက်စတာ ယူနိုက်တက် နောက်ခံလူဟောင်းရာဖေးလ်ဟာ တူရကီကလပ် ဘာရှက်ဆီဟာအသင်းနဲ့ ရုတ်တရက်လမ်းခွဲလိုက်တာကြောင့် အခုအချိန်မှာ ကလပ်အသင်း လက်မဲ့ဖြစ်သွားပါပြီ။

အသက် ၃၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဘရာဇီးလ်နောက်ခံလူ ရာဖေးလ်ဟာ လိုင်ယွန်အသင်းနဲ့လမ်းခွဲပြီးတဲ့နောက် ဘရာဇီးလ်နောက်ခံလူရာဖေးလ်ဟာ လိုင်ယွန်အသင်းနဲ့လမ်းခွဲပြီးတဲ့နောက်

ပြီးခဲ့တဲ့နှစ်၊ စက်တင်ဘာလတုန်းက ဘာရှက်ဆီဟာအသင်းဆီ ၂ နှစ် စာချုပ်နဲ့ပြောင်းရွှေ့ခဲ့ပြီး စာချုပ်သက်တမ်းကုန်ရင် နောက်ထပ် ၁ နှစ် သက်တမ်းတိုးသွားဖို့ သဘောတူညီချက် လည်း ပါဝင်ခဲ့ပါတယ်။

ဒါပေမဲ့လည်း ဘာရှက်ဆီဟာအသင်းမှာ တစ်ရာသီသာ ကစားခဲ့ပြီးတဲ့နောက် ရာဖေးလ်က အသင်းနဲ့လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်သွားမယ်လို့ သူ့ရဲ့ Instagram မှာ Post တင်ခဲ့ပါတယ်။

ရာဖေးလ်က “ကျွန်တော့်အပေါ် ယုံကြည်မှုထားပေးခဲ့တဲ့ ဘာရှက်ဆီဟာ အသင်းနဲ့ အသင်းနည်းပြဟောင်း အိုကန်ဘူရက်တို့ကို ကျေးဇူးတင်ပါတယ်။ အခုလို ဖြစ်သွားတဲ့ အတွက်လည်း စိတ်မကောင်းဖြစ်မိပြီး ဘောလုံးလောကမှာ ဒီလိုမျိုးအခြေအနေတွေက ဖြစ်နေကျပါပဲ။

ဒီရာသီမှာတော့ အသင်းနဲ့အတူတူ တိုက်ပွဲဝင်ခွင့်မရှိတော့ဘဲ ဒီအသင်းမှာ ကစားခဲ့တဲ့ကာလတွေအတွင်း အနိမ့်အမြင့် အတက်အကျတွေနဲ့ ရင်ဆိုင် ဖြတ်သန်းခဲ့ရပါတယ်။ အခုအချိန်မှာတော့ စိန်ခေါ်မှု အသစ်တွေကို ရင်ဆိုင်ဖြတ်သန်းရတော့မှာပါ”လို့ ရေးသားခဲ့ပါတယ်။

ယူနိုက်တက် ဂန္ထဝင်နည်းကြီး ဖာဂူဆန်လက်ထက်တုန်းက ၂၀၀၈ ခုနှစ်မှာ ဖလူမင်နိစ်အသင်းကနေ ရာဖေးလ်ကို ခေါ်ယူစာချုပ်ခဲ့ပြီး ရာဖေးလ်ဟာ အသင်းနဲ့အတူ ပရီးမီးယားလိဂ်၊

လိဂ်ဖလား၊ ဖီဖာကလပ် ကမ္ဘာ့ဖလားတွေ ရယူနိုင်ခဲ့ပေမယ့် နည်းပြဟောင်းဗန်ဟားလ် လက်ထက်မှာ ဆက်ဆံရေး အဆင်မပြေ ဖြစ်ခဲ့တာကြောင့် ၂၀၁၅ ခုနှစ်မှာ လိုင်ယွန်အသင်းဆီ ပြောင်းရွှေ့ခဲ့သူဖြစ်ပါတယ်။

Zawgyi Version

မန္ခ်က္စတာ ယူနိုက္တက္ ေနာက္ခံလူေဟာင္းရာေဖးလ္ဟာ တူရကီကလပ္ ဘာရွက္ဆီဟာအသင္းနဲ႕ ႐ုတ္တရက္လမ္းခြဲလိုက္တာေၾကာင့္ အခုအခ်ိန္မွာ ကလပ္အသင္းလက္မဲ့ျဖစ္သြားပါၿပီ။

အသက္ ၃၁ ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ ဘရာဇီးလ္ေနာက္ခံလူ ရာေဖးလ္ဟာ လိုင္ယြန္အသင္းနဲ႕လမ္းခြဲၿပီးတဲ့ေနာက္ ဘရာဇီးလ္ေနာက္ခံလူရာေဖးလ္ဟာ လိုင္ယြန္အသင္းနဲ႕လမ္းခြဲၿပီးတဲ့ေနာက္

ၿပီးခဲ့တဲ့ႏွစ္၊ စက္တင္ဘာလတုန္းက ဘာရွက္ဆီဟာအသင္းဆီ ၂ ႏွစ္ စာခ်ဳပ္နဲ႕ေျပာင္းေ႐ႊ႕ခဲ့ၿပီး စာခ်ဳပ္သက္တမ္းကုန္ရင္ ေနာက္ထပ္ ၁ ႏွစ္ သက္တမ္းတိုးသြားဖို႔ သေဘာတူညီခ်က္ လည္း ပါဝင္ခဲ့ပါတယ္။

ဒါေပမဲ့လည္း ဘာရွက္ဆီဟာအသင္းမွာ တစ္ရာသီသာ ကစားခဲ့ၿပီးတဲ့ေနာက္ ရာေဖးလ္က အသင္းနဲ႕လမ္းခြဲဖို႔ ဆုံးျဖတ္ခဲ့တာျဖစ္ၿပီး စိန္ေခၚမႈအသစ္ေတြကို ရင္ဆိုင္သြားမယ္လို႔ သူ႕ရဲ႕ Instagram မွာ Post တင္ခဲ့ပါတယ္။

ရာေဖးလ္က “ကြၽန္ေတာ့္အေပၚ ယုံၾကည္မႈထားေပးခဲ့တဲ့ ဘာရွက္ဆီဟာ အသင္းနဲ႕ အသင္းနည္းျပေဟာင္း အိုကန္ဘူရက္တို႔ကို ေက်းဇူးတင္ပါတယ္။ အခုလို ျဖစ္သြားတဲ့ အတြက္လည္း စိတ္မေကာင္းျဖစ္မိၿပီး ေဘာလုံးေလာကမွာ ဒီလိုမ်ိဳးအေျခအေနေတြက ျဖစ္ေနက်ပါပဲ။

ဒီရာသီမွာေတာ့ အသင္းနဲ႕အတူတူ တိုက္ပြဲဝင္ခြင့္မရွိေတာ့ဘဲ ဒီအသင္းမွာ ကစားခဲ့တဲ့ကာလေတြအတြင္း အနိမ့္အျမင့္ အတက္အက်ေတြနဲ႕ ရင္ဆိုင္ ျဖတ္သန္းခဲ့ရပါတယ္။ အခုအခ်ိန္မွာေတာ့ စိန္ေခၚမႈ အသစ္ေတြကို ရင္ဆိုင္ျဖတ္သန္းရေတာ့မွာပါ”လို႔ ေရးသားခဲ့ပါတယ္။

ယူနိုက္တက္ ဂႏၳဝင္နည္းႀကီး ဖာဂူဆန္လက္ထက္တုန္းက ၂၀၀၈ ခုႏွစ္မွာ ဖလူမင္နိစ္အသင္းကေန ရာေဖးလ္ကို ေခၚယူစာခ်ဳပ္ခဲ့ၿပီး ရာေဖးလ္ဟာ အသင္းနဲ႕အတူ ပရီးမီးယားလိဂ္၊

လိဂ္ဖလား၊ ဖီဖာကလပ္ ကမာၻ႔ဖလားေတြ ရယူနိုင္ခဲ့ေပမယ့္ နည္းျပေဟာင္းဗန္ဟားလ္ လက္ထက္မွာ ဆက္ဆံေရး အဆင္မေျပ ျဖစ္ခဲ့တာေၾကာင့္ ၂၀၁၅ ခုႏွစ္မွာ လိုင္ယြန္အသင္းဆီ ေျပာင္းေ႐ႊ႕ခဲ့သူျဖစ္ပါတယ္။