Unicode Version
၂၀၁၄တုန်းက ယူနိုက်တက်နဲ့ လမ်းခွဲချိန်မှာ အသင်းသစ်တစ်သင်းကို ရှာဖွေဖို့ ကြိုးပမ်းချိန် ဖာဒီနန်ဟာ အာဆင် နယ်အသင်းကို အင်မတန်မှ ပြောင်းချင်ခဲ့တယ်လို့ သူကိုယ်တိုင်က ထုတ်ဖော်ပြောလာပါတယ်။
ဒါပေမယ့်လည်း အဲ့ဒီအချိန်တုန်းက အာဆင်နယ်အသင်းရဲ့ နည်းပြကြီး အာစင်ဝင်းဂါက သူ့ကို လက်မခံပဲ ပယ်ချ ခဲ့တာကြောင့် အာဆင်နယ်နဲ့ ဝေးကွာခဲ့ရတာလို့လည်း ဖာဒီနန်က ဆိုလာပါတယ်။
ဒီလို အချိန်ကောင်းမှာ သူ့ကို မခေါ်ယူခဲ့တာကြောင့် သူကိုယ်တိုင်လည်း QPRအသင်းမှာ သွားကစားခဲ့ရပြီး မှန်ကန် တဲ့ ကစားသမားခေါ်ယူမှုတစ်ခုကို လွဲခဲ့ရတယ်လို့ ဆိုလာပါတယ်။
လက်ရှိမှာတော့ အသက် ၄၂နှစ်ရှိနေပြီ ဖြစ်တဲ့ ယူနိုက်တက် ဂန္တဝင်ကစားသမားကြီး ဖာဒီနန်ဟာ ယူနိုက်တက်က ထွက်ခွာရတုန်းက အာဆင်နယ်ကို ပြောင်းဖို့ အရူးအမူး ဖြစ်ခဲ့တာလို့လည်း သူ့ရဲ့ ကိုယ်ပိုင် ချန်နယ်ဖြစ်တဲ့ Rio Ferdinand Presents FIVE မှာ ပြောလာပါတယ်။
“အာစင်ကို ကျွန်တော်ပြောခဲ့ပါတယ်။ ယူနိုက်တက်က မကြာခင်ထွက်တော့မယ်၊ကျွန်တော့်ကို လိုချင်ရင် အဆင် သင့်ပါပဲ၊အဲ့ဒါဆို အသင်းရဲ့ အဝတ်လဲခန်းအတွင်းမှာ ကျွန်တော်ဟာ အကောင်းဆုံး ဦးဆောင် စည်းရုံးပေးနိုင်မှာပါ လို့ အာစင်ဝင်းဂါကို ဆိုခဲ့ဖူးပါတယ်။
ဒါပေမယ့် သူ ကျွန်တော့်ကို မခေါ်ခဲ့ပါဘူး။ သူ့အနေနဲ့ မှန်ကန်တဲ့ ဆုံးဖြတ်ချက် ချမှတ်ခဲ့တာလို့ပဲ ဆိုရမှာပါ။အကြောင်းကတော့ သူမခေါ်လို့ ကျူပီအာရောက်သွားချိန် ကျွန်တော့် ခြေစွမ်းဟာလည်း အရင်လို ပြန်မကောင်းလာတော့ပါဘူး။”လို့ ဖာဒီနန်က ဆိုလာပါတယ်။
Zawgyi Version
၂၀၁၄တုန္းက ယူနိုက္တက္နဲ႕ လမ္းခြဲခ်ိန္မွာ အသင္းသစ္တစ္သင္းကို ရွာေဖြဖို႔ ႀကိဳးပမ္းခ်ိန္ ဖာဒီနန္ဟာ အာဆင္ နယ္အသင္းကို အင္မတန္မွ ေျပာင္းခ်င္ခဲ့တယ္လို႔ သူကိုယ္တိုင္က ထုတ္ေဖာ္ေျပာလာပါတယ္။
ဒါေပမယ့္လည္း အဲ့ဒီအခ်ိန္တုန္းက အာဆင္နယ္အသင္းရဲ႕ နည္းျပႀကီး အာစင္ဝင္းဂါက သူ႕ကို လက္မခံပဲ ပယ္ခ် ခဲ့တာေၾကာင့္ အာဆင္နယ္နဲ႕ ေဝးကြာခဲ့ရတာလို႔လည္း ဖာဒီနန္က ဆိုလာပါတယ္။
ဒီလို အခ်ိန္ေကာင္းမွာ သူ႕ကို မေခၚယူခဲ့တာေၾကာင့္ သူကိုယ္တိုင္လည္း QPRအသင္းမွာ သြားကစားခဲ့ရၿပီး မွန္ကန္ တဲ့ ကစားသမားေခၚယူမႈတစ္ခုကို လြဲခဲ့ရတယ္လို႔ ဆိုလာပါတယ္။
လက္ရွိမွာေတာ့ အသက္ ၄၂ႏွစ္ရွိေနၿပီ ျဖစ္တဲ့ ယူနိုက္တက္ ဂႏၲဝင္ကစားသမားႀကီး ဖာဒီနန္ဟာ ယူနိုက္တက္က ထြက္ခြာရတုန္းက အာဆင္နယ္ကို ေျပာင္းဖို႔ အ႐ူးအမူး ျဖစ္ခဲ့တာလို႔လည္း သူ႕ရဲ႕ ကိုယ္ပိုင္ ခ်န္နယ္ျဖစ္တဲ့ Rio Ferdinand Presents FIVE မွာ ေျပာလာပါတယ္။
“အာစင္ကို ကြၽန္ေတာ္ေျပာခဲ့ပါတယ္။ ယူနိုက္တက္က မၾကာခင္ထြက္ေတာ့မယ္၊ကြၽန္ေတာ့္ကို လိုခ်င္ရင္ အဆင္ သင့္ပါပဲ၊အဲ့ဒါဆို အသင္းရဲ႕ အဝတ္လဲခန္းအတြင္းမွာ ကြၽန္ေတာ္ဟာ အေကာင္းဆုံး ဦးေဆာင္ စည္း႐ုံးေပးနိုင္မွာပါ လို႔ အာစင္ဝင္းဂါကို ဆိုခဲ့ဖူးပါတယ္။
ဒါေပမယ့္ သူ ကြၽန္ေတာ့္ကို မေခၚခဲ့ပါဘူး။ သူ႕အေနနဲ႕ မွန္ကန္တဲ့ ဆုံးျဖတ္ခ်က္ ခ်မွတ္ခဲ့တာလို႔ပဲ ဆိုရမွာပါ။အေၾကာင္းကေတာ့ သူမေခၚလို႔ က်ဴပီအာေရာက္သြားခ်ိန္ ကြၽန္ေတာ့္ ေျခစြမ္းဟာလည္း အရင္လို ျပန္မေကာင္းလာေတာ့ပါဘူး။”လို႔ ဖာဒီနန္က ဆိုလာပါတယ္။