Spots news

မန်ယူကထွက်ခွာပြီးမှ ခြေစွမ်းကောင်းတွေပိုပြီး တိုးတက်လာကြောင်း လူကာကူပြော

Unicode Version

ချဲလ်ဆီးတိုက်စစ်မှူးသစ် လူကာကူကတော့ ယူနိုက်တက်ကနေ ထွက်ခွာပြီးနောက် သူဟာပိုကောင်းတဲ့ ကစားသမားတစ်ဦးဖြစ်လာတယ်လို့ ဝန်ခံပြောကြားလိုက်ပါတယ်။

ပရီးမီးယားလိဂ်ကနေ ထွက်ခွာပြီး ၂ နှစ်အကြာမှာပဲ ချဲလ်ဆီးအသင်ကို ပြန်လည်ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ချဲလ်ဆီးကိုပြန်ရောက်လာတာက အရင်လူကာကူမဟုတ်တော့ပဲ ပုံစံအသစ်နဲ့ လူကာကူအဖြစ် ပြန်လာတာဖြစ်ပါတယ်။

အသက် ၂၈ နှစ်သားဟာ ချဲလ်ဆီး၊ ဝက်စ်ဘရွန်း ၊ အဲဗာတန် နဲ့ ယူနိုက်တက်တို့ကစားခဲ့သေးတာဖြစ်ပါတယ်။ ယူနိုက်တက်မှာ ခြေစွမ်းကောင်းတစ်ချို့ ပြသနိုင်ခဲ့ပေမယ့်

ဆိုးလ်ရှားရဲ့နည်းစနစ်မှာ အံမဝင်တာကြောင့် အင်တာကိုပြောင်းခဲ့ပါတယ်။ အင်တာမှာတော့ လူကာကူဟာ ၃၄ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ကာ စီးရီးအေချန်ပီယံဆုကိုပါ ရယူပေးနိုင်ခဲ့ပါတယ်။

လူကာကူကတော့ ပရီးမီးယားလိဂ်ပြန်လာချိန်မှာ အခုလိုဝန်ခံပြောကြားခဲ့တာဖြစ်ပါတယ်။ “ပရီးမီးယားလိဂ်က အတွေ့အကြုံအများကြီးရခဲ့ပါတယ်။ ဒါပေမယ့် အီတလီမှာရလိုက်တဲ့

အတွေ့အကြုံတွေက ပိုကောင်းတဲ့ ကစားသမားဖြစ်လာစေပါတယ်။ အခုတော့ ကျွန်တော်ဟာ ကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူးတွေထဲက တစ်ဦးဖြစ်နေပါပြီ”လို့ လူကာကူက ပြောကြားခဲ့ပါတယ်။

တူချယ်ကတော့ လူကာကူဟာ ချဲလ်ဆီးအသင်းရဲ့တိုက်စစ်ပိုင်းကို ဦးဆောင်နိုင်မယ်လို့ မျှော်လင့်နေပါတယ်။ တိုက်စစ်ပိုင်းအပြင် ချဲလ်ဆီးကတော့ ခံစစ်ပိုင်းအတွက်ပါ ဆီဗီလာနောက်ခံလူ ကွန်ဒီကိုခေါ်ယူဖို့ ကြိုးပမ်းနေပါတယ်။

Zawgyi Version

ခ်ဲလ္ဆီးတိုက္စစ္မႉးသစ္ လူကာကူကေတာ့ ယူနိုက္တက္ကေန ထြက္ခြာၿပီးေနာက္ သူဟာပိုေကာင္းတဲ့ ကစားသမားတစ္ဦးျဖစ္လာတယ္လို႔ ဝန္ခံေျပာၾကားလိုက္ပါတယ္။

ပရီးမီးယားလိဂ္ကေန ထြက္ခြာၿပီး ၂ ႏွစ္အၾကာမွာပဲ ခ်ဲလ္ဆီးအသင္ကို ျပန္လည္ေရာက္ရွိလာခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္ ခ်ဲလ္ဆီးကိုျပန္ေရာက္လာတာက အရင္လူကာကူမဟုတ္ေတာ့ပဲ ပုံစံအသစ္နဲ႕ လူကာကူအျဖစ္ ျပန္လာတာျဖစ္ပါတယ္။

အသက္ ၂၈ ႏွစ္သားဟာ ခ်ဲလ္ဆီး၊ ဝက္စ္ဘ႐ြန္း ၊ အဲဗာတန္ နဲ႕ ယူနိုက္တက္တို႔ကစားခဲ့ေသးတာျဖစ္ပါတယ္။ ယူနိုက္တက္မွာ ေျခစြမ္းေကာင္းတစ္ခ်ိဳ႕ ျပသနိုင္ခဲ့ေပမယ့္

ဆိုးလ္ရွားရဲ႕နည္းစနစ္မွာ အံမဝင္တာေၾကာင့္ အင္တာကိုေျပာင္းခဲ့ပါတယ္။ အင္တာမွာေတာ့ လူကာကူဟာ ၃၄ ဂိုးအထိ သြင္းယူေပးနိုင္ခဲ့ကာ စီးရီးေအခ်န္ပီယံဆုကိုပါ ရယူေပးနိုင္ခဲ့ပါတယ္။

လူကာကူကေတာ့ ပရီးမီးယားလိဂ္ျပန္လာခ်ိန္မွာ အခုလိုဝန္ခံေျပာၾကားခဲ့တာျဖစ္ပါတယ္။ “ပရီးမီးယားလိဂ္က အေတြ႕အႀကဳံအမ်ားႀကီးရခဲ့ပါတယ္။ ဒါေပမယ့္ အီတလီမွာရလိုက္တဲ့

အေတြ႕အႀကဳံေတြက ပိုေကာင္းတဲ့ ကစားသမားျဖစ္လာေစပါတယ္။ အခုေတာ့ ကြၽန္ေတာ္ဟာ ကမာၻ႔အေကာင္းဆုံးတိုက္စစ္မႉးေတြထဲက တစ္ဦးျဖစ္ေနပါၿပီ”လို႔ လူကာကူက ေျပာၾကားခဲ့ပါတယ္။

တူခ်ယ္ကေတာ့ လူကာကူဟာ ခ်ဲလ္ဆီးအသင္းရဲ႕တိုက္စစ္ပိုင္းကို ဦးေဆာင္နိုင္မယ္လို႔ ေမွ်ာ္လင့္ေနပါတယ္။ တိုက္စစ္ပိုင္းအျပင္ ခ်ဲလ္ဆီးကေတာ့ ခံစစ္ပိုင္းအတြက္ပါ ဆီဗီလာေနာက္ခံလူ ကြန္ဒီကိုေခၚယူဖို႔ ႀကိဳးပမ္းေနပါတယ္။