Spots news

ပီအက်စ်ဂျီတောင်းဆိုတဲ့ ပြောင်းရွေ့ကြေးကို ပေးပြီး ဘာပေကို ခေါ်ယူမယ့် မန်ယူ

Unicode Version

တိုက်စစ်မှူး ကာဗာနီရဲ့ နေရာကို အစားထိုးဖို့ တိုက်စစ်မှူးသစ် ရှာဖွေနေတဲ့ ပရီးမီးယားလိဂ်ကလပ် မန်ယူနိုက်တက်အသင်းဟာ ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းထံမှ ထွက်ခွာဖို့ ပြင်ဆင်နေတဲ့ လူငယ် တိုက်စစ်မှူး အမ်ဘာပေကို ခေါ်ယူဖို့ စိတ်ဝင်စားနေကာ လာမယ့်နွေရာသီမှာ ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။

အမ်ဘာပေဟာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်တော့တဲ့ ကစားသမား တဦး ဖြစ်ပြီး စာချုပ်သစ်အတွက် ဆွေးနွေးမှုများ တိုးတက်ခြင်း မရှိသေးပဲ ပီအက်စ်ဂျီအသင်းထံမှ အလွတ်နဲ့ ထွက်ခွာဖွယ်ရှိနေတဲ့ ထိပ်တန်းကြယ်ပွင်က ကစားသမားလဲ ဖြစ်နေပ့တယ်။

ပီအက်စ်ဂျီအသင်း ကတော့ အမ်ဘာပေကို အသင်းမှာသာ ဆက်လက် ထိန်းသိမ်းချင်နေပေမယ့် အမ်ဘာပေဘက်က စာချုပ်သစ် ချုပ်ဆိုဖို့ ကမ်းလှမ်းမှုကို ငြင်းပယ်ထားတာကြောင့်ထိုက်တန်တဲ့ ကမ်းလှမ်းမှု တရပ် ရောက်လာရင် ယခုနှစ် နွေဈေးကွက် အတွင်းမှာပဲ အမ်ဘာပေကို ရောင်းချနိုင်ပါတယ်။

အမ်ဘာပေကို ခေါ်ယူဖို့ အတွက် စပိန်ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်အသင်းက ကြိုးပမ်းနေသလို အမ်ဘာပေကလည်း ငယ်ဘဝအိမ်မက်ဖြစ်တဲ့ မက်ဒရစ်အသင်းထံ ပြောင်းရွှေ့ ကစားချင်ကြောင်း အသင်းရဲ့ ဥက္ကဌ ဖြစ်သူ အယ်ခါလိုင်ဖီကို အသိပေးထားပါတယ်။

သို့ပေမယ့် ပီအက်စ်ဂျီအသင်းဟာ အမ်ဘာပေကို ရီးရဲလ်ထံ တိုက်ရိုက် ရောင်းချလိုခြင်း မရှိတာကြောင့် ယူနိုက်တက်အသင်းက အမ်ဘာပေကို ခေါ်ယူဖို့ အခွင့်အလမ်းရှိလာတာ ဖြစ်ပြီး ဘာပေကလည်း ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ လာရောက် ကစားဖို့ အဆင်သင့်ရှိနေပါတယ်။

ယူနိုက်တက်အသင်းဟာ ဘာပေကို ယခုနှစ်အတွင်းမှာ ခေါ်ယူခွင့် ရှိပါက ယူရို ၁၅၀သန်း အထိ ပေးချေကာ ခေါ်ယူဖို့ အဆင်သင့် ရှိနေသလို အကယ်၍ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာလဲ အမ်ဘာပေကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ဖို့ ကြိုးစားမယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ရီးရဲလ်နဲ့ ယူနိုက်တက်အသင်းရဲ့ တာဝန်ရှိသူတွေဟာ အမ်ဘာပေရဲ့ အေးဂျင့်တွေနဲ့ ချိတ်ဆက်မှုတွေ ဆက်တိုက်ဆိုသလို ပြုလုပ်နေပြီး နှစ်သင်းစလုံးဟာ အမ်ဘာပေကို ခေါ်ယူနိုင်မယ်လို့ မျှော်လင့်နေကြောင်း ဥရောပအားကစား သတင်းစာများက ဖော်ပြသွားကြပါတယ် ။

Zawgyi Version






