Spots news

ပေါ့ဘာရှိရှိ မရှိရှိ ဂရီးလစ်ခ်ျကို မန်ယူနိုက်တက် ခေါ်ယူ သင့်ပါတယ် – ဖာဒီနန်

Unicode Version

အင်္ဂလန် နဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နောက်ခံ ကစားသမားဟောင်းကြီး ရီယိုဖာဒီနန်ကတော့ အသင်းရဲ့ ကွင်းလယ်ကစားသမား ပေါလ်ပေါ့ဘာ ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး အသင်းမှာ ဆက်ရှိနေမည် ဖြစ်စေ မရှိသည်ဖြစ်စေ အက်စတွန် ဗီလာ မှ ကွင်းလယ်ကစားသမား ဂရီးလစ်ခ်ျကို ခေါ်ယူသင့်ကြောင်း ယူနိုက်တက်ကိုပြောဆိုခဲ့ပါတယ်။

ပေါ့ဘာ ရဲ့ အေးဂျင့် ရွိုင်အိုလာက ပေါ့ဘာနဲ့ ယူနိုက်တက်တို့ရဲ့ ဇာတ်လမ်းပြီးသွားခဲ့ပြီ လို့ပြောဆိုထားပြီး လက်ရှိအချိန်မှာ ပေါ့ဘာနဲ့ ယူနိုက်တက်တို့ စာချုပ်သက်တမ်း တိုးရန် ဆွေးနွေးမှု မပြုလုပ်ရ သေးပါဘူး။

ပေါ့ဘာကို ယူနိုက်တက်‌အနေနဲ့ ဇန်နဝါရီ လမှာ ရောင်းချ နိုင်ကြောင်း သတင်းများလဲ ထွက် ပေါ်ခဲ့ပါတယ်။ တကယ်လို့ ပေါ့ဘာသာ အသင်းကနေ ထပ်မံထွက်ခွာဖြစ်ခဲ့မယ်ဆိုရင် ဂျူဗင်တပ်စ် နဲ့ ရီးရဲ မက်ဒရစ် တို့က ရေပန်းအစားဆုံးဖြစ်နေပါတယ်။

အကယ်၍ ပေါ့ဘာသာပြောင်းရွေ့သွားပါက ယူနိုက်တက်အနေနဲ့ ကွင်းလယ်အင်အားဖြည့်တင်းမှု ပြုလုပ်သွားရမှာပါ။

နောက်ခံလူဟောင်း ဖာဒီနန်ကတော့ ပေါ့ဘာ ရှိရှိ၊ မရှိရှိ ယူနိုက်တက်အနေနဲ့
အက်စတွန် ဗီလာအသင်းရဲ့ ကွင်းလယ်ကြယ်ပွင့်  ဂရီးလစ်ချ် ကို ခေါ်ယူသင့်ကြောင်း ပြောဆိုလာပါတယ်။

ရီယိုဖာဒီနန်က “ပေါ့ဘာ အသင်းမှာ ဆက်နေမလား ထွက်ခွာသွား မလားဆိုတာကို ကျွန်တော်ဂရု မစိုက်ပါဘူး။ ဂရီးလစ်ခ်ျကတော့ အခုအချိန်မှာ ကျွန်တော် အကြိုက်ဆုံးပဲ ။ ကျွန်တော့်သူကို သူဆယ်ကျော်သက် အရွယ် လောက်ကတည်းက သိနေတာပါ ။

သူက ဘောလုံးကို လေးလေးနက်နက် ကစားတဲ့သူပါ။ ရော်နယ်ဒင်ဟို ၊ မက်ဆီတို့နဲ့လဲ ကစားပုံ တူညီပါတယ်။ လက်ရှိမှာ သူ့ရဲ့ အရှိန် အဝါဟာ ပရီးမီးယားလိဂ်မှာ ကြီးမားနေပြီး ပြိုင်ဘက်များ ကိုလွှမ်းမိုးနိုင်တဲ့ ကစားသမားပါ လို့ သုံးသပ် ပြောဆိုသွားခဲ့ပါတယ်။

ဂရီးလစ်ချ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီကတည်းက ဗီလာအသင်းကို တန်းမဆင်းရအောင် အဓိကစွမ်းဆောင်ခဲ့သူဖြစ်ပြ ဒီရာသီမှာလည်း အသင်းအတွက် ပြိုင်ပွဲစုံ ၁၆ ပွဲအတွင်း ၆ ဂိုးသွင်းယူထားနိုင်ခဲ့ပြီး ၉ ဂိုးအထိကို ဖန်တီးပေးထား နိုင်ခဲ့ပါပြီ ။

ပေါ့ဘာ နဲ့ ဂရီးလစ်ခ်ျ ဟာ ယူနိုက်တက် နဲ့ ဗီလာ ပွဲစဉ်မှာ ထိပ်တန်း ကမ္ဘာ့အဆင့်ခြေစွမ်း ပြသနိုင်ခဲ့ပြီး အသင်းပရိတ်သတ်တွေ ရဲ့ နှစ်ခြိုက်မှုကို ရရှိ ခဲ့ပါတယ် ။

ပေါ့ဘာဟာ ယူနိုက်တက် နဲ့ စာချုပ်သက်တန်း တိုးနိုင်ခြင်းမရှိ‌‌သေးပဲ ရာသီကုန်မှာ ပေါ့ဘာအနေနဲ့ အိုးထရတ်ဖို့ဒ် မှာ ဆက်ရှိ နေသေးလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Zawgyi Version

အဂၤလန္ နဲ႕ မန္ခ်က္စတာ ယူနိုက္တက္အသင္းရဲ႕ အဂ္လန္ေနာက္ခံကစားသမားေဟာင္းႀကီး ရီယိုဖာဒီနန္ကေတာ့ အသင္းရဲ႕ ကြင္းလယ္ၾက ကစားသမား ေပါလ္ေပါ့ဘာရဲ႕ အနာဂတ္နဲ႕ ပတ္သက္ၿပီး အသင္းမွာ ဆက္ရွိေနမည္ ျဖစ္ေစ မရွိသည္ျဖစ္ေစ အက္စတြန္ဗီလာ မွကြင္းလည္ကစားသမား ဂရီးလစ္ခ္်ကိဳ ေခၚယူသင့္ေၾကာင္း ယူနိုက္တက္ကိုေျပာဆိုခဲ့ပါတယ္။

ေပါ့ဘာ ရဲ႕ ေအးဂ်င့္ ႐ြိုင္အိုလာက ေပါ့ဘာနဲ႕ ယူနိုက္တက္တို႔ရဲ႕ ဇာတ္လမ္းၿပီးသြားခဲ့ၿပီ လို႔ေျပာဆိုထားၿပီး လက္ရွိအခ်ိန္မွာ ေပါ့ဘာနဲ႕ ယူနိုက္တက္တို႔ စာခ်ဳပ္သက္တမ္း တိုးရန္ ေဆြးေႏြးမႈ မျပဳလုပ္ရေသးပါဘူး။ ေပါ့ဘာကို ယူနိုက္တက္‌အေနနဲ႕ ဇန္နဝါရီ လမွာ ေရာင္းခ် နိုင္ေၾကာင္း သတင္းမ်ားလဲ ထြက္ ေပၚခဲ့ပါတယ္။ တကယ္လို႔ ေပါ့ဘာသာ အသင္းကေန ထပ္မံထြက္ခြာျဖစ္ခဲ့မယ္ဆိုရင္ ဂ်ဴဗင္တပ္စ္ နဲ႕ ရီးရဲ မက္ဒရစ္ တို႔က ေရပန္းအစားဆုံးျဖစ္ေနပါတယ္။

အကယ္၍ ေပါ့ဘာသာေျပာင္းေ႐ြ႕သြားပါက ယူနိုက္တက္အေနနဲ႕ ကြင္းလယ္အင္အားျဖည့္တင္းမႈျပဳလုပ္သြားရမွာပါ။ ေနာက္ခံလူေဟာင္း ဖာဒီနန္ကေတာ့ ေပါ့ဘာ ရွိရွိ၊ မရွိရွိ ယူနိုက္တက္အေနနဲ႕
အက္စတြန္ ဗီလာအသင္းရဲ႕ ကြင္းလယ္ၾကယ္ပြင့္ ဂရီးလစ္ခ်္ ကို ေခၚယူသင့္ေၾကာင္း ေျပာဆိုလာပါတယ္။

ရီယိုဖာဒီနန္က “ေပါ့ဘာ အသင္းမွာ ဆက္ေနမလား ထြက္ခြာသြားမလားဆိုတာကို ကြၽန္ေတာ္ဂ႐ုမစိုက္ပါဘူး။ ဂရီးလစ္ခ္်ကေတာ့ အခုအခ်ိန္မွာ ကြၽန္ေတာ္ အႀကိဳက္ဆုံးပဲ ။ ကြၽန္ေတာ့္သူကို သူဆယ္ေက်ာ္သက္အ႐ြယ္ ေလာက္ကတည္းက သိေနတာပါ ။ သူက ေဘာလုံးကို ေလးေလးနက္နက္ ကစားတဲ့သူပါ။ ေရာ္နယ္ဒင္ဟို ၊ မက္ဆီတို႔နဲ႕လဲ ကစားပုံ တူညီပါတယ္။ လက္ရွိမွာ သူ႕ရဲ႕ အရွိန္ အဝါဟာ ပရီးမီးယားလိဂ္မွာ ႀကီးမားေနၿပီး ၿပိဳင္ဘက္မ်ား ကိုလႊမ္းမိုးနိုင္တဲ့ ကစားသမားပါ လို႔ သုံးသပ္ေျပာဆိုသြားခဲ့ပါတယ္။

ဂရီးလစ္ခ်္ဟာ ၿပီးခဲ့တဲ့ ေဘာလုံးရာသီကတည္းက ဗီလာအသင္းကို တန္းမဆင္းရေအာင္ အဓိကစြမ္းေဆာင္ခဲ့သူျဖစ္ျပ ဒီရာသီမွာလည္း အသင္းအတြက္ ၿပိဳင္ပြဲစုံ ၁၆ ပြဲအတြင္း ၆ ဂိုးသြင္းယူထားနိုင္ခဲ့ၿပီး ၉ ဂိုးအထိကို ဖန္တီးေပးထား နိုင္ခဲ့ပါၿပီ ။

ေပါ့ဘာ နဲ႕ ဂရီးလစ္ခ္် ဟာ ယူနိုက္တက္ နဲ႕ ဗီလာ ပြဲစဥ္မွာ ထိပ္တန္း ကမာၻ႔အဆင့္ေျခစြမ္း ျပသနိုင္ခဲ့ၿပီး အသင္းပရိတ္သတ္ေတြ ရဲ႕ ႏွစ္ၿခိဳက္မႈကို ရရွိ ခဲ့ပါတယ္ ။ ေပါ့ဘာဟာ ယူနိုက္တက္ နဲ႕ စာခ်ဳပ္သက္တန္း တိုးနိုင္ျခင္းမရွိ‌‌ေသးပဲ ရာသီကုန္မွာ ေပါ့ဘာအေနနဲ႕ အိုးထရတ္ဖို႔ဒ္ မွာ ဆက္ရွိ ေနေသးလားဆိုတာ ေစာင့္ၾကည့္ရမွာ ျဖစ္ပါတယ္။