Spots news

စပါးနဲ့ အာဆင်နယ်ရဲ့ ရန်ကိုကြောက်လို့ မာတီနက်ဇ်ကို ၅ နှစ်စာချုပ် ချုပ်မယ့် အင်တာ

Unicode Version

အင်တာမီလန်အသင်းဟာ အဓိကတိုက်စစ်မှူး လူကာကူကြိ ချယ်လ်ဆီးအသင်းထံ ရောင်းထုတ်ခဲ့ပြီး အားထားရတဲ့ ကစားသမားတစ်ဦးဖြစ်တဲ့ လော်တာရိုမာတီနက်ဇ်ကို တစ်နှစ်လစာ ပေါင် ၅ သန်းဖြင့် ၅ နှစ်စာချုပ်ချုပ် ဆိုရန် စီစဉ်နေကြောင်း သိရပါတယ်။

အင်တာမီလန်အသင်းဟာ ဘဏ္ဍာရေးအကျပ်အတည်းကြောင့် လူကာကူနှင့် လော်တာရိုမာတီနက်ဇ်တို့ထဲမှ တစ်ဦးဦးကို ရောင်းထုတ်ရန် စီစဉ်ခဲ့ပြီး ယခုအခါ လူကာကူကို ရောင်းထုတ်ခဲ့ပြီး လော်တာရိုမာတီနက်ဇ်ကို ဆက်ထိန်းထားရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပါတယ်။

လော်တာရိုမာတီနက်ဇ်ဟာ အာဆင်နယ်အသင်းရဲ့ ချဉ်းကပ်မှုကို ခံခဲ့ရသော်လည်း အင်တာမီလန်အသင်းဘက်ကရော၊ ကစားသမားဘက်ကပါ ဆန္ဒမရှိသဖြင့် အင်တာမီလန်အသင်းတွင် ဆက်ရှိနေခြင်းဖြစ်ပြီး ယခုအချိန်တွင် အသင်းရဲ့ အဓိကတိုက်စစ်မှူးအဖြစ် ဆက်လက်ဦးဆောင်သွားမှာလဲ ဖြစ်ပါတယ်။

သို့‌ ပေမယ့် လော်တာရိုမာတီနက်ဇ်အား အာဆင်နယ်အသင်းထက် ပိုမိုတဲ့ ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူလိုတဲ့ အသင်းရှိနေဆဲဖြစ်ပြီး စပါးအသင်းနည်းပြ နူနိုက ၎င်းကို စိတ်ဝင်စားနေခြင်းဖြစ်ပါတယ်။

စပါးအသင်းသာ လော်တာရိုမာတီနက်ဇ်အတွက် ပေါင်သန်း ၆၀ အထိ သုံးစွဲရန်အသင့်ရှိနေပြီး အမှန်တကယ် ကမ်းလှမ်းမှု ပြုလုပ်လာပါက အင်တာမီလန်နှင့် လော်တာရိုတို့ စာချုပ်သစ်ကိစ္စလည်း ပျက်ပြယ်သွားဖွယ်ရှိနေဆဲ ဖြစ်ပါတယ်။

Zawgyi Version

အင္တာမီလန္အသင္းဟာ အဓိကတိုက္စစ္မႉး လူကာကူႀကိ ခ်ယ္လ္ဆီးအသင္းထံ ေရာင္းထုတ္ခဲ့ၿပီး အားထားရတဲ့ ကစားသမားတစ္ဦးျဖစ္တဲ့ ေလာ္တာရိုမာတီနက္ဇ္ကို တစ္ႏွစ္လစာ ေပါင္ ၅ သန္းျဖင့္ ၅ ႏွစ္စာခ်ဳပ္ခ်ဳပ္ ဆိုရန္ စီစဥ္ေနေၾကာင္း သိရပါတယ္။

အင္တာမီလန္အသင္းဟာ ဘ႑ာေရးအက်ပ္အတည္းေၾကာင့္ လူကာကူႏွင့္ ေလာ္တာရိုမာတီနက္ဇ္တို႔ထဲမွ တစ္ဦးဦးကို ေရာင္းထုတ္ရန္ စီစဥ္ခဲ့ၿပီး ယခုအခါ လူကာကူကို ေရာင္းထုတ္ခဲ့ၿပီး ေလာ္တာရိုမာတီနက္ဇ္ကို ဆက္ထိန္းထားရန္ ဆုံးျဖတ္ခဲ့ျခင္း ျဖစ္ပါတယ္။

ေလာ္တာရိုမာတီနက္ဇ္ဟာ အာဆင္နယ္အသင္းရဲ႕ ခ်ဥ္းကပ္မႈကို ခံခဲ့ရေသာ္လည္း အင္တာမီလန္အသင္းဘက္ကေရာ၊ ကစားသမားဘက္ကပါ ဆႏၵမရွိသျဖင့္ အင္တာမီလန္အသင္းတြင္ ဆက္ရွိေနျခင္းျဖစ္ၿပီး ယခုအခ်ိန္တြင္ အသင္းရဲ႕ အဓိကတိုက္စစ္မႉးအျဖစ္ ဆက္လက္ဦးေဆာင္သြားမွာလဲ ျဖစ္ပါတယ္။

သို႔‌ ေပမယ့္ ေလာ္တာရိုမာတီနက္ဇ္အား အာဆင္နယ္အသင္းထက္ ပိုမိုတဲ့ ေျပာင္းေ႐ႊ႕ေၾကးျဖင့္ ေခၚယူလိုတဲ့ အသင္းရွိေနဆဲျဖစ္ၿပီး စပါးအသင္းနည္းျပ ႏူနိုက ၎ကို စိတ္ဝင္စားေနျခင္းျဖစ္ပါတယ္။

စပါးအသင္းသာ ေလာ္တာရိုမာတီနက္ဇ္အတြက္ ေပါင္သန္း ၆၀ အထိ သုံးစြဲရန္အသင့္ရွိေနၿပီး အမွန္တကယ္ ကမ္းလွမ္းမႈ ျပဳလုပ္လာပါက အင္တာမီလန္ႏွင့္ ေလာ္တာရိုတို႔ စာခ်ဳပ္သစ္ကိစၥလည္း ပ်က္ျပယ္သြားဖြယ္ရွိေနဆဲ ျဖစ္ပါတယ္။