Spots news

အထောင် တိုက်စစ်မှူးတစ်ဦးကို ခေါ်ယူဖို့ပြင်ဆင်နေတဲ့ ယူနိုက်တက်နဲ့ သတင်းတိုများ

Unicode Version

ယခုနှစ် ဘောလုံးရာသီအကုန်မှာ ကာဗာနီဟာ အသင်းကထွက်ခွာဖို့ ရှိနေတာကြောင့် ဆိုးလ်ရှားဟာ ရေရှည်အသုံးပြုလို့ရမယ့် အထောင်တိုက်စစ်မှူးတစ်ယောက်ကို လာမယ့်နှစ်နွေရာသီမှာ ခေါ်ယူမှာဖြစ်ပါတယ်။

ဆိုးလ်ရှား ခေါ်ယူလိုတဲ့ တိုက်စစ်မှူးစာရင်းထဲမှာ ပီအက်စ်ဂျီတိုက်စစ်မှူး ကိုင်လီယန်အမ်ဘာပေ ပါဝင်လာပြီး ကာလရှည် ပစ်မှတ်ဖြစ်တဲ့ အားလင်းဟားလန်း၊ စပါးတိုက်စစ်မှူး ဟယ်ရီကိန်းနဲ့ အင်တာတိုက်စစ်မှူး မာတီနက်ဇ်တို့လည်း ပါဝင်နေပါတယ်။

အတ္တလန္တာအသင်းဟာ ယူနိုက်တက် တောင်ပံကစားသမား ဒီယာလိုကို အသင်းဟောင်းမှာ အငှား ပြန်လည်လာရောက် ကစားရန်တောင်းဆိုထားကြောင်း သိရပါတယ် ။ ယူနိုက်တက်ဘက်မှလည်း အငှားကစားစဥ် ကာလအတွင်း ပုံမှန်ပွဲထွက်ကစားခွင့် အာမခံချက်ပေးပါက သဘောတူညီဖွယ် ရှိပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစပ်ခံခဲ့ရတဲ့ ယူနိုက်တက် ဂိုးသမား ဒင်းဟန်ဒါဆင်ဟာ ယခုအပတ်အတွင်း ကာရင်တန်မှာ အသေးစားလေ့ကျင့်ရေးအစီအစဥ်တွေ လာရောက်ပြုလုပ်ခဲ့ပြီဖြစ်ပါတယ်။ ဒါပေမယ့် သူဟာ ယခုလအတွင်း ကစားမယ့် ပရီးမီးယားလိဂ်ပွဲစဥ် ၂ ပွဲမှာတော့ ပါဝင်ကစားနိုင်ဦးမှာ မဟုတ်သေးပါဘူး။

ယူနိုက်တက်ဟာ အီတလီက ကမ်းလှမ်းမှုတစ်ခုအပြင် လင်ဂတ်အတွက် ကမ်းလှမ်းမှုတချို့ကို လက်ခံရရှိခဲ့ပါတယ်။ ဒါပေမယ့် လက်ရှိအချိန်မှာ သူ့အတွက် မည်သည့်တရားဝင်ကမ်းလှမ်းမှုမျှ ရောက်ရှိလာခြင်း မရှိတော့ပါဘူး။ ဝက်စ်ဟမ်းဟာလည်း ယူနိုက်တက်တောင်းဆိုတဲ့ ပေါင် ၂၅ သန်းကို ပေးချေဖို့ ဆန္ဒမရှိပါဘူး။

Zawgyi Version

ယခုႏွစ္ေဘာလုံးရာသီအကုန္မွာ ကာဗာနီဟာ အသင္းကထြက္ခြာဖို႔ ရွိေနတာေၾကာင့္ ဆိုးလ္ရွားဟာ ေရရွည္အသုံးျပဳလို႔ရမယ့္ အေထာင္တိုက္စစ္မႉးတစ္ေယာက္ကို လာမယ့္ႏွစ္ေႏြရာသီမွာ ေခၚယူမွာျဖစ္ပါတယ္။

ဆိုးလ္ရွား ေခၚယူလိုတဲ့ တိုက္စစ္မႉးစာရင္းထဲမွာ ပီအက္စ္ဂ်ီတိုက္စစ္မႉး ကိုင္လီယန္အမ္ဘာေပ ပါဝင္လာၿပီး ကာလရွည္ ပစ္မွတ္ျဖစ္တဲ့ အားလင္းဟားလန္း၊ စပါးတိုက္စစ္မႉး ဟယ္ရီကိန္းနဲ႕ အင္တာတိုက္စစ္မႉး မာတီနက္ဇ္တို႔လည္း ပါဝင္ေနပါတယ္။

 

အတၱလႏၲာအသင္းဟာ ယူနိုက္တက္ ေတာင္ပံကစားသမား ဒီယာလိုကို အသင္းေဟာင္းမွာ အငွား ျပန္လည္လာေရာက္ ကစားရန္ေတာင္းဆိုထားေၾကာင္း သိရပါတယ္ ။ ယူနိုက္တက္ဘက္မွလည္း အငွားကစားစဥ္ ကာလအတြင္း ပုံမွန္ပြဲထြက္ကစားခြင့္ အာမခံခ်က္ေပးပါက သေဘာတူညီဖြယ္ ရွိပါတယ္။

ကိုရိုနာဗိုင္းရပ္စ္ ကူးစပ္ခံခဲ့ရတဲ့ ယူနိုက္တက္ ဂိုးသမား ဒင္းဟန္ဒါဆင္ဟာ ယခုအပတ္အတြင္း ကာရင္တန္မွာ အေသးစားေလ့က်င့္ေရးအစီအစဥ္ေတြ လာေရာက္ျပဳလုပ္ခဲ့ၿပီျဖစ္ပါတယ္။ ဒါေပမယ့္ သူဟာ ယခုလအတြင္း ကစားမယ့္ ပရီးမီးယားလိဂ္ပြဲစဥ္ ၂ ပြဲမွာေတာ့ ပါဝင္ကစားနိုင္ဦးမွာ မဟုတ္ေသးပါဘူး။

ယူနိုက္တက္ဟာ အီတလီက ကမ္းလွမ္းမႈတစ္ခုအျပင္ လင္ဂတ္အတြက္ ကမ္းလွမ္းမႈတခ်ိဳ႕ကို လက္ခံရရွိခဲ့ပါတယ္။ ဒါေပမယ့္ လက္ရွိအခ်ိန္မွာ သူ႕အတြက္ မည္သည့္တရားဝင္ကမ္းလွမ္းမႈမွ် ေရာက္ရွိလာျခင္း မရွိေတာ့ပါဘူး။ ဝက္စ္ဟမ္းဟာလည္း ယူနိုက္တက္ေတာင္းဆိုတဲ့ ေပါင္ ၂၅ သန္းကို ေပးေခ်ဖိဳ႕ ဆႏၵမရွိပါဘူး။