Spots news

ဆောက်သမ်တန်ကို လူစုံနေပြီဖြစ်တဲ့ မန်ယူက ဖုတ်မလား ပြုတ်လာမလား သုံးသပ်ချက်

Unicode Version

ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဒ် ဒုတိယအပတ် အဝေးကွင်းပွဲစဉ်အဖြစ် ဆောက်သမ်တန်အသင်းနဲ့ ရင်ဆိုင်ရမှာဘဲ ဖြစ်ပါတယ်။ စိတ်ဓာတ်နဲ့ ခြေစွမ်း အမြင့်ဆုံးမှာ ရှိနေတဲ့ ယူနိုက်တက်အဖို့ နိုင်ပွဲကို ခေါ်ဆောင်လာနိုင်မလားဆိုတာ စောင့်ကြည့်ရမှာဘဲ ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ပွဲစဉ်မှာ လိဒ်ယူနိုက်တက်အသင်း ကို ဂိုးပြတ်အနိုင်ရထားပြီး ဆောက်သမ်တန်ကတော့ အဲဗာတန်ကို သုံးဂိုး တစ်ဂိုးနဲ့ အနိုင်ရရှိထားပါတယ်။ ဆောက်သမ်တန်အသင်းကတော့ ယူနိုက်တက်နဲ့တွေ့ဆုံတိုင်း ပြီးခဲ့တဲ့ရာသီမှာ အရေးနိမ့်ထားပါတယ်။

ပြီးခဲ့တဲ့ အို့ထရတ်ဖို့ဒ်မှာ 9ဂိုးပြတ်နဲ့ ယူနိုက်တက်တို့ကတော့ ဆောက်သမ်တန်ကို အမှန်အကန် ဖြုတ်ထားတယ်လို့ ပြောလို့ရပါတယ်။ ဆောက်သမ်တန်အိမ်ကွင်းမှာတော့ 3ဂိုး2ဂိုးနဲ့ ယူနိုက်တက်တို့ အနိုင်ရထားပါတယ်။

ယူနိုက်တက်အတွက် ကစားသမားသစ် ဗာရိန်းကလည်း ဒီပွဲစဉ်မှာ ပါ၀င်လာမှာဖြစ်ပြီး ပွဲထွက်ခွင့်မရတောင် အရံအဖြစ်တွေ့ရမှာပါ။ ဆိုးရှားလ်တစ်ယောက် ဆန်ချိုကို ပွဲထုတ်လာမလားဆိုတာလည်း ရင်ခုန်ရအုံးမှာပါ။

ယူနိုက်တက်အတွက် ကစားသမားသစ် ဗာရိန်းကလည်း ဒီပွဲစဉ်မှာ ပါ၀င်လာမှာဖြစ်ပြီး ပွဲထွက်ခွင့်မရတောင် အရံအဖြစ်တွေ့ရမှာပါ။ ဆိုးရှားလ်တစ်ယောက် ဆန်ချိုကို ပွဲထုတ်လာမလားဆိုတာလည်း ရင်ခုန်ရအုံးမှာပါ။

ပရီးမီးယားလိဂ်အဖွင့်ပွဲမှာ 5 ဂိုးပြတ်နဲ့ အနိုင်ရပြီး ယုံကြည်မှုမြင့်မားနေတဲ့ သရဲနီတွေပဲ အောင်ပွဲခံသွားမယ် ထင်ပါတယ်။ ယူနိုက်တက်တို့ အဝေးကွင်းမှာ ဆောက်သမ်ကို ဂိုးမပြတ်ဘူးဆိုရင်တောင် အနိုင်သုံးမှတ်တော့ အရယူသွားနိုင် ပါလိမ့်မယ်။

Zawgyi Version





