Spots news

ဘယ်အသင်းနဲ့ ကန်ရမယ်မသိအောင် အဲ‌ဗာတန်မှာ ပစ်ပယ်ခံထားရတဲ့ ဂျိမ်းစ်

Unicode Version

အဲဗာတန်အသင်းရဲ့ ကွင်းလယ်တိုက်စစ်ကစားသမား ဂျိမ်းစ်ရိုဒရီဂွက်ဇ်ဟာ ယခုနွေရာသီ အပြောင်းအရွေ့မှာ အသင်းပြောင်းရွေ့လိုနေပြီး အဲ‌ဗာတန် အသင်းနဲ့ သူ့ရဲ့ ဆိုးရွားလှတဲ့ အခြေအ‌နေကို ပြောပြ သွားပါတယ်။

အန်ဆယ်လော့တီထွက်ခွာသွားပြီးနောက် နည်းပြသစ်အဖြစ် ဘင်နီတက်ဇ်ရောက်ရှိလာချိန်မှာ ဂျိမ်းစ်ကို လျစ်လျူရှုထားတာဖြစ်ပြီး ဂျိမ်းစ်ကိုယ်တိုင်က အဲဗာတန်နဲ့ ဘယ်အသင်းနဲ့ ကစားရမယ်တောင် မသိတဲ့အထိ အခြေအနေဆိုးရွားစွာ မေ့ဖျောက်ခံထားရပါတယ်။

ဂျိမ်းစ်ဟာ ပြီးခဲ့တဲ့ ရာသီက နည်းပြ အန်ဆယ်လော့တီနဲ့ လက်တွဲဖို့ အဲဗာတန်ကို ရောက်ရှိလာခဲ့ပြီး ဂျိမ်းစ်ဟာ အဲ‌ဗာတန်အတွက် ပြိုင်ပွဲစုံ ၂၆ ပွဲမှာ ၆ ဂိုးသွင်းယူကာ ၈ ကြိမ်ဖန်တီးပေးနိုင်ခဲ့ပါတယ်။ သို့ပေမယ့် အန်ဆယ်လော့တီ ထွက်ခွာသွားပြီးနော် ဂျိမ်းစ်ဟာ ပုံမှန်နေရာရရှိဖို့ မလွယ်တော့ပဲ အသင်းသစ်ရှာဖွေဖို့သာ သူ့အတွက် အကောင်းဆုံး ဖြစ်နေပါတယ်။

ဂျိမ်းစ်ရိုဒရီဂွက်ဇ်က “တနလာင်္နေ့က ကျွန်တော် လေ့ကျင့်ခန်းစဆင်းတယ်ထင်တယ်၊ ပြီးခဲ့တဲ့တစ်ပတ်မှာ ကျွန်တော်ကစားခွင့်မရခဲ့ပါဘူး၊ အဲဗာတန်မှာ ဘယ်သူတွေကစားနေကြလဲဆိုတာ ကျွန်တော်တောင်မှမသိဘူးဖြစ်နေတယ်၊

ကျေးဇူးပြုပြီး ကျွန်တော့်ကို ပြောပြပေးနိုင်မလား၊ ခုလာမယ့်ပွဲက အဝေးကွင်းပွဲထင်တယ်၊ ဘာလို့လဲဆိုတော့ နောက်ဆုံးပွဲက အိမ်ကွင်းမှာကစားခဲ့တာလေ၊ အားး ဟုတ်ပြီ၊ လိဒ်နဲ့ သူတို့ကစားရမှာဗျ”

“အဝေးကွင်းပဲ၊ မာဆယ်လိုဘီယဲလ်ဆာရဲ့အသင်းနဲ့ ကစားရမှာ၊ ခက်ခဲ့မယ့်ပွဲတစ်ပွဲပါပဲ၊ ဘာတွေဖြစ်လာမလဲကြည့်ရတာပေါ့၊ အနိုင်ရဖို့တော့ မျှော်လင့်ပါတယ်” လို့ ဂျိမ်းစ်က ပြောဆိုခဲ့ပါတယ်။

သူ့ရဲ့ပြောဆိုမှုကို ကြည့်မယ်ဆိုရင်တော့ ဂျိမ်းစ်ကိုယ်တိုင်လည်း သူ့ရဲ့အနေအထားကိုစိတ်ပျက်နေပြီး လာမယ့်ပွဲကို အိမ်ကွင်းကန်ရမှာလား၊ အဝေးကွင်းကန်ရမှာလား မသိအောင်ကို ဖြစ်နေပြီး ဆိုးရွားတဲ့အနေအထားတစ်ခုဖြစ်နေတယ်လို့ ယူဆရပါတယ်။

Zawgyi Version

အဲဗာတန္အသင္းရဲ႕ ကြင္းလယ္တိုက္စစ္ကစားသမား ဂ်ိမ္းစ္ရိုဒရီဂြက္ဇ္ဟာ ယခုေႏြရာသီ အေျပာင္းအေ႐ြ႕မွာ အသင္းေျပာင္းေ႐ြ႕လိုေနၿပီး အဲ‌ဗာတန္ အသင္းနဲ႕ သူ႕ရဲ႕ ဆိုး႐ြားလွတဲ့ အေျခအ‌ေနကို ေျပာျပ သြားပါတယ္။

အန္ဆယ္ေလာ့တီထြက္ခြာသြားၿပီးေနာက္ နည္းျပသစ္အျဖစ္ ဘင္နီတက္ဇ္ေရာက္ရွိလာခ်ိန္မွာ ဂ်ိမ္းစ္ကို လ်စ္လ်ဴရႈထားတာျဖစ္ၿပီး ဂ်ိမ္းစ္ကိုယ္တိုင္က အဲဗာတန္နဲ႕ ဘယ္အသင္းနဲ႕ ကစားရမယ္ေတာင္ မသိတဲ့အထိ အေျခအေနဆိုး႐ြားစြာ ေမ့ေဖ်ာက္ခံထားရပါတယ္။

ဂ်ိမ္းစ္ဟာ ၿပီးခဲ့တဲ့ ရာသီက နည္းျပ အန္ဆယ္ေလာ့တီနဲ႕ လက္တြဲဖို႔ အဲဗာတန္ကို ေရာက္ရွိလာခဲ့ၿပီး ဂ်ိမ္းစ္ဟာ အဲ‌ဗာတန္အတြက္ ၿပိဳင္ပြဲစုံ ၂၆ ပြဲမွာ ၆ ဂိုးသြင္းယူကာ ၈ ႀကိမ္ဖန္တီးေပးနိုင္ခဲ့ပါတယ္။ သို႔ေပမယ့္ အန္ဆယ္ေလာ့တီ ထြက္ခြာသြားၿပီးေနာ္ ဂ်ိမ္းစ္ဟာ ပုံမွန္ေနရာရရွိဖို႔ မလြယ္ေတာ့ပဲ အသင္းသစ္ရွာေဖြဖို႔သာ သူ႕အတြက္ အေကာင္းဆုံး ျဖစ္ေနပါတယ္။

ဂ်ိမ္းစ္ရိုဒရီဂြက္ဇ္က “တနလာေနၤ့က ကြၽန္ေတာ္ ေလ့က်င့္ခန္းစဆင္းတယ္ထင္တယ္၊ ၿပီးခဲ့တဲ့တစ္ပတ္မွာ ကြၽန္ေတာ္ကစားခြင့္မရခဲ့ပါဘူး၊ အဲဗာတန္မွာ ဘယ္သူေတြကစားေနၾကလဲဆိုတာ ကြၽန္ေတာ္ေတာင္မွမသိဘူးျဖစ္ေနတယ္၊

ေက်းဇူးျပဳၿပီး ကြၽန္ေတာ့္ကို ေျပာျပေပးနိုင္မလား၊ ခုလာမယ့္ပြဲက အေဝးကြင္းပြဲထင္တယ္၊ ဘာလို႔လဲဆိုေတာ့ ေနာက္ဆုံးပြဲက အိမ္ကြင္းမွာကစားခဲ့တာေလ၊ အားး ဟုတ္ၿပီ၊ လိဒ္နဲ႕ သူတို႔ကစားရမွာဗ်”

“အေဝးကြင္းပဲ၊ မာဆယ္လိုဘီယဲလ္ဆာရဲ႕အသင္းနဲ႕ ကစားရမွာ၊ ခက္ခဲ့မယ့္ပြဲတစ္ပြဲပါပဲ၊ ဘာေတြျဖစ္လာမလဲၾကည့္ရတာေပါ့၊ အနိုင္ရဖို႔ေတာ့ ေမွ်ာ္လင့္ပါတယ္” လို႔ ဂ်ိမ္းစ္က ေျပာဆိုခဲ့ပါတယ္။

သူ႕ရဲ႕ေျပာဆိုမႈကို ၾကည့္မယ္ဆိုရင္ေတာ့ ဂ်ိမ္းစ္ကိုယ္တိုင္လည္း သူ႕ရဲ႕အေနအထားကိုစိတ္ပ်က္ေနၿပီး လာမယ့္ပြဲကို အိမ္ကြင္းကန္ရမွာလား၊ အေဝးကြင္းကန္ရမွာလား မသိေအာင္ကို ျဖစ္ေနၿပီး ဆိုး႐ြားတဲ့အေနအထားတစ္ခုျဖစ္ေနတယ္လို႔ ယူဆရပါတယ္။