Spots news

ဝုလ်ဗ်နဲ့ ပွဲစဉ်မှာ တိုက်စစ်မှူး ဟာရီကိန်း ပါမပါ ပြောကြားလိုက်တဲ့ နည်းပြနူနိုဆန်တို

Unicode Version

စပါးနည်းပြ နူနိုဆန်တိုက ဝုလ်ဗ်အသင်းနှင့်ကစားမည့်ပွဲမှာ တိုက်စစ်မှူး ဟာရီကိန်း ပါဝင်ကစားရန် မသေချာသေးကြောင်း ပြောကြားခဲ့ပါတယ်။

မန်စီးတီးအသင်းရဲ့ ခေါ်ယူရန် ပစ်မှတ်ထားခြင်းကို ခံနေရတဲ့ ဟာရီကိန်းဟာ စပါးအသင်းမှာ လေ့ကျင့်ခန်း ပြန်လည်ပြုလုပ်နေပြီဖြစ်သော်လည်း ပွဲကစားခွင့်ရရန် စောင့်ဆိုင်းနေရဆဲဖြစ်ပါတယ်။

ဟာရီကိန်းဟာ မန်စီးတီးအသင်းနှင့် ပရီးမီးယားလိဂ် အဖွင့်ပွဲကို လွဲချော်ခဲ့သလို၊ ပါကို့စ်ဖရဲရားအသင်းနှင့် ကစားခဲ့သည့် ယူရိုပါ ကွန်းဖရန့်လိဂ် ပွဲစဉ်တွင်လည်း ပါဝင်ခဲ့ ခြင်းမရှိခဲ့ပါဘူး။

သြဂုတ်လ (၁၈)ရက်က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တစ်ဦးက တနင်္ဂနွေနေ့တွင် ကစားမည့် ဝုလ်ဗ်အသင်းနှင့်ပွဲတွင် ဟာရီကိန်းပါဝင်မည်လားဟု မေးမြန်းခဲ့ရာ နူနိုဆန်တိုက

”ဒီမေးခွန်းကို ကျွန်တော် မဖြေနိုင်သေးပါဘူး။ သူဟာ သောကြာနေ့မှာမှ အသင်းနဲ့အတူ လေ့ကျင့်ခန်းဆင်းမှာပါ။ သူ့အနေနဲ့ တစ်နေ့ထက်တစ်နေ့ ပိုကောင်းလာဖို့ ကျွန်တော် မျှော်လင့်ပါတယ်။ ဝုလ်ဗ်နဲ့ပွဲမှာ ပါနိုင်မလားဆိုတာကိုတော့ စောင့်ကြည့်ရမှာပါ”ဟု ပြောကြားခဲ့ပါတယ်။

Zawgyi Version



ဟာရီကိန်းဟယ မန်စီးတီးအသင်းနှင့် ပရီးမီးယားလိဂ် အဖွင့်ပွဲကို လွဲချော်ခဲ့သလို၊ ပါကို့စ်ဖရဲရားအသင်းနှင့် ကစားခဲ့သည့် ယူရိုပါ ကွန်းဖရန့်လိဂ် ပွဲစဉ်တွင်လည်း ပါဝင်ခဲ့ ခြင်းမရှိခဲ့ပါဘူး။

