Unicode Version
မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ကွင်းလယ် အင်အား ဖြည့်တင်းဖို့ အတွက် အသင်းရဲ့ ကာလရှည် ပစ်မှတ်ကစားသမား တစ်ဦးဖြစ်တဲ့ ပေါ်တူဂီ လက်ရွေးစင် ဝုဗ်အသင်း ကွင်းလယ်လူ ရူဘင်နီဗက်ကို ခေါ်ယူဖို့ အတွက် ပထမဆုံးအကြိမ် တာဝန်ရှိသူတွေ ဆွေးနွေးမှု စတင်နေပြီ ဖြစ်ကြောင်း သိရပါတယ်။
ဘရူနိုဖာနန်ဒက်စ်ရဲ့ အသင်းဖော် ပေါ်တူဂီ လက်ရွေးစင် ကွင်းလယ်လူ ရူဘင်နီဗက်ဟာ ချန်ပီယံလိဂ် ပြိုင်ပွဲ ဝင်ရောက် ကစားချင်တာကြောင့် ထွက်ခွာခွင့် တောင်းဆိုထားတဲ့ ကစားသမား ဖြစ်ပြီး ဝုဗ်အသင်းကလည်း ထိုက်သင့်တဲ့ ပြောင်းရွှေ့ကြေးသာ ရရှိပါက ရောင်းချမှာ ဖြစ်ပါတယ်
ယူနိုက်တက်အသင်းကလည်း ယခုနှစ် နွေဈေးကွက် အပြောင်းအရွေ့ မပိတ်သိမ်းမီမှာ အသင်းရဲ့ တိုက်စစ်နဲ့ ကွင်းလယ်ပိုင်းကို အင်အားဖြည့်ဖို့ ပြင်ဆင်နေတာ ဖြစ်ပြီး ယခုအချိန်မှာတော့ ကွင်းလယ်လူ ရူဘင်နီဗက်ကို ခေါ်ယူဖို့ အတွက် ဆွေးနွေးမှုတွေ စတင်ခဲ့တာပဲ ဖြစ်ပါတယ်။
မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ရူဘင်နီဗက်ကို ခေါ်ယူဖို့ အတွက် အမှန်တကယ် ကမ်းလှမ်းနေပြီး ယခုနှစ် နွေရာသီကာလမှာ အပြောင်းအရွေ့ ဖြစ်မြောက်မှု မဖြစ်မြောက်မှုဟာ ယူနိုက်တက်က ရောင်းချဖို့ ပြင်ဆင်ထားတဲ့ ကစားသမားတွေ အပေါ် မူတည်နေကြောင်း သိရပါတယ်။
ယခုအပြောင်းအရွေ့ ကာလအတွင်း ယူနိုက်တက်ဟာ အသင်းရဲ့ ကွင်းလယ်တိုက်စစ် ကစားသမား ဂျက်ဆီ လင်ဂတ်ကို ရောင်းချမှာဖြစ်ကြောင်း ကြေငြာထားပြီး လင်ဂတ်ရဲ့ ပြောင်းရွေ့ကြေး ကို ပေါင် ၂၀သန်း သတ်မှတ်ထားကာ လင်ဂတ်ကို ခေါ်ယူဖို့ ဝက်စ်ဟမ်းအသင်းက စိတ်ဝင်စားနေပါတယ်။
ယူနိုက်တက်အသင်းဟာ နီဗက်ကို ခေါ်ယူဖို့ အသင်းရဲ့ ရောင်းချမယ့် ကစားသမားတွေကို အရင်ရှင်းထုတ်သွားမှာဖြစ်ပြီး လင်ဂတ်ကိုသာ ပြောင်းရွှေ့ကြေး ပေါင် ၂၀သန်းနဲ့ ရောင်းချဖြစ်ပါက နီဗက်ကို ပေါင် ၃၅သန်း ဝန်းကျင် ပေးချေကာ ခေါ်ယူဖို့ အသင့် ရှိနေကြောင်း ဆိုပါတယ်။
Zawgyi Version
မန္ခ်က္စတာ ယူနိုက္တက္အသင္းဟာ ကြင္းလယ္ အင္အား ျဖည့္တင္းဖို႔ အတြက္ အသင္းရဲ႕ ကာလရွည္ ပစ္မွတ္ကစားသမား တစ္ဦးျဖစ္တဲ့ ေပၚတူဂီ လက္ေ႐ြးစင္ ဝုဗ္အသင္း ကြင္းလယ္လူ ႐ူဘင္နီဗက္ကို ေခၚယူဖို႔ အတြက္ ပထမဆုံးအႀကိမ္ တာဝန္ရွိသူေတြ ေဆြးေႏြးမႈ စတင္ေနၿပီ ျဖစ္ေၾကာင္း သိရပါတယ္။
ဘ႐ူနိုဖာနန္ဒက္စ္ရဲ႕ အသင္းေဖာ္ ေပၚတူဂီ လက္ေ႐ြးစင္ ကြင္းလယ္လူ ႐ူဘင္နီဗက္ဟာ ခ်န္ပီယံလိဂ္ ၿပိဳင္ပြဲ ဝင္ေရာက္ ကစားခ်င္တာေၾကာင့္ ထြက္ခြာခြင့္ ေတာင္းဆိုထားတဲ့ ကစားသမား ျဖစ္ၿပီး ဝုဗ္အသင္းကလည္း ထိုက္သင့္တဲ့ ေျပာင္းေ႐ႊ႕ေၾကးသာ ရရွိပါက ေရာင္းခ်မွာ ျဖစ္ပါတယ္
ယူနိုက္တက္အသင္းကလည္း ယခုႏွစ္ ေႏြေဈးကြက္ အေျပာင္းအေ႐ြ႕ မပိတ္သိမ္းမီမွာ အသင္းရဲ႕ တိုက္စစ္နဲ႕ ကြင္းလယ္ပိုင္းကို အင္အားျဖည့္ဖို႔ ျပင္ဆင္ေနတာ ျဖစ္ၿပီး ယခုအခ်ိန္မွာေတာ့ ကြင္းလယ္လူ ႐ူဘင္နီဗက္ကို ေခၚယူဖို႔ အတြက္ ေဆြးေႏြးမႈေတြ စတင္ခဲ့တာပဲ ျဖစ္ပါတယ္။
မန္ခ်က္စတာ ယူနိုက္တက္အသင္းဟာ ႐ူဘင္နီဗက္ကို ေခၚယူဖို႔ အတြက္ အမွန္တကယ္ ကမ္းလွမ္းေနၿပီး ယခုႏွစ္ ေႏြရာသီကာလမွာ အေျပာင္းအေ႐ြ႕ ျဖစ္ေျမာက္မႈ မျဖစ္ေျမာက္မႈဟာ ယူနိုက္တက္က ေရာင္းခ်ဖိဳ႕ ျပင္ဆင္ထားတဲ့ ကစားသမားေတြ အေပၚ မူတည္ေနေၾကာင္း သိရပါတယ္။
ယခုအေျပာင္းအေ႐ြ႕ ကာလအတြင္း ယူနိုက္တက္ဟာ အသင္းရဲ႕ ကြင္းလယ္တိုက္စစ္ ကစားသမား ဂ်က္ဆီ လင္ဂတ္ကို ေရာင္းခ်မွာျဖစ္ေၾကာင္း ေၾကျငာထားၿပီး လင္ဂတ္ရဲ႕ ေျပာင္းေ႐ြ႕ေၾကး ကို ေပါင္ ၂၀သန္း သတ္မွတ္ထားကာ လင္ဂတ္ကို ေခၚယူဖို႔ ဝက္စ္ဟမ္းအသင္းက စိတ္ဝင္စားေနပါတယ္။
ယူနိုက္တက္အသင္းဟာ နီဗက္ကို ေခၚယူဖို႔ အသင္းရဲ႕ ေရာင္းခ်မယ့္ ကစားသမားေတြကို အရင္ရွင္းထုတ္သြားမွာျဖစ္ၿပီး လင္ဂတ္ကိုသာ ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၂၀သန္းနဲ႕ ေရာင္းခ်ျဖစ္ပါက နီဗက္ကို ေပါင္ ၃၅သန္း ဝန္းက်င္ ေပးေခ်ကာ ေခၚယူဖို႔ အသင့္ ရွိေနေၾကာင္း ဆိုပါတယ္။