Spots news

အာဆင်နယ်ပွဲကို ပူလီဆစ် လွဲချော်မှာဖြစ်ပေမယ့် လူကာကူ၊ ကန်တီနဲ့ ဇီရက်ချ်တို့အသင့်

Unicode

မဟာပြိုင်ဘက် အာဆင်နယ်နဲ့ လန်ဒန်ဒါဘီပွဲစဉ်မတိုင်မီ ချဲလ်ဆီးအသင်းအတွက် ထိုးနှက်ချက်တရပ် ထွက်ပေါ်လာပါတယ်။ ဒါကတော့ အမေရိကန်တောင်ပံကစားသမား ပူလီဆစ် ကိုဗစ်ပေါ့စတစ်ဖြစ်ထားလို့ ပါဝင်ကစားနိုင်မှာ မဟုတ်တာပါပဲ။

အမေရိကန်လက်ရွေးစင် ပူလီဆစ်ဟာ ချဲလ်ဆီးနည်းပြတူချယ်ရဲ့လက်ရုံးတဆူလို့ဆိုနိုင်ပြီး သြဂုတ်လ ၁၆ ရက်က ကိုဗစ်ရှိ၊ မရှိစစ်ဆေးရာမှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိခဲ့တာပါ။

ဒါကြောင့် ချဲလ်ဆီးအသင်းသားတွေနဲ့ လေ့ကျင့်မယ့်အစီအစဉ်ကိုဖျက်သိမ်းကာ ဗြိတိန်အစိုးရကချမှတ်ထားတဲ့ ကိုဗစ်စည်းမျဉ်းအတိုင်း ၁၀ ရက်ခန့် သီးခြားနေထိုင်လျက်ရှိပါတယ်။

ဗီလာရီးရဲလ်ကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရတဲ့ ဥရောပစူပါလိဂ်ပွဲစဉ်မှာ ပင်နယ်တီတဂိုးသွင်းပြီး ဒီဆုဖလားကို ပထမဆုံးရယူနိုင်တဲ့ အမေရိကန်ကစားသမားအဖြစ်

မှတ်တမ်းဝင်ထားတဲ့ ပူလီဆစ်က ကိုဗစ်ကူးစက်ခံထားရပေမယ့် ကျန်းမာရေးကောင်းမွန်ကြောင်း သူ့ရဲ့လူမှုကွန်ရက်ကနေ အသိပေးထားပါတယ်။

ပူလီဆစ် မပါနိုင်တာက တူချယ်အတွက် လက်မောင်းတဖက်ပြုတ်တယ်လို့ဆိုနိုင်ပေမယ့်လည်း အခြားတဖက်မှာလည်း သတင်းကောင်းတခု ရှိနေပြန်ပါတယ်။

ဒဏ်ရာကိုယ်စီကြောင့် ပဲလေ့စ်ကို ၃ ဂိုးပြတ်အနိုင်ရတဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲကို လွဲချော်ခဲ့တဲ့ ကန်တီနဲ့ဇီရက်ချ်တို့ ပြန်သက်သာလာလို့ အသင်းနဲ့အတူ ပြန်လည်ပူးပေါင်းနေတဲ့ သတင်းဖြစ်ပါတယ်။

ပြင်သစ်ကွင်းလယ်လူက ဥရောပစူပါဖလားပွဲမှာ ခြေကျင်းဝတ်ဒဏ်ရာရခဲ့သလို မော်ရိုကိုတောင်ပံကစားသမားဇီရက်ချ်ကလည်း ပခုံးဒဏ်ရာရခဲ့တာပါ။

လက်ရှိမှာတော့ နှစ်ယောက်စလုံး ဒဏ်ရာသက်သာလာတာကြောင့် အသင်းနဲ့အတူ လေ့ကျင့်မှုတွေပြုလုပ်နေပြီး အာဆင်နယ်နဲ့ပွဲမှာ ပါဝင်နိုင်မယ့်အလားအလာ ရှိနေတယ်လို့ တူချယ်က အတည်ပြုပါတယ်။

ပရီးမီးယားလိဂ်အဖွင့်ပွဲမှာ တန်းတက်ဘရန့်ဖို့ဒ်ကို ၂ ဂိုးပြတ်အရေးနိမ့်ထားတဲ့ အာဆင်နယ်ဟာ အမ်းမရိတ်စ်အိမ်ကွင်းပွဲမှာ မိမိတို့အသင်းကို

အကြီးအကျယ် ဒုက္ခပေးနိုင်တာသိပေမယ့်လည်း အနိုင်ကစားနိုင်မယ်လို့ ယုံကြည်ကြောင်းလည်း ဂျာမန်သားက ဆိုပါတယ်။

ဒါ့အပြင် ယမန်နှစ်က ချဲလ်ဆီးကို ဥရောပချန်ပီယံဖြစ်အောင် ဦးဆောင်ခဲ့တဲ့တူချယ်က အာဆင်နယ်နဲ့ပွဲမှာ အင်တာမီလန်က နေ ပေါင် ၉၈ သန်းနဲ့ခေါ်ယူထားတဲ့ ဘယ်လ်ဂျီယံတိုက်စစ်မှူးလူကာကူ ပါဝင်ကစားမယ်လို့လည်း ဖွင့်ဟသွားခဲ့ပါတယ်။

Zawgyi

မဟာၿပိဳင္ဘက္ အာဆင္နယ္နဲ႕ လန္ဒန္ဒါဘီပြဲစဥ္မတိုင္မီ ခ်ဲလ္ဆီးအသင္းအတြက္ ထိုးႏွက္ခ်က္တရပ္ ထြက္ေပၚလာပါတယ္။ ဒါကေတာ့ အေမရိကန္ေတာင္ပံကစားသမား ပူလီဆစ္ ကိုဗစ္ေပါ့စတစ္ျဖစ္ထားလို႔ ပါဝင္ကစားနိုင္မွာ မဟုတ္တာပါပဲ။အေမရိကန္လက္ေ႐ြးစင္ ပူလီဆစ္ဟာ ခ်ဲလ္ဆီးနည္းျပတူခ်ယ္ရဲ႕လက္႐ုံးတဆူလို႔ဆိုနိုင္ၿပီး ၾသဂုတ္လ ၁၆ ရက္က ကိုဗစ္ရွိ၊ မရွိစစ္ေဆးရာမွာ ဗိုင္းရပ္စ္ပိုးေတြ႕ရွိခဲ့တာပါ။ဒါေၾကာင့္ ခ်ဲလ္ဆီးအသင္းသားေတြနဲ႕ ေလ့က်င့္မယ့္အစီအစဥ္ကိုဖ်က္သိမ္းကာ ၿဗိတိန္အစိုးရကခ်မွတ္ထားတဲ့ ကိုဗစ္စည္းမ်ဥ္းအတိုင္း ၁၀ ရက္ခန႔္ သီးျခားေနထိုင္လ်က္ရွိပါတယ္။

ဗီလာရီးရဲလ္ကို ပင္နယ္တီအဆုံးအျဖတ္နဲ႕ အနိုင္ရတဲ့ ဥေရာပစူပါလိဂ္ပြဲစဥ္မွာ ပင္နယ္တီတဂိုးသြင္းၿပီး ဒီဆုဖလားကို ပထမဆုံးရယူနိုင္တဲ့ အေမရိကန္ကစားသမားအျဖစ္မွတ္တမ္းဝင္ထားတဲ့ ပူလီဆစ္က ကိုဗစ္ကူးစက္ခံထားရေပမယ့္ က်န္းမာေရးေကာင္းမြန္ေၾကာင္း သူ႕ရဲ႕လူမႈကြန္ရက္ကေန အသိေပးထားပါတယ္။

ပူလီဆစ္ မပါနိုင္တာက တူခ်ယ္အတြက္ လက္ေမာင္းတဖက္ျပဳတ္တယ္လို႔ဆိုနိုင္ေပမယ့္လည္း အျခားတဖက္မွာလည္း သတင္းေကာင္းတခု ရွိေနျပန္ပါတယ္။ဒဏ္ရာကိုယ္စီေၾကာင့္ ပဲေလ့စ္ကို ၃ ဂိုးျပတ္အနိုင္ရတဲ့ ပရီးမီးယားလိဂ္အဖြင့္ပြဲကို လြဲေခ်ာ္ခဲ့တဲ့ ကန္တီနဲ႕ဇီရက္ခ်္တို႔ ျပန္သက္သာလာလို႔ အသင္းနဲ႕အတူ ျပန္လည္ပူးေပါင္းေနတဲ့ သတင္းျဖစ္ပါတယ္။

ျပင္သစ္ကြင္းလယ္လူက ဥေရာပစူပါဖလားပြဲမွာ ေျခက်င္းဝတ္ဒဏ္ရာရခဲ့သလို ေမာ္ရိုကိုေတာင္ပံကစားသမားဇီရက္ခ်္ကလည္း ပခုံးဒဏ္ရာရခဲ့တာပါ။လက္ရွိမွာေတာ့ ႏွစ္ေယာက္စလုံး ဒဏ္ရာသက္သာလာတာေၾကာင့္ အသင္းနဲ႕အတူ ေလ့က်င့္မႈေတြျပဳလုပ္ေနၿပီး အာဆင္နယ္နဲ႕ပြဲမွာ ပါဝင္နိုင္မယ့္အလားအလာ ရွိေနတယ္လို႔ တူခ်ယ္က အတည္ျပဳပါတယ္။

ပရီးမီးယားလိဂ္အဖြင့္ပြဲမွာ တန္းတက္ဘရန႔္ဖို႔ဒ္ကို ၂ ဂိုးျပတ္အေရးနိမ့္ထားတဲ့ အာဆင္နယ္ဟာ အမ္းမရိတ္စ္အိမ္ကြင္းပြဲမွာ မိမိတို႔အသင္းကိုအႀကီးအက်ယ္ ဒုကၡေပးနိုင္တာသိေပမယ့္လည္း အနိုင္ကစားနိုင္မယ္လို႔ ယုံၾကည္ေၾကာင္းလည္း ဂ်ာမန္သားက ဆိုပါတယ္။ဒါ့အျပင္ ယမန္ႏွစ္က ခ်ဲလ္ဆီးကို ဥေရာပခ်န္ပီယံျဖစ္ေအာင္ ဦးေဆာင္ခဲ့တဲ့တူခ်ယ္က အာဆင္နယ္နဲ႕ပြဲမွာ အင္တာမီလန္က ေန ေပါင္ ၉၈ သန္းနဲ႕ေခၚယူထားတဲ့ ဘယ္လ္ဂ်ီယံတိုက္စစ္မႉးလူကာကူ ပါဝင္ကစားမယ္လို႔လည္း ဖြင့္ဟသြားခဲ့ပါတယ္။