Unicode
လူကာကူဟာ ချဲလ်ဆီးအသင်းမှာ ကျောနံပါတ် ၉ ဂျာစီကို ဝတ်ဆင်ကစားမှာပဲဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းကို ပေါင် ၉၇.၅ သန်းဖြင့် ရောက်ရှိခဲ့သော လူကာကူဝတ်မည့် နံပါတ် ၉ ဂျာစီဟာ ချဲလ်ဆီးဂန္ထဝင် ကစားသမားများဖြစ်သော ဟတ်ဆယ်ဘိန့်နှင့် ဗီယာလီတို့ ဝတ်ဆင်ကစားခဲ့သော နံပါတ်ဖြစ်ပြီး
အသင်းအတွက် များစွာအကျိုးပြုသည့် တိုက်စစ်မှူးများ ဝတ်ဆင်သည့် အစဉ်အလာရှိသော ကျောနံပါတ် ဖြစ်ပါတယ်။ အဆိုပါကျောနံပါတ်ကို ချဲလ်ဆီးမှာအောင်မြင်မှု မရရှိခဲ့သော ခရက်စ်ပို၊ မိုရာတာနှင့် ဟီဂွာအင်တို့ကလည်း ဝတ်ဆင်ခဲ့ပါသေးတယ်။
အသက် ၂၈ နှစ်အရွယ် လူကာကူဟာ သတင်းစာရှင်းလင်းပွဲမှာ “ကျွန်တော် ကျောနံပါတ် ၉ ကို ဝတ်မှာပါ။ အများကြီးကံကောင်းတယ်လို့ ယူဆပါတယ်။ ချဲလ်ဆီးကို ပြန်ရောက်လာတာ သိပ်ကောင်းတယ်လို့ ခံစားရပါတယ်။
ဘောလုံးသမားတစ်ယောက်အနေနဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်ရေး ကြိုးစားရမှာပါ။ အသင်းဖော်တွေနဲ့အတူ ကွင်းထဲ ကစားဖို့ မစောင့်နိုင်လောက်အောင် ဖြစ်နေပါပြီ”ဟု လူကာကူက ပြောဆိုခဲ့ပါတယ်။
ချဲလ်ဆီးသို့ ပြန်လည်မပြောင်းရွှေ့မီ လူကာကူဟာ ဂန္တဝင်တိုက်စစ်မှူး ဒရော့ဘာနှင့် စကားပြောခဲ့ကြောင်း ဒရော့ဘာက ဘာတွေမျှော်လင့်ထားရမည်ကို ပြောဆိုခဲ့ကြောင်း ဖွင့်ဟခဲ့ပါတယ်။ “ဒရော့ဘာက ပြီးခဲ့တဲ့နှစ်ရာသီမှာ ကျွန်တော့်ရဲ့ ကစားသမားဘဝ တိုးတက်လာတာကို ကျေနပ်တယ်လို့ ပြောခဲ့ပါတယ်။
ဒါပေမယ့် ထပ်လုပ်စရာတွေ ရှိသေးတယ်လို့ ဆိုပါတယ်။ ကျွန်တော်က အအောင်မြင်ဆုံး ဖြစ်ချင်ပြီး ဒီအတွက် ခြေစွမ်းတိုးတက်ဖို့လည်း လိုတာပေါ့။ ကျွန်တော်တို့က နေ့တိုင်း စကားပြောဖြစ်ကြပြီး Group Chat လဲရှိပါတယ်။
ပြီးခဲ့တဲ့နှစ်ရာသီမှာ အင်တာက ပျော်စရာကောင်းခဲ့ပါတယ်။ ဒါပေမယ့် ချဲလ်ဆီးမှာ စကစားဖို့ ကျွန်တော် အရမ်းမျှော်လင့်နေပါပြီ”ဟု လူကာကူက ပြောဆိုခဲ့သည်။ ဒရော့ဘာဟာ ချဲလ်ဆီးမှာ ကျောနံပါတ် ၁၁ ကို ဝတ်ဆင်ကစားခဲ့သူ ဖြစ်ပါတယ်။
လူကာကူက တနင်္ဂနွေနေ့တွင် ကစားမည့် အာဆင်နယ်နှင့်ပွဲတွင် ပါဝင်ရန် အဆင်သင့်ဖြစ်နေကြောင်း ပြောဆိုခဲ့ပြီးဘပျော်ရွှင်နေတယ်လို့ဆိုပါတယ်။ လူကာကူဟာ ၂၀၁၁ မှ ၂၀၁၄ အထိ ချဲလ်ဆီးတွင်ပါဝင်ခဲ့ပြီးနောက် ထိထိရောက်ရောက် ခြေစွမ်းမပြနိုင်ဘဲ အဲဗာတန်သို့ ပြောင်းရွှေ့သွားခဲ့တာပါ။
Zawgyi
လူကာကူဟာ ခ်ဲလ္ဆီးအသင္းမွာ ေက်ာနံပါတ္ ၉ ဂ်ာစီကို ဝတ္ဆင္ကစားမွာပဲျဖစ္ပါတယ္။ ခ်ဲလ္ဆီးအသင္းကို ေပါင္ ၉၇.၅ သန္းျဖင့္ ေရာက္ရွိခဲ့ေသာ လူကာကူဝတ္မည့္ နံပါတ္ ၉ ဂ်ာစီဟာ ခ်ဲလ္ဆီးဂႏၳဝင္ ကစားသမားမ်ားျဖစ္ေသာ ဟတ္ဆယ္ဘိန႔္ႏွင့္ ဗီယာလီတို႔ ဝတ္ဆင္ကစားခဲ့ေသာ နံပါတ္ျဖစ္ၿပီး
အသင္းအတြက္ မ်ားစြာအက်ိဳးျပဳသည့္ တိုက္စစ္မႉးမ်ား ဝတ္ဆင္သည့္ အစဥ္အလာရွိေသာ ေက်ာနံပါတ္ ျဖစ္ပါတယ္။ အဆိုပါေက်ာနံပါတ္ကို ခ်ဲလ္ဆီးမွာေအာင္ျမင္မႈ မရရွိခဲ့ေသာ ခရက္စ္ပို၊ မိုရာတာႏွင့္ ဟီဂြာအင္တို႔ကလည္း ဝတ္ဆင္ခဲ့ပါေသးတယ္။
အသက္ ၂၈ ႏွစ္အ႐ြယ္ လူကာကူဟာ သတင္းစာရွင္းလင္းပြဲမွာ “ကြၽန္ေတာ္ ေက်ာနံပါတ္ ၉ ကို ဝတ္မွာပါ။ အမ်ားႀကီးကံေကာင္းတယ္လို႔ ယူဆပါတယ္။ ခ်ဲလ္ဆီးကို ျပန္ေရာက္လာတာ သိပ္ေကာင္းတယ္လို႔ ခံစားရပါတယ္။
ေဘာလုံးသမားတစ္ေယာက္အေနနဲ႕ အိပ္မက္ေတြကို အေကာင္အထည္ေဖာ္နိုင္ေရး ႀကိဳးစားရမွာပါ။ အသင္းေဖာ္ေတြနဲ႕အတူ ကြင္းထဲ ကစားဖို႔ မေစာင့္နိုင္ေလာက္ေအာင္ ျဖစ္ေနပါၿပီ”ဟု လူကာကူက ေျပာဆိုခဲ့ပါတယ္။
ခ်ဲလ္ဆီးသို႔ ျပန္လည္မေျပာင္းေ႐ႊ႕မီ လူကာကူဟာ ဂႏၲဝင္တိုက္စစ္မႉး ဒေရာ့ဘာႏွင့္ စကားေျပာခဲ့ေၾကာင္း ဒေရာ့ဘာက ဘာေတြေမွ်ာ္လင့္ထားရမည္ကို ေျပာဆိုခဲ့ေၾကာင္း ဖြင့္ဟခဲ့ပါတယ္။ “ဒေရာ့ဘာက ၿပီးခဲ့တဲ့ႏွစ္ရာသီမွာ ကြၽန္ေတာ့္ရဲ႕ ကစားသမားဘဝ တိုးတက္လာတာကို ေက်နပ္တယ္လို႔ ေျပာခဲ့ပါတယ္။
ဒါေပမယ့္ ထပ္လုပ္စရာေတြ ရွိေသးတယ္လို႔ ဆိုပါတယ္။ ကြၽန္ေတာ္က အေအာင္ျမင္ဆုံး ျဖစ္ခ်င္ၿပီး ဒီအတြက္ ေျခစြမ္းတိုးတက္ဖို႔လည္း လိုတာေပါ့။ ကြၽန္ေတာ္တို႔က ေန႕တိုင္း စကားေျပာျဖစ္ၾကၿပီး Group Chat လဲရွိပါတယ္။
ၿပီးခဲ့တဲ့ႏွစ္ရာသီမွာ အင္တာက ေပ်ာ္စရာေကာင္းခဲ့ပါတယ္။ ဒါေပမယ့္ ခ်ဲလ္ဆီးမွာ စကစားဖို႔ ကြၽန္ေတာ္ အရမ္းေမွ်ာ္လင့္ေနပါၿပီ”ဟု လူကာကူက ေျပာဆိုခဲ့သည္။ ဒေရာ့ဘာဟာ ခ်ဲလ္ဆီးမွာ ေက်ာနံပါတ္ ၁၁ ကို ဝတ္ဆင္ကစားခဲ့သူ ျဖစ္ပါတယ္။
လူကာကူက တနဂၤေႏြေန႕တြင္ ကစားမည့္ အာဆင္နယ္ႏွင့္ပြဲတြင္ ပါဝင္ရန္ အဆင္သင့္ျဖစ္ေနေၾကာင္း ေျပာဆိုခဲ့ၿပီးဘေပ်ာ္႐ႊင္ေနတယ္လို႔ဆိုပါတယ္။ လူကာကူဟာ ၂၀၁၁ မွ ၂၀၁၄ အထိ ခ်ဲလ္ဆီးတြင္ပါဝင္ခဲ့ၿပီးေနာက္ ထိထိေရာက္ေရာက္ ေျခစြမ္းမျပနိုင္ဘဲ အဲဗာတန္သို႔ ေျပာင္းေ႐ႊ႕သြားခဲ့တာပါ။