Unicode Version
လီဗာပူးအသင်းဟာ အသင်းရဲ့ အဓိက တိုက်စစ်မှူး ဖြစ်တဲ့ အီဂျစ်လက်ရွေးစင် တိုက်စစ်မှူး မိုဟာမက် ဆာလက်ကို အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ အတွက် ဆွေးနွေးမှုတွေ စတင် ပြုလုပ်နေကြောင်း သိရပါတယ် ။
ဆာလက်ဟာ လီဗာပူး အသင်းနဲ့ ၂ နှစ်သက်တမ်းစာချုပ်သာ ကျန်ရှိတော့တာဖြစ်ပြီး လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ဆာလက်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ဥရောပအသင်းကြီးတချို့ဟာ ကမ်းလှမ်းလာဖွယ်ရှိတာကြောင့် လီဗာပူးအသင်းဟာ ဆာလက်ကို ကြိုတင်၍ စာချုပ်သစ် သက်တမ်းဖို့ ပြင်ဆင်လာတာပါ။
လီဗာပူးအသင်းမှာ ဆာလက်ဟာ တပတ်လုပ်ခ ပေါင် ၂သိန်း ရရှိနေတာဖြစ်ပြီး လီဗာပူးအသင်းဟာ ဆာလက်ကို အသင်းရဲ့ စံချိန်တင် လုပ်ခလစာ တရပ်နဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ ကမ်းလှမ်းထားကြောင်း သိရပါတယ်။ ဆာလက်ဟာ လီဗာပူးအသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုဖြစ်ပါက တပတ်လုပ်ခ ပေါင် ၂၅၀၀၀၀ အထိ ရရှိဖို့ ရှိနေကြောင်း ဖော်ပြခဲ့ပါတယ်။
လီဗာပူးအသင်းရဲ့ နည်းပြဖြစ်သူ ကလော့ပ်ကလည်း ဆာလက်ကို စာချုပ်သစ် ချုပ်ဆိုဖို့ ဆွေးနွေးနေကြောင်း အတည်ပြုခဲ့ပါတယ်။ ကလော့ပ်က “စာချုပ်သစ် အတွက် ဆွေးနွေးနေပါတယ်။ စာချုပ်သက်တမ်း ၂နှစ်သာ ကျန်တော့တဲ့ အချိန်မှာ
စာချုပ်သစ် အတွက် ဆွေးနွေးမှုတွေ ရှိနေမယ် ဆိုတာကို ခင်ဗျားတို့ မြင်ယောင်ကြည့်လို့ ရပါတယ်။ အခုချိန်မှာတော့ ဆာလက်က အသင်းနဲ့ ဆက်ဆံရေးကောင်း တခု တည်ဆောက်ထားနိုင်ပြီး အဲ့ဒီလိုပဲ ဆက်ဖြစ်လိမ့်မယ်လို့ ယုံကြည်ထားပါတယ်”လို့ ပြောကြားခဲ့တာပါ။
Zawgyi Version
လီဗာပူးအသင္းဟာ အသင္းရဲ႕ အဓိက တိုက္စစ္မႉး ျဖစ္တဲ့ အီဂ်စ္လက္ေ႐ြးစင္ တိုက္စစ္မႉး မိုဟာမက္ ဆာလက္ကို အသင္းနဲ႕ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔ အတြက္ ေဆြးေႏြးမႈေတြ စတင္ ျပဳလုပ္ေနေၾကာင္း သိရပါတယ္ ။
ဆာလက္ဟာ လီဗာပူး အသင္းနဲ႕ ၂ ႏွစ္သက္တမ္းစာခ်ဳပ္သာ က်န္ရွိေတာ့တာျဖစ္ၿပီး လာမယ့္ ေႏြရာသီ အေျပာင္းအေ႐ႊ႕မွာ ဆာလက္ကို ေခၚယူဖို႔ စိတ္ဝင္စားေနတဲ့ ဥေရာပအသင္းႀကီးတခ်ိဳ႕ဟာ ကမ္းလွမ္းလာဖြယ္ရွိတာေၾကာင့္ လီဗာပူးအသင္းဟာ ဆာလက္ကို ႀကိဳတင္၍ စာခ်ဳပ္သစ္ သက္တမ္းဖို႔ ျပင္ဆင္လာတာပါ။
လီဗာပူးအသင္းမွာ ဆာလက္ဟာ တပတ္လုပ္ခ ေပါင္ ၂သိန္း ရရွိေနတာျဖစ္ၿပီး လီဗာပူးအသင္းဟာ ဆာလက္ကို အသင္းရဲ႕ စံခ်ိန္တင္ လုပ္ခလစာ တရပ္နဲ႕ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔ ကမ္းလွမ္းထားေၾကာင္း သိရပါတယ္။ ဆာလက္ဟာ လီဗာပူးအသင္းနဲ႕ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုျဖစ္ပါက တပတ္လုပ္ခ ေပါင္ ၂၅၀၀၀၀ အထိ ရရွိဖို႔ ရွိေနေၾကာင္း ေဖာ္ျပခဲ့ပါတယ္။
လီဗာပူးအသင္းရဲ႕ နည္းျပျဖစ္သူ ကေလာ့ပ္ကလည္း ဆာလက္ကို စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔ ေဆြးေႏြးေနေၾကာင္း အတည္ျပဳခဲ့ပါတယ္။ ကေလာ့ပ္က “စာခ်ဳပ္သစ္ အတြက္ ေဆြးေႏြးေနပါတယ္။ စာခ်ဳပ္သက္တမ္း ၂ႏွစ္သာ က်န္ေတာ့တဲ့ အခ်ိန္မွာ
စာခ်ဳပ္သစ္ အတြက္ ေဆြးေႏြးမႈေတြ ရွိေနမယ္ ဆိုတာကို ခင္ဗ်ားတို႔ ျမင္ေယာင္ၾကည့္လို႔ ရပါတယ္။ အခုခ်ိန္မွာေတာ့ ဆာလက္က အသင္းနဲ႕ ဆက္ဆံေရးေကာင္း တခု တည္ေဆာက္ထားနိုင္ၿပီး အဲ့ဒီလိုပဲ ဆက္ျဖစ္လိမ့္မယ္လို႔ ယုံၾကည္ထားပါတယ္”လို႔ ေျပာၾကားခဲ့တာပါ။