Spots news

ဆောက်သမ်တန်နဲ့ပွဲမှာ ကစားသမားသစ် ဆန်ချိုနဲ့ဗာရန်းတို့ ပွဲထွက်ခွင့် ရဖို့ရှိနေ

Unicode Version

မန်ချက်စတာယူနိုက်တက်အသင်းဟာ လာမယ့်တနင်္ဂနွေနေ့ကျရင် ပရီးမီးယားလိဂ်ပွဲစဉ်(၂)အဖြစ် ဆောက်သမ်တန်နဲ့အဝေးကွင်းပွဲစဉ်ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး အဲဒီပွဲမှာ ကစားသမားသစ်နှစ်ဦးဖြစ်တဲ့ဆန်ချိုနဲ့ဗာရန်းတို့ ပွဲထွက်ကစားဖို့ရှိတယ်လို့ သူတို့ရဲ့တရားဝင်ဝက်ဘ်ဆိုက်မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့တစ်ပတ်က လိဒ်စ်အသင်းနဲ့ကစားခဲ့တဲ့ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲမှာ (၅-၁)ဂိုးရလဒ်နဲ့အနိုင်ရခဲ့ပြီး အဲဒီပွဲဒုတိယပိုင်းမှာ ဆန်ချိုက လူစားဝင်အဖြစ်ပါဝင်ကစားခဲ့ပေမယ့် ဗာရန်းကတော့ ပွဲမစခင်ပရိသတ်တွေနဲ့မိတ်ဆက်ရုံလောက်သာပြုလုပ်ခဲ့ပါတယ်။

အခု ယူနိုက်တက်အသင်းက သူတို့ဝက်ဘ်ဆိုက်မှာ “ဆန်ချိုဟာ ပြီးခဲ့တဲ့ပွဲတုန်းက လူစားဝင်အဖြစ်ကစားခဲ့ရပြီး လာမယ့်ပွဲကျရင် ပွဲထွက်ကစားသမားအဖြစ်ကစားခွင့်ရအောင် ကြိုးပမ်းနေပါတယ်။

အသင်းနဲ့အတူ လေ့ကျင့်ခန်းတွေပြုလုပ်နေပြီး လိဒ်စ်အသင်းနဲ့ပွဲမတိုင်ခင် ပရိသတ်နဲ့မိတ်ဆက်ခဲ့တဲ့နောက်ခံလူဗာရန်းဟာလည်း ကြားရက်တုန်းက ဘန်လေနဲ့ကစားခဲ့တဲ့ခြေစမ်းပွဲမှာ မပါဝင်ခဲ့ပေမယ့် ဆောက်သမ်တန်နဲ့ပွဲကျရင် ပွဲထွက်ကစားဖို့ရှိနေပါပြီ”လို့ ထုတ်ပြန်ခဲ့ပါတယ်။

ဒါပေမဲ့ manutdtimes ဝက်ဘ်ဆိုက်က ယူနိုက်တက်နည်းပြဆိုးလ်ရှားအနေနဲ့ လိဒ်စ်အသင်းကို အနိုင်ရခဲ့တဲ့ပွဲက လူစာရင်းအတိုင်းပဲ ပွဲထွက်ဖို့ရှိတယ်လို့ သုံးသပ်ခန့်မှန်းခဲ့ပါတယ်။

ဆိုးလ်ရှားဟာ လိဒ်စ်အသင်းနဲ့ပွဲမှာ ပြီးခဲ့တဲ့ရာသီတစ်လျှောက် အမာခံသုံးခဲ့တဲ့ ဒီဂီယာ၊ လုခ်ရှော၊ မက်ဂွိုင်းယား၊ လင်ဒီလော့ဖ်၊ ဘစ်ဆာကာ၊ တွမ်မီနေး၊ ပေ့ါဘာ၊ ဖရက်ဒ်၊ ဘရူနိုဖာနန်ဒက်စ်၊ ဂရင်းဝုဒ်နဲ့ ဒဏ်ရာကြောင့်အနားယူနေရတဲ့ ရပ်ရှ်ဖို့ဒ်အစား ဒန်နီယဲလ်ဂျိမ်းစ်ကို ပွဲထွက်အသုံးပြုခဲ့တာပါ။

ဒါ့အပြင် Evening Standard မီဒီယာကလည်း ယူနိုက်တက်အသင်းဟာ အခုလူစာရင်းနဲ့အသားကျနေပြီဖြစ်လို့ ဆောက်သမ်တန်နဲ့ပွဲမှာ ကစားသမားအပြောင်းအလဲလုပ်ဖို့မရှိတာကြောင့်

ဆန်ချိုနဲ့ဗာရန်းတို့ဟာ ပွဲချိန်ပြည့်ကစားခွင့်ရဖို့ လာမယ့်တစ်ပတ်အထိစောင့်ဆိုင်းရမယ့်အနေအထားရှိတယ်လို့လည်း သုံးသပ်ခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ လာမယ့်တနင်္ဂနွေနေ့ မြန်မာစံတော်ချိန်(၇:၃၀)အချိန်မှာ ဆောက်သမ်တန်အသင်းရဲ့စိန့်မေရီကွင်းမှာ ယှဉ်ပြိုင်ကစားမှာဖြစ်ပြီး မနှစ်ကတော့ (၂)ဂိုးပြတ်ရှုံးနိမ့်နေတာကနေ ကာဗာနီရဲ့ဂိုးတွေနဲ့အတူ (၃-၂)ဂိုးရလဒ်နဲ့ ဆောက်သမ်တန်ကို အနိုင်ရခဲ့ပါတယ်။

Zawgyi Version

မန္ခ်က္စတာယူနိုက္တက္အသင္းဟာ လာမယ့္တနဂၤေႏြေန႕က်ရင္ ပရီးမီးယားလိဂ္ပြဲစဥ္(၂)အျဖစ္ ေဆာက္သမ္တန္နဲ႕အေဝးကြင္းပြဲစဥ္ယွဥ္ၿပိဳင္ကစားရမွာျဖစ္ၿပီး အဲဒီပြဲမွာ ကစားသမားသစ္ႏွစ္ဦးျဖစ္တဲ့ဆန္ခ်ိဳနဲ႕ဗာရန္းတို႔ ပြဲထြက္ကစားဖို႔ရွိတယ္လို႔ သူတို႔ရဲ႕တရားဝင္ဝက္ဘ္ဆိုက္မွာ ထုတ္ျပန္ေၾကညာခဲ့ပါတယ္။

ယူနိုက္တက္အသင္းဟာ ၿပီးခဲ့တဲ့တစ္ပတ္က လိဒ္စ္အသင္းနဲ႕ကစားခဲ့တဲ့ပရီးမီးယားလိဂ္ရာသီအဖြင့္ပြဲမွာ (၅-၁)ဂိုးရလဒ္နဲ႕အနိုင္ရခဲ့ၿပီး အဲဒီပြဲဒုတိယပိုင္းမွာ ဆန္ခ်ိဳက လူစားဝင္အျဖစ္ပါဝင္ကစားခဲ့ေပမယ့္ ဗာရန္းကေတာ့ ပြဲမစခင္ပရိသတ္ေတြနဲ႕မိတ္ဆက္႐ုံေလာက္သာျပဳလုပ္ခဲ့ပါတယ္။

အခု ယူနိုက္တက္အသင္းက သူတို႔ဝက္ဘ္ဆိုက္မွာ “ဆန္ခ်ိဳဟာ ၿပီးခဲ့တဲ့ပြဲတုန္းက လူစားဝင္အျဖစ္ကစားခဲ့ရၿပီး လာမယ့္ပြဲက်ရင္ ပြဲထြက္ကစားသမားအျဖစ္ကစားခြင့္ရေအာင္ ႀကိဳးပမ္းေနပါတယ္။

အသင္းနဲ႕အတူ ေလ့က်င့္ခန္းေတြျပဳလုပ္ေနၿပီး လိဒ္စ္အသင္းနဲ႕ပြဲမတိုင္ခင္ ပရိသတ္နဲ႕မိတ္ဆက္ခဲ့တဲ့ေနာက္ခံလူဗာရန္းဟာလည္း ၾကားရက္တုန္းက ဘန္ေလနဲ႕ကစားခဲ့တဲ့ေျခစမ္းပြဲမွာ မပါဝင္ခဲ့ေပမယ့္ ေဆာက္သမ္တန္နဲ႕ပြဲက်ရင္ ပြဲထြက္ကစားဖို႔ရွိေနပါၿပီ”လို႔ ထုတ္ျပန္ခဲ့ပါတယ္။

ဒါေပမဲ့ manutdtimes ဝက္ဘ္ဆိုက္က ယူနိုက္တက္နည္းျပဆိုးလ္ရွားအေနနဲ႕ လိဒ္စ္အသင္းကို အနိုင္ရခဲ့တဲ့ပြဲက လူစာရင္းအတိုင္းပဲ ပြဲထြက္ဖို႔ရွိတယ္လို႔ သုံးသပ္ခန႔္မွန္းခဲ့ပါတယ္။

ဆိုးလ္ရွားဟာ လိဒ္စ္အသင္းနဲ႕ပြဲမွာ ၿပီးခဲ့တဲ့ရာသီတစ္ေလွ်ာက္ အမာခံသုံးခဲ့တဲ့ ဒီဂီယာ၊ လုခ္ေရွာ၊ မက္ဂြိုင္းယား၊ လင္ဒီေလာ့ဖ္၊ ဘစ္ဆာကာ၊ တြမ္မီေနး၊ ေပ့ါဘာ၊ ဖရက္ဒ္၊ ဘ႐ူနိုဖာနန္ဒက္စ္၊ ဂရင္းဝုဒ္နဲ႕ ဒဏ္ရာေၾကာင့္အနားယူေနရတဲ့ ရပ္ရွ္ဖို႔ဒ္အစား ဒန္နီယဲလ္ဂ်ိမ္းစ္ကို ပြဲထြက္အသုံးျပဳခဲ့တာပါ။

ဒါ့အျပင္ Evening Standard မီဒီယာကလည္း ယူနိုက္တက္အသင္းဟာ အခုလူစာရင္းနဲ႕အသားက်ေနၿပီျဖစ္လို႔ ေဆာက္သမ္တန္နဲ႕ပြဲမွာ ကစားသမားအေျပာင္းအလဲလုပ္ဖို႔မရွိတာေၾကာင့္
ဆန္ခ်ိဳနဲ႕ဗာရန္းတို႔ဟာ ပြဲခ်ိန္ျပည့္ကစားခြင့္ရဖို႔ လာမယ့္တစ္ပတ္အထိေစာင့္ဆိုင္းရမယ့္အေနအထားရွိတယ္လို႔လည္း သုံးသပ္ခဲ့ပါတယ္။

ယူနိုက္တက္အသင္းဟာ လာမယ့္တနဂၤေႏြေန႕ ျမန္မာစံေတာ္ခ်ိန္(၇:၃၀)အခ်ိန္မွာ ေဆာက္သမ္တန္အသင္းရဲ႕စိန႔္ေမရီကြင္းမွာ ယွဥ္ၿပိဳင္ကစားမွာျဖစ္ၿပီး မႏွစ္ကေတာ့ (၂)ဂိုးျပတ္ရႈံးနိမ့္ေနတာကေန ကာဗာနီရဲ႕ဂိုးေတြနဲ႕အတူ (၃-၂)ဂိုးရလဒ္နဲ႕ ေဆာက္သမ္တန္ကို အနိုင္ရခဲ့ပါတယ္။