Spots news

ကာဗာနီထွက်ခွာသွားရင် အစားထိုးဖို့ မန်ယူခေါ်ယူမယ့် ထိပ်သီးတိုက်စစ်မှူး ၄ ဦး

Unicode Version

သရဲနီတို့ရဲ့ အထောင်တိုက်စစ်မှူးကြီး ကာဗာနီကတော့ ယူနိုက်တက်နဲ့ ကျန်ရှိနေတဲ့ သက်တမ်း တစ်နှစ် ပြီးခဲ့ရင် ထွက်ခွာမယ့်သဘောရှိပါတယ်။ သူ့အသက်အရွယ်ပိုင်းအရ အနားယူသွားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

ဒီလိုတွေကြောင့် ယူနိုက်တက်ကတော့ တိုက်စစ်မှူးအသစ်ရှာပုံတော် ဖွင့်ရတော့မှာပါ။ လက်ရှိမှာတော့ တိုက်စစ်မှူးလိုအပ်ချက်မရှိသေးပေမယ့် နောက်ရာသီမှာတော့ စိတ်၀င်စားဖို့ အထူးကောင်းလာမှာပါ။ ယူနိုက်တက်ရယ့် အနာဂတ်တိုက်စစ်မှုးကတော့ ရင်ခုန်စရာကောင်းအုံးမှာပါ။

အမ်ဘာပေ

တိုက်စစ်မှူး အမ်ဘာပေကတော့ ရီးရဲလ်နဲ့ သတင်းတွေရှိနေပေမယ့် ဘန်ဇီမာကို သက်တမ်းတိုးထားတဲ့ ရီးရဲလ်အဖို့ စဉ်းစားအုံးမှာပါ။ ဘာပေကတော့ PSGကနေ ထွက်ခွာနိုင်တယ်ဆိုတဲ့ သတင်းတွေက ကြီးနေတဲ့အတွက် ယူနိုက်တက်တို့က မျှော်လင့်လို့ ရပါတယ်။

ဟယ်ရီကိန်း

အင်္ဂလန်တိုက်စစ်မှူး တစ်ဦးဖြစ်တာကြောင့် ယူနိုက်တက်အတွက် အထူးအသုံးတည့်မှာပါ။ စပါးနဲ့ဟယ်ရီကိန်းတို့ အကြားမှာ အကန့်လေးတွေရှိနေတဲ့အတွက် ထွက်ခွာမယ်လို့ သတင်း‌ကြီးနေပါတယ်။ ဒီရာသီမှာတော့ ဂရင်းလစ်ရှ်ကို ခေါ်ယူခဲ့လို့ မန်စီးတီးအ‌ နေနဲ့ မခေါ်ယူတော့ပါဘူး။ ဒါပေမယ့် နောက်ရာသီမှာတော့ သူတို့နှင့်အပြိုင် ယူနိုက်တက်တို့ လုရအုံးမှာပါ။

မာတီနက်စ်

အင်တာမီလန်မှာ ခြေစွမ်းပြထားသူဖြစ်တဲ့အပြင် လူကာကူကို ရောင်းထားတဲ့ အင်တာအနေနဲ့ကတော့ မာတီနက်စ်ကို ဆက်လက်ထိန်းထားအုံးမယ့် သဘောပါ။ သူတို့လိုချင်တဲ့ မာရှယ်တို့လို့ ကစားသမားမျိုးကို အလိုက်ပေးပြီး ခေါ်ယူခဲ့ရင်တော့ ယူနိုက်တက်တို့ မျှော်လင့်နိုင်ပါသေးတယ်။

ဟာလန်း

သူကတော့ ထူးထူးခြားခြားပြောစရာမရှိပါဘူး။ ဒေါ့မွန်အနေနဲ့ကတော့ ကြိုက်ကြေးရရင်ရောင်းမယ့်အပြင် ဆိုးရှားလ်နဲ့လည်း အဆင်ပြေ‌မယ့် ဆရာတပည့် ဆက်ဆံရေးမျိုးလို့ ပြောလို့ရပါတယ်။ ခြေစွမ်းကတော့ အထူးကောင်းမွန်တဲ့အတွက် အသုံး၀င်မယ့် တိုက်စစ်မှူး တစ်ယောက်ပါ။

Zawgyi Version



အမ်ဘာပေ


ဟယ်ရီကိန်း


မာတီနက်စ်


ဟာလန်း
