Spots news

ပေါ့ဘာကို မြင့်မားတဲ့ လုပ်ခလစာနဲ့ ကာလရှည်စာချုပ်ဖြင့် ယူနိုက်တက်ကမ်းလှမ်း

Unicode Version

မန်ချက်စတာ ယူနိုက်အသင်းဟာ အသင်းရဲ့ အဓိက ကစားသမားဖြစ်တဲ့ ပြင်သစ်လက်ရွေးစင်  ကွင်းလယ် ကစားသမား ပေါ့ဘာကို တစ်ပတ်လုပ်ခလစာ ပေါင် ၄၀၀၀၀၀ အထိ တိုးမြှင့်ပေးပြီး စာချုပ်သစ် ချုပ်ဆိုဖို့ ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရပါတယ်။

ကွင်းလယ်လူ ပေါ့ဘာဟာ လက်ရှိအချိန်မှာ ယူနိုက်တက်အသင်းဆီက တစ်ပတ် လုပ်ခလစာ ပေါင် ၂၉၀၀၀၀ ရရှိနေသူဖြစ်ပြီး စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ပေါ့ဘာကို ယူနိုက်တက် အသင်းက ပေါင် ၃၅၀၀၀၀ ဖြင့် စာချုပ်သစ် သက်တမ်းတိုးရန် ကမ်းလှမ်းမှုကို ငြင်းပယ်ထားပါတယ်။

ထို့ ကြောင့် စာချုပ်သက်တမ်းတစ်နှစ်သာ ကျန်ရှိတော့တဲ့ ပေါ့ဘာကို လာမယ့် နွေရာသီ အပြောင်းအရွေ့ကာလမှာ ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ထွက်ခွာခွင့် ပြုရဖွယ်ရှိနေပြီး ပေါ့ဘာကို ခေါ်ယူရန် PSG နှင့် ရီးရဲလ်တို့က အပြိုင် စိတ်‌ဝင်စားနေပါတယ်။

PSG အသင်းက ပေါ့ဘာကို တစ်ပတ်လုပ်ခ လစာ ပေါင် ၆၀၀၀၀၀ အထိပေးချေရန် အသင့်ရှိနေသည်ဟုလည်း သတင်းများထွက်ပေါ်နေတဲ့အတွက် ယူနိုက်တက်အသင်းဘက် လစာတိုးမြှင့်ပေးပြီး စာချုပ်သစ် ချုပ်ဆိုရန် စီစဉ်လာခြင်းဖြစ်ကြောင်းလည်း သိရပါတယ်။

ယူနိုက်တပ်အသင်းဟာ ပေါ့ဘာကို ၅ နှစ် စာချုပ်ချုပ်ဆိုသွားရန် စီစဉ်ထားကြောင်းလည်း The Athletic သတင်းစာက ဖော်ပြခဲ့ပါတယ်။ လက်ရှိ ယူနိုက်တက်မှာ လစာအများဆုံးရရှိနေသူမှာ ဂိုးသမား ဒီဂီယာဖြစ်ပြီး တစ်ပတ်ပေါင် ၃၇၅၀၀၀ ရရှိနေသလို၊ ကစားသမားသစ် ဆန်ချိုမှာလည်း တစ်ပတ်ပေါင် ၃၀၀၀၀၀ ရရှိနေပါတယ်။

Zawgyi Version

မန္ခ်က္စတာ ယူနိုက္အသင္းဟာ အသင္းရဲ႕ အဓိက ကစားသမားျဖစ္တဲ့ ျပင္သစ္လက္ေ႐ြးစင္  ကြင္းလယ္ ကစားသမား ေပါ့ဘာကို တစ္ပတ္လုပ္ခလစာ ေပါင္ ၄၀၀၀၀၀ အထိ တိုးျမႇင့္ေပးၿပီး စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔ ေဆြးေႏြးမႈမ်ား ျပဳလုပ္လ်က္ရွိေၾကာင္း သိရပါတယ္။

ကြင္းလယ္လူ ေပါ့ဘာဟာ လက္ရွိအခ်ိန္မွာ ယူနိုက္တက္အသင္းဆီက တစ္ပတ္ လုပ္ခလစာ ေပါင္ ၂၉၀၀၀၀ ရရွိေနသူျဖစ္ၿပီး စာခ်ဳပ္သက္တမ္း ကုန္ဆုံးေတာ့မယ့္ ေပါ့ဘာကို ယူနိုက္တက္ အသင္းက ေပါင္ ၃၅၀၀၀၀ ျဖင့္ စာခ်ဳပ္သစ္ သက္တမ္းတိုးရန္ ကမ္းလွမ္းမႈကို ျငင္းပယ္ထားပါတယ္။

ထို႔ ေၾကာင့္ စာခ်ဳပ္သက္တမ္းတစ္ႏွစ္သာ က်န္ရွိေတာ့တဲ့ ေပါ့ဘာကို လာမယ့္ ေႏြရာသီ အေျပာင္းအေ႐ြ႕ကာလမွာ ေျပာင္းေ႐ႊ႕ေၾကးအလြတ္ျဖင့္ ထြက္ခြာခြင့္ ျပဳရဖြယ္ရွိေနၿပီး ေပါ့ဘာကို ေခၚယူရန္ PSG ႏွင့္ ရီးရဲလ္တို႔က အၿပိဳင္ စိတ္‌ဝင္စားေနပါတယ္။

PSG အသင္းက ေပါ့ဘာကို တစ္ပတ္လုပ္ခ လစာ ေပါင္ ၆၀၀၀၀၀ အထိေပးေခ်ရန္ အသင့္ရွိေနသည္ဟုလည္း သတင္းမ်ားထြက္ေပၚေနတဲ့အတြက္ ယူနိုက္တက္အသင္းဘက္ လစာတိုးျမႇင့္ေပးၿပီး စာခ်ဳပ္သစ္ ခ်ဳပ္ဆိုရန္ စီစဥ္လာျခင္းျဖစ္ေၾကာင္းလည္း သိရပါတယ္။

ယူနိုက္တပ္အသင္းဟာ ေပါ့ဘာကို ၅ ႏွစ္ စာခ်ဳပ္ခ်ဳပ္ဆိုသြားရန္ စီစဥ္ထားေၾကာင္းလည္း The Athletic သတင္းစာက ေဖာ္ျပခဲ့ပါတယ္။ လက္ရွိ ယူနိုက္တက္မွာ လစာအမ်ားဆုံးရရွိေနသူမွာ ဂိုးသမား ဒီဂီယာျဖစ္ၿပီး တစ္ပတ္ေပါင္ ၃၇၅၀၀၀ ရရွိေနသလို၊ ကစားသမားသစ္ ဆန္ခ်ိဳမွာလည္း တစ္ပတ္ေပါင္ ၃၀၀၀၀၀ ရရွိေနပါတယ္။