Spots news

ယူနိုက််တက်လူငယ် ဂါနာကို တရာသီအငှားနဲ့ ခေါ်ယူမယ့် ဒါဘီနည်းပြ ရွန်းနီ

Unicode Version

ယူနိုက်တက်အသင်းနဲ့ အင်္ဂလန်အသင်းတို့ရဲ့ ဂန္တဝင် ကစားသမား တဦး ဖြစ်တဲ့ ဒါဘီအသင်းရဲ့ နည်းပြ ဝိန်းရွန်းနီဟာ အသင်းဟောင်း မန်ယူနိုက်တက် အသင်းရဲ့ လူငယ် ကွင်းလယ်လူ ဂျိမ်းစ်ဂါနာကို တရာသီအငှားနဲ့ ခေါ်ယူဖို့ ကမ်းလှမ်းထားကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ ဘောလုံးရာသီက ဒါဘီအသင်းကို တန်းမဆင်းရအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီး အသင်းရဲ့ အမြဲတမ်းနည်းပြ အဖြစ် ခန့်အပ်ခံထားရတဲ့ ဝိန်းရွန်းနီဟာ ယခုနှစ် ဘောလုံးရာသီမှာလည်း ဒါဘီအသင်းကို ချန်ပီယံရှစ်ပြိုင်ပွဲမှာ ရှင်သန်နိုင်အောင် ကြိုးစားပေးဖို့ တာဝန်ရှိနေသူပါ။

သို့ပေမယ့် အသင်းရဲ့ ဘဏ္ဍာရေး အခြေအနေဟာ အတော်လေးကို ဆိုးဝါးနေပြီး အဓိက ကစားသမား တချို့ကို လက်လွှတ်ထားရသလို ကစားသမားသစ် ခေါ်ယူဖို့ ငွေကြေး မတတ်နိုင်တာကြောင့် အသင်းကြီးတွေရဲ့ အလားအလာ ကောင်းတဲ့ လူငယ်တွေကို အငှားနဲ့ ခေါ်ယူဖို့ ကြိုးစားနေရပါတယ်။

ဝိန်းရွန်းနီဟာ ယူနိုက်တက် ကနေ အငှား ထွက်ကစားမယ့် လူငယ်ကစားသမား ဂျိမ်းစ်ဂါနာကို အငှားနဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေသလို ကမ်းလှမ်းမှုတွေလည်း ပြုလုပ်ထားပြီး ဂါနာ တယောက် ဒါဘီအသင်းဆီ ပြောင်းလာအောင် သူကိုယ်တိုင် စည်းရုံးမှုတွေလည်း ပြုလုပ်နေပါတယ်။

အသက် ၂၀ အရွယ် ကွင်းလယ်လူ ဂါနာဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ နော်တင်ဟမ်အသင်းထံ တရာသီ အငှားနဲ့ သွားရောက် ကစားကာ ခြေစွမ်းကောင်းတွေ ထုတ်ပြနိုင်ခဲ့တာကြောင့် ဝိန်းရွန်းနီက သူ့ရဲ့အသင်း အတွက် ဂါနာကို ခေါ်ယူဖို့ ကြိုးစားနေတာလည်း ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းကလည်း အသင်းရဲ့ သမိုင်းတလျှောက် ဂိုးသွင်းအများဆုံး ကစားသမား ဖြစ်သူ ဝိန်းရွန်းနီကို ကူညီပေးဖို့ အဆင်သင့် ရှိနေပြီး ဒါဘီအသင်းထံ ပြောင်းရွှေ့ ကစားဖို့ ဂါနာကို တိုက်တွန်းမှုတွေ ပြုလုပ်နေကြောင်း မန်ချက်စတာ ညနေခင်း သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

Zawgyi Version

ယူနိုက္တက္အသင္းနဲ႕ အဂၤလန္အသင္းတို႔ရဲ႕ ဂႏၲဝင္ ကစားသမား တဦး ျဖစ္တဲ့ ဒါဘီအသင္းရဲ႕ နည္းျပ ဝိန္း႐ြန္းနီဟာ အသင္းေဟာင္း မန္ယူနိုက္တက္ အသင္းရဲ႕ လူငယ္ ကြင္းလယ္လူ ဂ်ိမ္းစ္ဂါနာကို တရာသီအငွားနဲ႕ ေခၚယူဖို႔ ကမ္းလွမ္းထားေၾကာင္း သိရပါတယ္။

ၿပီးခဲ့တဲ့ ေဘာလုံးရာသီက ဒါဘီအသင္းကို တန္းမဆင္းရေအာင္ စြမ္းေဆာင္ေပးနိုင္ခဲ့ၿပီး အသင္းရဲ႕ အၿမဲတမ္းနည္းျပ အျဖစ္ ခန႔္အပ္ခံထားရတဲ့ ဝိန္း႐ြန္းနီဟာ ယခုႏွစ္ ေဘာလုံးရာသီမွာလည္း ဒါဘီအသင္းကို ခ်န္ပီယံရွစ္ၿပိဳင္ပြဲမွာ ရွင္သန္နိုင္ေအာင္ ႀကိဳးစားေပးဖို႔ တာဝန္ရွိေနသူပါ။

သို႔ေပမယ့္ အသင္းရဲ႕ ဘ႑ာေရး အေျခအေနဟာ အေတာ္ေလးကို ဆိုးဝါးေနၿပီး အဓိက ကစားသမား တခ်ိဳ႕ကို လက္လႊတ္ထားရသလို ကစားသမားသစ္ ေခၚယူဖို႔ ေငြေၾကး မတတ္နိုင္တာေၾကာင့္ အသင္းႀကီးေတြရဲ႕ အလားအလာ ေကာင္းတဲ့ လူငယ္ေတြကို အငွားနဲ႕ ေခၚယူဖို႔ ႀကိဳးစားေနရပါတယ္။

ဝိန္း႐ြန္းနီဟာ ယူနိုက္တက္ ကေန အငွား ထြက္ကစားမယ့္ လူငယ္ကစားသမား ဂ်ိမ္းစ္ဂါနာကို အငွားနဲ႕ ေခၚယူဖို႔ စိတ္ဝင္စားေနသလို ကမ္းလွမ္းမႈေတြလည္း ျပဳလုပ္ထားၿပီး ဂါနာ တေယာက္ ဒါဘီအသင္းဆီ ေျပာင္းလာေအာင္ သူကိုယ္တိုင္ စည္း႐ုံးမႈေတြလည္း ျပဳလုပ္ေနပါတယ္။

အသက္ ၂၀ အ႐ြယ္ ကြင္းလယ္လူ ဂါနာဟာ ၿပီးခဲ့တဲ့ ေဘာလုံးရာသီမွာ ေနာ္တင္ဟမ္အသင္းထံ တရာသီ အငွားနဲ႕ သြားေရာက္ ကစားကာ ေျခစြမ္းေကာင္းေတြ ထုတ္ျပနိုင္ခဲ့တာေၾကာင့္ ဝိန္း႐ြန္းနီက သူ႕ရဲ႕အသင္း အတြက္ ဂါနာကို ေခၚယူဖို႔ ႀကိဳးစားေနတာလည္း ျဖစ္ပါတယ္။

ယူနိုက္တက္အသင္းကလည္း အသင္းရဲ႕ သမိုင္းတေလွ်ာက္ ဂိုးသြင္းအမ်ားဆုံး ကစားသမား ျဖစ္သူ ဝိန္း႐ြန္းနီကို ကူညီေပးဖို႔ အဆင္သင့္ ရွိေနၿပီး ဒါဘီအသင္းထံ ေျပာင္းေ႐ႊ႕ ကစားဖို႔ ဂါနာကို တိုက္တြန္းမႈေတြ ျပဳလုပ္ေနေၾကာင္း မန္ခ်က္စတာ ညေနခင္း သတင္းဌာနက ေဖာ္ျပခဲ့ပါတယ္။